ENThis Villain is Really Cunning, Dragging His Ancestor Along with the Protagonist
ဇာတ်ညွန်း:
"ကဲ…အခု မင်းရဲ့ ရွေးချယ်မှုပဲ... မင်းရဲ့ မိသားစုအသက်ကို ရွေးမလား... ဒါမှမဟုတ် မင်းရဲ့ ချစ်သူအသက်ကို ရွေးမလား”
[ကောက်ကျစ်ဉာဏ်များသောလှည့်ကွက်ပေါင်းများစွာ + မောက်မာခြင်း + စနစ် + ရက်စက်ကြမ်းကြုတ်ခြင်း+ဟာရမ်]
ကြေးစားစစ်သားတစ်ယောက်ဖြစ်သော တီကျွယ်တျန်းသည် အမတ နယ်မြေအတွင်းရှိ တီမိသားစု၏ နတ်ဘုရားသားတော် ဖြစ်လာရန်အတွက် ကမ္ဘာကူးပြောင်းခြင်းကို ခံလိုက်ရသည်...
သူ၏ ရာထူးမှာ ကောင်းကင်ဘုံမှ စစ်မှန်သော နဂါးတစ်ကောင်ကဲ့သို့ပင် မြင့်မြတ်လွန်းလှသည်... ဤဘဝတွင် သူသည် အရာရာကို အောင်မြင်ပြီး ကောင်းကင်ကိုပင် ကျော်နင်းနိုင်သူ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့မိသည်...
ခေတ်အဆက်ဆက်ကို လွှမ်းမိုးထားမည့် ဇာတ်လိုက် တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်နေချိန်တွင်... "ဗီလိန်စနစ်ကို အောင်မြင်စွာ တင်သွင်းပြီးပါပြီ" ဟူသော စကားသံက တီကျွယ်တျန်း၏ အိပ်မက်များကို အပိုင်းပိုင်း အစအစ ကြေမွသွားစေခဲ့သည်…
“ကဲ ဗီလိန်ဆိုတော့ လည်း ဗီလိန်ပေါ့ “
ထိုအချိန်တွင် သူသည် ကံကြမ္မာ၏ သားတော်နှင့် သူ့ နောက်သို့ လိုက်ပါနေသော ဇာတ်လိုက်မနှင့် ရင်ဆိုင်နေရသည်...
ကံကြမ္မာ၏ သားတော်၏ မျက်နှာပေါ်တွင် ပေါ်လွင်နေသော ထောင်လွှားသည့် အပြုံးကို ကြည့်ရင်း တီကျွယ်တျန်းမှာ ရယ်မောလိုက်သည်...
"မင်း ဗီလိန်တစ်ယောက်ကို စော်ကားမိတဲ့ အကျိုးဆက်ကို ငါ ပြပေးမယ်..."
"မင်းရဲ့နောက်က မျိုးနွယ်စုတွေကို ငါ ဖျက်ဆီးပစ်မယ်... မင်းရဲ့ မိသားစုကိုလည်း ဖမ်းဆီးချုပ်နှောင်ထားလိုက်မယ်..."
"မင်း သူမကို ချစ်တယ် မဟုတ်လား..."
"မင်းက ကံကြမ္မာရဲ့ သားတော် မဟုတ်လား..."
"ဒူးထောက်လိုက်စမ်း..."
"အခု မင်းရဲ့ ရွေးချယ်မှုပဲ... မင်းရဲ့ မိသားစုကို ရွေးမလား... ဒါမှမဟုတ် မင်းရဲ့ ချစ်သူ ကို ရွေးမလား..."