Lazy Nerds
Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Romance
1 chapters
233 views
Updated Jun 01, 2026
ပန်းတွေဝေနေတဲ့မုန်တိုင်း
EN
Where Flowers Brave the Storm
4.7
3 reviews
nine ရဲ့ ကိုယ်တိုင်ရေး စာစဥ်လေးဖြစ်ပါတယ်ခင်ဗျ
စာရေးသူ:
nine
"အချစ်ဆိုတာ နေနဲ့လမှာ ပန်းဘာသာနဲ့ရေးထိုးထားတဲ့ အလျှို့ဝှက်ဆုံးအက္ခရာပဲ..." ကျောင်းခေါင်းလောင်းသံတွေနဲ့အတူ ဇွန်လရဲ့ မိုးစက်တွေအောက်မှာ စတင်သက်ဝင်လာတဲ့ အထက်တန်းကျောင်းတော်ကြီး။ အဲ့ဒီကျောင်းတော်ကြီးရဲ့ အခန်းတစ်ခန်းထဲကို နတ်သက်ကြွေလာတဲ့ နတ်သမီးတစ်ပါးလိုမျိုး၊ ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့ပါတယ်။ သူကတော့ ဘဝရဲ့ အသက်ရှင်သန်သမျှ ကာလပတ်လုံး ဖတ်ရှုလို့ မကုန်နိုင်တော့မယ့် အက္ခရာတွေကို သယ်ဆောင်လာခဲ့တဲ့ "သွန်းမြူ" ပါပဲ။ ဇာတ်လိုက်ဖြစ်သူ လင်းခင် တစ်ယောက် သွန်းမြူရဲ့ အလှအပနဲ့ ဆွဲငင်မှုအောက်မှာ မေတ္တာအလံဖြူကို လျင်မြန်စွာ လွှင့်ထူမိခဲ့ပြီးနောက်၊ သူ့ရဲ့ အရိုးခံဆန်လှတဲ့ နှလုံးသားဟာလည်း ထိုမိန်းကလေးအပေါ် ကိုးကွယ်ရာ ဘာသာတရားတစ်ခုလို အမြစ်တွယ် သစ္စာဆိုမိသွားခဲ့တယ်။ စာမေးပွဲခန်းထဲက ပေတံလေးနှစ်ခြမ်း၊ ချိုမြိန်လှတဲ့ ပုဇွန်ဆီရောင် ညနေခင်းတွေနဲ့အတူ သူတို့နှစ်ယောက်ကြားမှာ ရိုးရှင်းပြီး နက်ရှိုင်းတဲ့ သံယောဇဉ်တစ်ခုဟာ တရွေ့ရွေ့ အသက်ဝင်လာခဲ့ပါတယ်။ ဒါပေမယ့်... အချစ်ဆိုတာ အမြဲတမ်း ပန်းခင်းလမ်းတော့ မဟုတ်ခဲ့ပါဘူး။ သွန်းမြူဆီကို လျှောက်လှမ်းရမည့် လမ်းခရီးမှာ အကိုင်းအခက်တွေလို ဖြာဝေနေတဲ့ အခက်အခဲတွေ၊ ရပ်ကွက်ထဲက ရန်ငြိုးဟောင်းတွေနဲ့ အတိတ်က ပုစ္ဆာတွေဟာ မုန်တိုင်းတစ်ခုလို ဆီးကြိုနေခဲ့ပါတယ်။ သူငယ်ချင်းတွေဖြစ်တဲ့ ရကောက်၊ ဇွန်ဂျူလိုင်၊ ယောယံတို့ရဲ့ အချစ်၊ အမုန်း၊ သံယောဇဉ်တွေကြားမှာ လင်းခင်တစ်ယောက် သွန်းမြူအပေါ် ထားရှိတဲ့ သူ့ရဲ့ အဆုံးစွန်သော မေတ္တာတရားတွေကို ဘယ်လိုသက်သေပြသွားမလဲ။ နတ်သခင်တွေ ဖန်ဆင်းထားသလား အောက်မေ့ရမဲ့ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ နွေဦးလေပြေနဲ့အတူ အေးချမ်းစွာ ရောက်ရှိလာမလား၊ ဒါမှမဟုတ် နှလုံးသားကို အပိုင်းပိုင်းအစစ ဖြစ်စေမယ့် လေနီကြမ်း မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားမလား ဆိုတာကိုတော့...။
စာစဖတ်မယ်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
1 / 1 ခု
အတွဲ 1 (အခန်း 1–1)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်