ENNinja school teacher, I can become stronger by teaching
Naruto ကမ္ဘာကို Reborn ဖြစ်သွားပြီး အချိန်မရွေး အသုံးချခံသားကောင် ဖြစ်သွားနိုင်တဲ့ ဒန်ဇိုး (Danzo) ရဲ့ Root အဖွဲ့ဝင်၊ သာမန် ချူးနင်း (Chuunin) အဆင့် ကျောင်းဆရာလေး ဖြစ်သွားတဲ့ မူယွဲ့ တစ်ယောက် အသက်ရှင်ကျန်ရစ်ဖို့အတွက် "ဆရာစနစ်" ကို အသက်သွင်းလိုက်ရပါတော့တယ်။ ဒီစနစ်ရဲ့ ထူးခြားချက်က တပည့်တွေကို အသည်းအသန် သင်ကြားပေးလေလေ၊ ဆရာဖြစ်သူက မသေမျိုးလူသားခန္ဓာကိုယ်လို ဒဏ္ဍာရီလာဆုလာဘ်တွေရပြီး ပိုသန်မာလာလေလေဖြစ်လို့ မူယွဲ့တစ်ယောက် ဒန်ဇိုးရဲ့လက်ခုပ်ထဲကရုန်းထွက်ဖို့ တပည့်တွေကို နေ့မနားညမနား ပြုစုပျိုးထောင်ပါတော့တယ်။ သူ့ရဲ့ သင်ကြားပြသမှုတွေကြောင့် မူရင်းဇာတ်လမ်းထဲမှာ မျက်လုံးအလုခံရပြီး သေဆုံးခဲ့ရတဲ့ အူချီဟာ ရှီဆူအိ နဲ့ ကမ္ဘာကြီးကို ရန်သူလုပ်ပြီး စိတ်ဝေဒနာသည်ကြီး ဖြစ်သွားခဲ့တဲ့ အူချီဟာ အိုဘီတို စတဲ့ ဇာတ်ကောင်တွေရဲ့ နာကျင်စရာ ကံကြမ္မာဆိုးတွေဟာလည်း တစ်စတစ်စ ပြောင်းလဲလာခဲ့ရပါတယ်။ ဆရာကောင်းတစ်ယောက်ရဲ့ ပြုစုပျိုးထောင်မှုက နင်ဂျာကမ္ဘာကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို ဘယ်လိုမျိုး အပြောင်းအလဲကြီး ပြောင်းလဲပစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ဖတ်ရှုရမယ့် FanFic ကောင်းတစ်ခု ဖြစ်ပါတယ်ဗျာ။