ENperfect-world-many-children-many-blessings-starting-with-liu-shen
ဇာတ်လမ်းအကျဉ်း : - “လျူရှန်မှာ ကလေးရှိသွားတော့ရော ဘာဖြစ်လဲ... ငါ့ကို ဘာလို့ ဝိုင်းပြစ်တင်နေကြတာလဲ။ ဒါတွေအားလုံးဟာ စကြာဝဠာကြီးရဲ့ ကောင်းကျိုးအတွက်ပဲလေ”
သိုင်းလောကတစ်ခုလုံး၏ ထိပ်တန်း အလှနတ်သမီးများနှင့် မီးလျှံပန်းတမျှ လှပသော မိစ္ဆာဂိုဏ်းမှ စုန်းမလေးတို့၏ ပြုစုယုယမှုကို ခံယူရင်း ရှီဟောင် တစ်ယောက် တွေးလိုက်သည်။
’ဒီလောက် လှပပြီး ချစ်ဖို့ကောင်းတဲ့ ဇနီးမယားတွေရဲ့ ကျေးဇူးတရားကို ငါ ဘယ်လိုတုံ့ပြန်ရမလဲ... သားသမီးများစွာများစွာ ပေးသနားပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမိခင်တွေ ဖြစ်အောင် လုပ်ပေးတာထက် ပိုကောင်းတဲ့ တုံ့ပြန်မှု ရှိဦးမလား’
သို့သော်လည်း... သူ့အစီအစဉ်တွင် ပါဝင်နေသော အမျိုးသမီးများ၏ ညည်းတွားသံများကတော့ ထွက်ပေါ်နေဆဲ ဖြစ်သည်။
လျူရှန် (မိုးမခနတ်ဘုရားမ) “ရှီဟောင်... နင်... ဒီထက်ပိုပြီး နွံနစ်လို့ မရတော့ဘူး...” ၊
စုန်းမလေး “မောင်လေးရယ်... မမကို သနားပါဦး မမ အရှုံးပေးပါပြီ” ၊
ယွဲ့ချန်း (သန့်စင်သော နတ်သမီး) “ရှီဟောင်... အတင်းအဓမ္မ ရယူတဲ့ အချစ်ဆိုတာ ဘယ်တော့မှ မချိုမြိန်ဘူး...” ၊
ချင်းယီ “အခုရော ကျေနပ်ပြီလား... လူယုတ်မာ စိတ္တဇကောင်ရဲ့” ၊
ယွန်းရှီး “နင်... သူခိုးလေး... ငါ နောက်ထပ် မလိုချင်တော့ဘူးနော်။ ဒါတောင် ငါးယောက်မြောက် ရှိနေပြီ...” ၊
ဟော်လင်အာ (မီးလျှံမင်းသမီး) “အစ်ကို ရှီဟောင်... ဒီလိုပဲ ဆက်လုပ်နေရင် ညီမလေး တကယ် အော်လိုက်တော့မှာနော်”
ထိုညည်းတွားသံများကို ကြားသည့်အခါ ရှီဟောင်က ပြုံးလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အတည်ပေါက် ပြောလိုက်လေသည်။
“ဒါတွေအားလုံးဟာ ကောင်းကင်ကိုးပါးနဲ့ မြေပြင်တစ်ဆယ်ရဲ့ ငြိမ်းချမ်းရေးအတွက်ပါ။ လျူရှန်... ကောင်းကင်ကိုးပါးနဲ့ မြေပြင်တစ်ဆယ် ပျက်စီးသွားတာကိုတော့ မင်း ကြည့်မနေချင်ဘူး မဟုတ်လား...”
ကောင်းကင်ကိုးပါးကို ကယ်တင်မည့်သူသည် တရားသောသူ ဖြစ်ရမည်ဟု မည်သူက သတ်မှတ်ထားသနည်း။
ရှီဟောင်အဖြစ်ပြန်လည်ဝင်စားလာသောင် လီချန်ရှန်၏စွမ်းအားကြီး နတ်ဘုရားမများ၊ နတ်သမီးများနှင့်အတူ ဇနီးမယားများစွာမှ သားသမီးများစွာ ရရှိမည့် ရှီဟောင်၏ မြို့ပြ/သိုင်းလောက ဓမ္မနည်းလမ်း ကမ္ဘာကူးစွန့်စားခန်းကို မြို့ပြ ဆန်းသစ်သော စတိုင်ဖြင့် ရသစုံလင်စွာ ဖတ်ရှုရမည်ဖြစ်ပါတယ်။