ENNaruto: I'm a Teacher, But the System Thinks I'm Naruto's Classmate!
ကီတာဇာဝါသည် အထူးစွမ်းရည်ဖြစ်သောရွှေလက်ချောင်းမရှိ၊ သွေးမျိုးဆက်စွမ်းအားလည်း မပိုင်ဆိုင်သလို ထောက်ခံအားပေးမည့် နောက်ခံအင်အားတစ်စုံတစ်ရာလည်း မရှိသော သာမန်အချိန်ခရီးသွားတစ်ယောက်သာ ဖြစ်သည်။ သူသည် ကိုနိုဟာနင်ဂျာအကယ်ဒမီတွင် ဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း သိုသိုသိပ်သိပ် နေထိုင်ခဲ့ကာ သာမန်ချူနင်တစ်ယောက်အဖြစ် အနှစ်နှစ်ဆယ်ကျော် ရှင်သန်နိုင်ခဲ့သည်။
ကျန်ရှိသော ဘဝတစ်လျှောက်လုံးကိုလည်း အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းသွားနိုင်တော့မည်ဟု ထင်မှတ်ထားသည့် အချိန်တွင်—
စနစ် တစ်ခု ရုတ်တရက် အသက်ဝင်လာခဲ့သည်။
[ဂုဏ်ယူပါသည်။ လက်ခံသူသည် အသက် ၆ နှစ်ပြည့်မြောက်သွားပါပြီ။ အသန်မာဆုံး ဟိုကာဂဲ လေ့ကျင့်ရေးစနစ်နဲ့ ယခုပဲ ချိတ်ဆက်လိုက်ပါပြီ။]
"...ခဏနေဦး! အသက် ၆ နှစ် ဟုတ်လား? ငါ့ကို ပြောနေတာလား? မင်း လူမှားနေပြီထင်တယ်။ ငါက ၂၁ နှစ်ရှိနေပြီကွ!"
သို့သော် ပို၍ အခက်တွေ့စေသည်မှာ စနစ်က ပေးအပ်သော တာဝန်များသည် သာမန်လုံးဝ မဟုတ်ခြင်းပင်ဖြစ်သည်။
[တာဝန် ၁ — အတန်းဖော် ဟီနာတာ၏ လည်စည်းပဝါကို ပြန်ရအောင် ကူညီပေးပါ။]
[တာဝန် ၂ — အူဇုမာကီ နာရူတို နှင့်အတူ ဟိုကာဂဲကျောက်တောင်ပေါ်တွင် ဆေးသွားသုတ်ပါ။]
[တာဝန် ၃ — အုူချီဟာ ဆာစကေးကို အနိုင်ယူပြီး နင်ဂျာကျောင်း၏ ကြီးစိုးသူ ဖြစ်လာပါ။]
[တာဝန် ၄ — နာရူတိုနှင့် ဆာစကေးတို့အပြင် တတိယမြောက် ဒဏ္ဍာရီဆန်သော နင်ဂျာတစ်ဦး ဖြစ်လာပါ။ ဆူနာဒဲကို ဆရာအဖြစ် ဆည်းကပ်ပါ။]
"ပြောကြည့်စမ်းပါဦး! အသက် ၂၁ နှစ်အရွယ် လူကြီးတစ်ယောက်က ဒီလိုကလေးဆန်တဲ့ တာဝန်တွေကို မျက်နှာပြောင်တိုက်ပြီး ဘယ်လိုသွားလုပ်ရမှာလဲ? ဟိုကာဂဲကျောက်တောင်ပေါ်ကနေ ခုန်ချလိုက်ချင်တဲ့စိတ်တောင် ပေါက်လာပြီ!"
[တာဝန်ဆုလာဘ် — အုူဇုမာကီ သွေးမျိုးဆက်၊ ဆန်ဂျူး သွေးမျိုးဆက်၊ ယင်တံဆိပ် ၊ ကိုနိုဟာ မဟာလေဆင်နှာမောင်းကန်ချက်...]
...
"အင်း... အဲ့လိုဆိုတော့လည်း မဖြစ်နိုင်ဘူးလို့ အတိအကျ ပြောလို့မရဘူးပြန်ပေါ့။"