ENPeople are writing diaries in Douluo, something is wrong with them
စူးမင်သည် မမျှော်လင့်ဘဲ ကူးပြောင်းသူဖြစ်လာအောင် ထရပ်ကားနဲ့လိုက်တိုက်နေတဲ့ အဖိုးကြီး၏ ပစ်မှတ်ဖြစ်သွားပြီး သေဆုံးပြီးနောက် တုံလော်ကမ္ဘာသို ပြန်လည်မွေးဖွားလာခဲ့သည်။ သူ၏ ဝိညာဉ်နိုးထခြင်း အခမ်းအနားတွင် အဆုံးစွန်သစ်သားဓာတ်ကို နိုးထနိုင်ခဲ့ပြီး အားလုံးစောင့်မျှော်နေသော ဒိုင်ယာရီစနစ်ကို ရရှိခဲ့သည်။ နေ့စဉ် ဒိုင်ယာရီရေးသားရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဆုလာဘ်များကို သူ ရရှိနိုင်ပေသည်။
ပထမဆုံး ဒိုင်ယာရီရေးသားခြင်းမှပင် နာရူတိုလောကမှ ရှီနိုဘီနတ်ဘုရား ပထမ ဟိုကာဂဲ ဟာရှီရာမာ ဆန်ဂျူ၏ နာမည်ကြီး သစ်သားစွမ်းအား ထုတ်လွှတ်မှု နည်းစနစ်ကို တုံလော်ဗားရှင်းဖြင့် ရရှိခဲ့သည်။ ထိုအပြင် အထူးဆုလာဘ်အဖြစ် ဘေးထွက်ဆိုးကျိုး လုံးဝမရှိသည့်အပြင် မန်ဂဲခယို ရှာရင်းဂန်း နဲ့ ရင်းနဲဂန် အထိပါ အဆင့်မြှင့်တင်နိုင်တဲ့ ရှာရင်းဂန်းကိုပါ ပိုင်ဆိုင်ခဲ့ပါတော့တယ်။ နောက်ပိုင်းမှာလဲ တခြား anime များထဲမှာ အစွမ်းတွေ(ရိုကူရှီကီ ကဲ့သို့ One Pieceထဲမှ အစွမ်းများ အပါအတင် အခြားအစွမ်းများစွာ) ပါရရှိလာတဲ့အခါ စူးမင်၏ ရည်မှန်းချက်မှာ ရှင်းလင်းလှသည်၊ အချိန်တစ်ခုအထိ တိတ်တဆိတ် ကျင့်ကြံပြီးနောက် တုံလော်တိုက်ကြီး၏ အထွတ်အထိပ်သို တက်လှမ်းရန်ပင် ဖြစ်သည်။
သို့သော် သူ မသိထားသည့် အချက်တစ်ချက် ရှိနေခဲ့သည်။ သူရေးသားနေသော ဒိုင်ယာရီများကို တုံလော်ကမ္ဘာမှ အမျိုးသမီးဇာတ်ဆောင်များဖြစ်ကြသော ရှောင်ဝူ၊ အာရင်၊ လျိုအာလုံ၊ နင်းရုန်ရုန်နှင့် ကျူးကျူချင်တို့ကပါ တစ်ပြိုင်နက်တည်း ဖတ်ရှုနေကြပြီး ဝိညာဉ်စွမ်းအားနှင့် အခြားဆုလာဘ်များ ရရှိနေခြင်းပင်။
ရှောင်ဝူ - ငါက အကြမ်းဖက်တတ်တဲ့ နှစ်တစ်သိန်းသက်တမ်းရှိ ယုန်မလေး မဟုတ်ပါဘူး။
ကျူးကျူချင် - ကိုယ့်ခြေချောင်းလေးတွေကိုတောင် မမြင်ရလောက်အောင် ဖြစ်နေတာ ငါ့အမှားမှ မဟုတ်တာ။
ဟူလီနာ - ဝိညာဉ်နန်းတော်ကို ငါက သစ္စာဖောက်မယ်တဲ့လား... လုံးဝ မဖြစ်နိုင်ဘူး။
ဒိုင်ယာရီမှတစ်ဆင့် ထန်ဆန်း၏ ဟန်ဆောင်ကောင်းမှုများနှင့် အသက်သုံးဆယ်အရွယ် ဝိညာဉ် ပိုင်ဆိုင်ထားမှုတို့ ပေါ်လွင်လာသောအခါ အမျိုးသမီးများ၏ အမြင်တွင် ကံကြမ္မာ၏ သားတော်ဆိုသူမှာ ရွံရှာဖွယ်ရာ ဖြစ်လာခဲ့သည်။ ကျေးဇူးရှင် အဘိုးဂျက်အပေါ် မထီမဲ့မြင်ပြုမှု၊ တံခါးစောင့်နှင့် ယွီရှောင်ကန်းတို့အပေါ် အလွယ်တကူ လူသတ်ချင်စိတ် ပေါ်လာမှုများက ထန်ဆန်း၏ အတုအယောင် မျက်နှာဖုံးကို ဆွဲခွာပစ်လိုက်လေသည်။
ထို့ပြင် သီအိုရီမဟာသခင်ကြီး ယွီရှောင်ကန်း၏ ဝိညာဉ်နန်းတော်မှ သီအိုရီများကို ခိုးချကာ ကိုယ်ပိုင်အဖြစ် ကြွားဝါနေမှုများကိုပါ စူးမင်က အားလုံးရှေ့တွင် မျက်နှာဖြတ်ရိုက်ကာ ဖော်ထုတ်လိုက်သေးသည်။
စနစ်ကို သဘောကျသူများ၊ နာရူတိုလောကမှ စွမ်းအားများကို တုံလော်ကမ္ဘာတွင် မြင်တွေ့လိုသူများ၊ ထန်ဆန်းနှင့် ယွီရှောင်ကန်းတို့၏ ဟန်ဆောင်မှုများကို ဖော်ထုတ်ချေမှုန်းသည်ကို ဖတ်ရှုလိုသူများနှင့် အက်ရှင် အချစ် ဟာသ ဟာရမ်ဇာတ်လမ်းများကို နှစ်သက်သူများအတွက် ဤစာစဥ်က စာဖတ်သူကို အကောင်းဆုံး ဆွဲဆောင်နိုင်မည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပင် ဖြစ်ပေလိမ့်မည်။