ENvillain-caught-my-shizun-s-secret-identity-the-rebellious-disciple-is-overjoyed
“ငါ့ရဲ့ဆရာက ယောင်္ကျားလေးပုံစံ ဟန်ဆောင်ထားတဲ့ မိန်းမလှလေးဖြစ်နေတာလား”
လုယင် တစ်ယောက် သူ ဖတ်ခါစ ဝတ္ထုတစ်အုပ်ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီး ထိုက်ယီသန့်စင်နယ်မြေ ထျန်းကျီးတောင်ထိပ်၏ တပည့်ကြီး ဖြစ်လာခဲ့သည်။
သို့သော်လည်း သူ၏ဇာတ်ကောင်မှာ ကံဆိုးစွာပင် ဗီလိန်တစ်ဦးဖြစ်နေသည့်အပြင် ပါရမီမရှိ.. အစွမ်းအစညံ့ဖျင်းလွန်းသဖြင့် အောက်ခြေအလုပ်သမားတပည့်တစ်ဦးထက်ပင် ပိုမိုဆိုးရွားသော ဘဝဖြင့် ရုန်းကန်နေရသူ ဖြစ်လေသည်။
ကံကောင်းစွာဖြင့်ပင် သူသည် အခြားသူများ၏ ကံကြမ္မာကို ကြိုတင်ခန့်မှန်းနိုင်ပြီး အခွင့်အရေးများကို ကြိုတင်လုယူနိုင်စေသည့် "ကံကြမ္မာခန့်မှန်းခြင်း စနစ်" ကို ရရှိပိုင်ဆိုင်လိုက်ရသည်။
လုယင်သည် သူ၏ဆရာနေထိုင်ရာ သစ်သားအိမ်ငယ်လေးကို သန့်ရှင်းရေးလုပ်ရန်လာရောက်ချိန်…
ရုတ်တရက် မွှေးကြိုင်လှသော ဆေးနံ့တစ်မျိုး ပျံ့လွင့်လာခဲ့သည်။
ထိုဆေးနံ့နောက်သို့ လိုက်လံဆန်းစစ်ကြည့်ရာမှ လုယင်သည် လှပလွန်းသော အမျိုးသမီးတစ်ဦးကို မထင်မှတ်ဘဲ တွေ့ရှိလိုက်ရသည်။
ထိုအမျိုးသမီးမှာ အခြားသူမဟုတ်... သူ၏ ဆရာပင် ဖြစ်နေခဲ့သည်။
သူ့ဆရာက အမှန်တကယ်တော့ အမျိုးသမီးတစ်ဦးဖြစ်နေသည့်အပြင် မူလဇာတ်လမ်းရဲ့ "မိန်းမလှဇာတ်လိုက်" ဖြစ်နေခဲ့သည်..
စနစ်ဖြင့် ကံကြမ္မာကို စိစစ်ကြည့်လိုက်သောအခါ သူမ၏ လျှို့ဝှက်ချက်ကို သိသွားသော သူ့ကို နောက်ရက်တွင် သတ်ပစ်တော့မည်ဆိုသည်ကို သိလိုက်ရသည်။
ယခုအခါ၌မူ ဆရာဖြစ်သူ မိန်းမလှလေးတွင်တွင် ကျင့်ကြံခြင်းစွမ်းအားများ လုံးဝမရှိတော့သည်ကို သတိထားမိလိုက်သည်။
ထို့ကြောင့် လုယင်သည် ယနေ့မှစ၍ "စစ်မှန်သော ဗီလိန်တစ်ဦး" အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။
ဒန်.. တန့်.. ဒန်…
ဒန်တန့်ဒန်တန့်… ဒန်တန်းဒန်…
ထို့နောက်…
မင်းသားက ရှားပါးတန်ဖိုးကြီး ရတနာပစ္စည်းတွေ လာပို့ပေးတာလား။
‘အိုကေ... ဒါတွေအကုန် ငါ့ဥစ္စာပဲ..’
ဆရာ့မှာ သီးသန့်ဝှက်ထားတဲ့ ရတနာသေတ္တာလေး ရှိနေတာလား။
‘အိုကေ... ဒါလည်း ငါ့ဥစ္စာ ဖြစ်သွားပြီ..’
မင်းသားက တောင်အောက်ဆင်းပြီး ဝယ်လာတဲ့ အစေခံမလေးမှာ ဆရာမကို ကူညီပေးနိုင်တဲ့ နည်းလမ်းရှိနေတာလား။
‘အိုကေ.. အဲဒီ အစေခံမလေးရော ငါ့ဥစ္စာပဲ..’
ဘာ... ဒီအစေခံမလေးက အထက်လောက ဧကရီမရဲ့ ဝိညာဉ်ဝင်စားသူ ဖြစ်နေတာလား…