Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
Warlock of the Magus World | Lazy Nerds
စာစဉ်
Fantasy
Action
Adventure
Mystery
Supernatural
Transmigration
ထွက်ရှိဆဲ
60 chapters
1,260 views
Updated Sep 23, 2026
မှော်ကမ္ဘာမှသွေးမျိုးဆက်သခင်လေလင်
EN
Warlock of the Magus World
ဘာသာပြန်သူ:
Lam
May 18, 2026
သိပ္ပံပညာရှင်တစ်ယောက် အမည်မသိမှော်ကမ္ဘာတစ်ခုထဲကို ဝိညာဉ်ကူးပြောင်းပြီး ပြန်လည်မွေးဖွားလာခဲ့ရင် ဘာတွေဖြစ်လာမလဲ? လေလင်ဆိုတဲ့ ထက်မြက်လွန်းတဲ့ ကမ္ဘာမြေက ပညာရှင်ဟာ ဆန်းကြယ်လှတဲ့ စုန်းကဝေတွေ စိုးမိုးရာ ကမ္ဘာသစ်ထဲကို ရောက်ရှိသွားတဲ့အခါ... တခြားသူတွေလို ပါရမီ သို့မဟုတ် ကံကြမ္မာကို အားကိုးမနေခဲ့ပါဘူး။ သူ့ရဲ့ ဦးနှောက်ထဲမှာ အတူပါလာတဲ့ ကမ္ဘာမြေရဲ့ အဆင့်မြင့်ဆုံး "AI Chip" (ဉာဏ်ရည်တုချစ်ပ်) ကို အသုံးပြုပြီး တွက်ချက်မှုတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ပဲ ကမ္ဘာသစ်ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ.. ဒီကမ္ဘာမှာ မှော်ပညာဆိုတာ အပေါ်ယံ အလှအပတွေ မဟုတ်ဘူး။ သွေးအေးတဲ့ အန္တရာယ်တွေ၊ ရက်စက်တဲ့ လုပ်ကြံမှုတွေနဲ့ အချင်းချင်း လှည့်စားသတ်ဖြတ်မှုတွေ ပြည့်နှက်နေတဲ့ နေရာတစ်ခု။ "တရားမျှတမှု" နဲ့ "ကရုဏာ" ဆိုတာ သေလူတွေအတွက်ပဲ ဖြစ်တည်ပြီး၊ ရှင်သန်ခြင်းအတွက်ကတော့ "အာဏာ" နဲ့ "စွမ်းအား" ကသာ တစ်ခုတည်းသော အမှန်တရားဖြစ်ကြောင်း လေလင် ကောင်းကောင်းကြီး နားလည်ထားတယ်။ သူ့အမြင်မှာတော့ အစွမ်းထက်လှတဲ့ စုန်းကဝေပညာရပ်တွေဟာ စနစ်တကျ တွက်ချက်ရမယ့် သိပ္ပံပညာရပ်တစ်ခုသာ ဖြစ်ပြီး၊ ထူးဆန်းတဲ့ သွေးမျိုးဆက်တွေဟာလည်း အသုံးချရမယ့် ဓာတ်ခွဲခန်းထဲက ဆေးရည်တွေသာ ဖြစ်တယ်။ သူငယ်ချင်း သံယောဇဉ်တွေ၊ ရိုးအီနေတဲ့ ဇာတ်လိုက်မင်းသား အမူအရာတွေကို ဘေးဖယ်ထားလိုက်ပါ။ ကမ္ဘာမြေက သိပ္ပံပညာရှင်တစ်ယောက်က သူ့ရဲ့ အေးစက်လှတဲ့ နည်းပညာတွေ၊ ရက်စက်ပြီး ပြတ်သားတဲ့ အကွက်တွေနဲ့ မှော်ကမ္ဘာကြီးရဲ့ ထိပ်ဆုံးဆီကို ဘယ်လိုမျိုး တက်လှမ်းသွားမလဲဆိုတာ...။ ရှေးဟောင်း သွေးမျိုးဆက်တွေရဲ့ လျှို့ဝှက်ချက်၊ နတ်ဘုရားတွေကို စိန်ခေါ်မယ့် အစီအမံတွေနဲ့ ထာဝရအသက်ကို ရှာဖွေမယ့် လေလင်ရဲ့ သွေးအေးအကွက်ကျကျ ခရီးစဉ်ကြီးကို စတင်ခံစားလိုက်ရအောင်.....
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
60 / 60 ခု
အတွဲ 1 (အခန်း 1–20)
အတွဲ 2 (အခန်း 21–40)
အတွဲ 3 (အခန်း 41–60)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်
4.3
9 reviews