Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
ထွက်ရှိဆဲ
10 chapters
131 views
Updated Sep 16, 2026
တပည့်မိုက် ရပ်လိုက်စမ်း...ငါက မင်းရဲ့ဆရာလေ
EN
stop-evil-disciple-i-m-your-master
5.0
1 review
ဘာသာပြန်သူ:
Immortal Taoist Translation
"တပည့်မိုက်...မင်းက အခုလိုလုပ်ရတာကို ဂုဏ်ယူနေသေးတယ်ပေါ့လေ" လိမ္မော်ရောင်အလင်းတန်းအောက်တွင် ဖြူလွှလွှပိုးပါးဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးငယ်က သူမရှေ့ရှိ ခန့်ညားသော လူငယ်လေးကို ရှက်သွေးဖြာစွာဖြင့် စူးရဲစွာ စိုက်ကြည့်နေသည်။ သူမ၏သေးသွယ်သောခါးလေးက မိုးမခကိုင်းလေးအလား နွဲ့နှောင်းနေပြီး ရှည်လျားသောဆံကေသာများက ရေတံခွန်အလား ဖြာကျနေသည်။ ပိုးဇာပါးအောက်မှ ဝိုးတဝါးမြင်နေရသော အသားအရေမှာ နို့ရည်များဖြင့် စိမ်ထားသည့်အလား ဖြူဖွေးနုဖတ်နေကာ ပုလဲရောင်အလင်းလွှာပါးပါးလေး ဖြာထွက်နေ၏။ ပိုးဇာသားသည် အလွန်နူးညံ့လွန်းလှပြီး သူမ၏ခန္ဓာကိုယ်၌ ရစ်ပတ်ထားချိန်တွင် ကိုယ်ခန္ဓာ၏ ကောက်ကြောင်းအလှတရားများကို အထင်းသား ပေါ်လွင်စေသည်။ ရင်ခံပေါ်တွင် ပန်းထိုးထားသော ကြာပန်းလေးသည် သူမ၏ အသက်ရှူသံအလိုက် လှုပ်ခတ်နေကာ၊ ပန်းပွင့်ဖတ်လေးများ၏ ထိပ်စွန်းက ညှပ်ရိုးလေးများကို ပွတ်တိုက်မိနေပြီး ဝင်သက်ထွက်သက် အနိမ့်အမြင့်ကြောင့် ကြာပန်းလေးမှာ အသက်ဝင်နေသည့်အလားပင်။ "ဆရာ... ဘာတွေ ပြောနေတာလဲ... ဒါက ဆရာ ကျွန်တော့်ကို ကတိပေးထားခဲ့တာလေ...ကျွန်တော်သာ ရွှေအမြုတေအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ရင် ကျွန်တော်လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ရှိတယ်ဆို" "လုပ်ခွင့်တော့... ရှိပါတယ်...ဒါပေမဲ့... ငါက မင်းရဲ့ ဆရာလေ" "အင်း... အွန်း..."
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
10 / 10 ခု
အတွဲ 1 (အခန်း 1–18)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်