ENstealing-my-credit-then-i-guess-i-ll-just-have-to-give-up-and-become-an-immortal
ငါ့နာမည်က လင်းရွှမ်…..
ငါ့မှာစနစ်တစ်ခုရှိတယ်……
အဲ့စနစ်က လူတွေက….
ငါ့အပေါ် ထားရှိတဲ့ ….
အထင်သေးမှု…..
မနာလိုမှု……
သနားမှု……
ဒေါသနဲ့ စိတ်ခံစားချက်တိုင်းကို ငါ့ရဲ့ ကျင့်ကြံခြင်း အဖြစ် အလိုအလျောက် ပြောင်းလဲပေးတယ်လေ။
အဲ့ဒီတော့…..
“ကျေးဇူးပြုပြီး ငါ့ကို အထင်သေးပေးကြပါဦး”
************************
လင်းရွှမ် သည် ဂိုဏ်းတစ်ခုလုံးတွင် အကြီးမားဆုံး ဟာသတစ်ခု ဖြစ်လာခဲ့သည်။
နဂါးကို သတ်ခဲ့သူမှာ သူဖြစ်သော်လည်း ဂုဏ်ပုဒ်အားလုံးကိုမူ သူ၏ စီနီယာအစ်ကိုက အပိုင်စီးသွားခဲ့လေသည်။
သို့သော် လင်းရွှမ်သည် အနည်းငယ်မျှပင် ဒေါသ မထွက်ခဲ့ပေ။
အကြောင်းမှာ သူက….
[အေးဆေးနှပ်ရင်း ကျင့်ကြံခြင်းတဲ့ စနစ်]
နှင့် ချိတ်ဆက်ထားပြီး ဖြစ်သောကြောင့် ပင်ဖြစ်သည်။
[ဒင်… စနစ်၏ စည်းမျဥ်း…အခြားသူများ သင့်အပေါ် ထားရှိသော ပြင်းထန်သော စိတ်ခံစားချက်များ…မနာလိုမှု...အထင်သေးမှု…သနားမှု…ဒေါသစသည်တို့သည် သင့်၏ ကျင့်ကြံခြင်း အဆင့်သို့ အလိုအလျောက် ပြောင်းလဲသွားမည် ဖြစ်သည်။]
[စနစ်၏ အကြံပြုချက်…. အရင်းအမြစ်အတွက်ပြိုင်ဆိုင်မှုများကို ရပ်တန့်ပါ… အေးဆေးအေးလူနေပါ….အားလုံး စိတ်ဓာတ်ပြိုလဲသွားသည့်နေ့သည် သင် အင်မော်တယ် အဆင့်သို့ တက်ရောက်မည့်နေ့ ဖြစ်လိမ့်မည်]
ထို့ကြောင့် သူသည် ပြိုင်ဆိုင်နေမှုများကို ရပ်တန့်လိုက်ပြီး အေးဆေးအေးလူ နှပ်နေကာ လူအများ၏ စိတ်ဓာတ်ကို လှုံ့ဆော်ရန်သာ အာရုံစိုက်လိုက်တော့သည်။
ထိုအချိန်မှစ၍ ဂိုဏ်းအတွင်း၌ အသုံးမကျသော လူတစ်ဦး ထွက်ပေါ်လာခဲ့လေသည်။
မိမိ၏ ဂိုဏ်းတူ ညီအစ်ကိုများမှာ အများသူငါ ရှေ့မှောက်တွင် ပုံရိပ်ကောင်းရရှိရန် ရုန်းကန်နေကြရသည်ကိုလည်းကောင်း….
အကြီးအကဲများမှာ သယံဇာတများအတွက် ပရိယာယ်ဆင်ကာ တိုက်ခိုက်နေကြသည်ကိုလည်းကောင်း ကြည့်ရှုရင်း...
လင်းရွှမ်သည် သာသာလေး ပြုံးလိုက်မိသည်။
”ကျေးဇူးပြုပြီး ငါ့ကိုအထင်သေးပေးကြပါဦး”