ENWHO LET HIM SELL PRODUCTS? THIS LIVESTREAMER IS GETTING INCREASINGLY RUTHLESS
လုရီ..တစ်ယောက် ..
အပြိုင်ကမ္ဘာတစ်ခုဆီသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီးမှ ခါးသီးလှသော လက်တွေ့ဘဝ၏ ရိုက်ချက်ကြောင့် ဒူးထောက်ခဲ့ရလေသည်။
ထိုစဉ်မှာပင် ကံကြမ္မာ၏ အလှည့်အပြောင်းအဖြစ် စူပါအကြမ်းစား ဈေးရောင်းစနစ် ကို ရရှိခဲ့လေသည်။
စနစ်က ပေးအပ်သည့် ဈေးရောင်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရုံမျှဖြင့် စွမ်းရည် ဆုလာဘ်များကို ဆွတ်ခူးရရှိနိုင်မည်ဖြစ်ရာ.. ထိုညတွင်ပင် အင်တာနက်တစ်ခွင်သို့ ထူးဆန်းထွေလာ လိုက်ဖ်စထွင်းတစ်ခု စတင်လာခဲ့တော့သည်
မိုးသည်းထန်စွာ ရွာသွန်းနေသော စိုစွတ်စိမ့်အေးသည့် ညတစ်ည… ဖုန်းစခရင်သေးသေးလေးတစ်ခု အလင်းရောင်က မှိတ်တုတ် မှိတ်တုတ် ဖြစ်နေလေသည်။
မိုးကာအင်္ကျီအနက်ရောင်ကို ခြုံလွှမ်းထားသော အမျိုးသားတစ်ဦးသည် လေပြင်းများ တိုက်ခတ်နေသည့် မိုးသည်းထန်စွာရွာသွန်းနေသော သန်းခေါင်ယံအချိန် တောင်ပေါ်တွင် မြေကျင်းကို အသည်းအသန် တူးဆွနေသည်။
ထို့နောက် လူတစ်ယောက်စာမက ကြီးမားလှသည့် အနက်ရောင်အိတ်ကြီးကို ထိုကျင်းထဲသို့ ခက်ခက်ခဲခဲ တွန်းထည့်နေသည့် ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ အင်တာနက်တစ်ခွင်မှ ကြည့်ရှုသူ ထောင်ပေါင်းများစွာမှာ စိမ့်ခနဲ ဦးရေပြားများ ထုံကျင်သွားကြပြီး ရဲစခန်းဆီသို့ ပြိုင်တူ ဖုန်းဆက်တိုင်ကြားကြတော့သည်။
လုရီက ဖုန်းကင်မရာကို စိုက်ကြည့်ရင်း..
"ဘော်ဒါတို့ရေ... ဒီအိတ်က ပေါင် ၃၀၀ မက ထည့်နိုင်ပါတယ်..."
"အလင်းလုံးဝ မပေါက်ပါဘူး... အထဲမှာ ဘာပဲထည့်ထည့် အပြင်ကလူတွေ လုံးဝ မြင်ရမှာမဟုတ်သလို.. အနံ့အသက်လည်း လုံးဝ အပြင်မထွက်စေရဘူးလို့ အာမခံပါတယ်…ဒီအိတ်ကို သုံးတာနဲ့တင် သင့်အတွက် ရာနှုန်းပြည့် သန့်ရှင်းမှုကို ရရှိသွားမှာပါ..."
သို့သော် ကြည့်ရှုသူပရိသတ်များ၏ မျက်လုံးထဲတွင်မူ စခရင်ပေါ်မှ မြင်ကွင်းမှာ ဈေးရောင်းပွဲတစ်ခုနှင့် မတူဘဲ သွေးပျက်စရာ ရာဇဝတ်မှုတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
{{လိမ်မနေပါနဲ့တော့ကွာ... မင်းရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပုံစံက တကယ့်ကို ဆရာကျလွန်းနေပြီ... ပိုရှင်းပြလေ ပိုပြီး ရာဇဝတ်ကဘေးပြေးနေတဲ့ လူနဲ့တူလေပဲ}}
{{ဘယ်အရူးကများ သန်းခေါင်ယံကြီးမှာ အိတ်မဲကြီး ဆွဲပြီး တောင်ပေါ်တက်သွားမှာလဲကွ... မင်း သွားရောက်အဖမ်းခံလိုက်တာ ပိုကောင်းမယ်.. ခုချိန် အပြင်မှာ မင်းကို ဖမ်းဖို့ ရဲတွေ လာနေပြီ..." }}
လုယဲ့လည်း ပရိသတ်၏ တုံ့ပြန်မှုကြောင့် ပြာပြာသလဲ အသည်းအသန် ရှင်းပြလိုက်ရသည်
{{အားလုံးပဲ နားလည်မှု မလွဲကြပါနဲ့ဦး... ဒါတွေအကုန်လုံးက ..သရုပ်ဆောင်နေတာပါ.. ကျွန်တော်က ပစ္စည်းလေး ရောင်းချင်ရုံ သက်သက်ပါ... ကျွန်တော်က တကယ့်ကို ဥပဒေလေးစားလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါ…}}
သို့သော်လည်း ကြောက်လန့်တကြားဖြစ်နေသည့် ကြည့်ရှုသူများကမူ သူ၏ ရှင်းပြချက်များကို လုံးဝ နားမထောင်ကြတော့ချေ။
ဝိုင်းဝန်းပြောဆိုကြရင်း အွန်လိုင်းလောကတစ်ခုလုံး ရူးသွပ်မတတ် ပွက်ပွက်ရိုက်သွားခဲ့ပါတော့သည်။