Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
System
Cultivation
Action
Adventure
Martial arts
Xuanhuan
Comedy
ထွက်ရှိဆဲ
10 chapters
69 views
Updated Sep 20, 2026
တပည့်ရေ ဆရာကတကယ်ဘာမှမသိဘူး
EN
Make-up Techniques: How Did You All Manage to Master Them?
5.0
No reviews yet
စာရေးသူ:
Yi Zhi Mao Mao Guai
ဘာသာပြန်သူ:
Nga Htin
Sep 20, 2026
ကျင့်ကြံခြင်းလောကထဲကို ရောက်လာပြီးနောက် ရှန်ချင်းယွင်တစ်ယောက်မှာ ပြဿနာကြီးတစ်ခုရှိသည်။ သူ့မှာ ဝိညာဉ်အရင်းအမြစ်မရှိ။ ကျင့်ကြံလို့လည်း မရ။ ဓားမကိုင်တတ်၊ တာအိုမသိ၊ တိုက်ပွဲဆိုလျှင် အရင်ဆုံး ထွက်ပြေးဖို့သာ စဉ်းစားမိသူဖြစ်၏။ သို့သော် သူ့မှာ အားကိုးစရာတစ်ခုတော့ ရှိသည်။ “အပြင်းထန်ဆုံးသခင်စနစ်”။ တပည့်သုံးယောက် ပြည့်အောင် လက်ခံနိုင်လျှင် သူ့ဘဝကို ပြောင်းလဲပေးနိုင်မည့် စနစ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရှန်ချင်းယွင်သည် လော့ဖော့တောင်ပေါ်တွင် တိတ်တဆိတ်နေထိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ဆရာကြီးတစ်ဦးအဖြစ် ဟန်ဆောင်လိုက်လေသည်။ ပြဿနာက… သူဟန်ဆောင်တာကို သူကိုယ်တိုင်က သိသော်လည်း၊ သူ့တပည့်တွေကတော့ မသိကြ။ ရှန်ချင်းယွင်က “ရေကို ခံစားကြည့်…” ဟု ပြောလိုက်ရုံနဲ့ ယဲ့ယိက ရေ၏စီးဆင်းမှုထဲမှ ကောင်းကင်တာအိုကို ရှာတွေ့သွားသည်။ ရှန်ချင်းယွင်က “ဓားကို အကြိမ်တစ်သောင်း လွှဲကြည့်…” ဟု ပျင်းပျင်းနဲ့ ပြောလိုက်ရုံနဲ့ ယဲ့ယိက ဓားတာအိုကို နားလည်ပြီး ကျောက်တောင်တွေကိုတောင် ခွဲပစ်နိုင်လာသည်။ ရှန်ချင်းယွင်က ရိုးရိုးရှင်းရှင်း “အသံကို နည်းနည်းလျှော့ပါဦး…” ဟု ပြောလိုက်သောအခါ— ယဲ့ယိက အသံတာအိုကို နားလည်သွားပြီး အသံပေါက်ကွဲမှုနဲ့ လူတွေကို လွှင့်ပစ်နိုင်လာသည်။ ချူးရွှမ်းကလည်း မမြင်နိုင်ချင်သည်ဟု ပြောလိုက်သောအခါ ရှန်ချင်းယွင်က ပုံဆောင်ခဲ တစ်ခုကို ပြပြီး အလင်းယိုင်ခြင်းအကြောင်း ရှင်းပြလိုက်ရုံသာရှိသေးသည်။ နောက်သုံးရက်အကြာတွင်— “ဆရာ… ကျွန်တော် ကိုယ်ပျောက်သွားပြီ မမြင်ရတော့ဘူး” “ဒါက ဘယ်လိုဖြစ်သွားတာလဲ" ထို့အပြင် တတိယတပည့် စုယင်ကတော့ လူကြားထဲရောက်တိုင်း ရှက်လွန်း၍ စကားတောင် မပြောရဲသူ။ ရှန်ချင်းယွင်က သူမကို “တိတ်ဆိတ်ခြင်းကျင့်စဉ်” သင်ပေးလိုက်ရာ— သူမ တစ်ခါနှာချေလိုက်တာနဲ့ ဘုရားကျောင်းတစ်ခုလုံး လှုပ်ခါသွားသည်။ “ဆရာ… ကျွန်မက နှာချေလိုက်ရုံပါ…” “…” ရှန်ချင်းယွင်က ထိုအချိန်တွင် တစ်ခုကိုသာ နားလည်လိုက်၏။ သူ့တပည့်တွေက သူ့ထက်ပိုပြီး အန္တရာယ်များနေကြပြီ။ နောက်ဆုံးမှာတော့ အသားသတ်သမား ကျူးယိတောက်တောင် ရှန်ချင်းယွင်၏ ရိုးရိုးသားသားစကားတစ်ခွန်းကို ကြားပြီး ဓားတာအိုကို နားလည်သွားသည်။ ရှန်ချင်းယွင်က အသားခွဲပြလိုက်တာသာ ဖြစ်သော်လည်း ကျူးယိတောက်ကတော့— “ဆရာ၊ ဒီဟာက ဓားတာအိုရဲ့ အမြင့်ဆုံးနယ်ပယ်ပဲ” ရှန်ချင်းယွင် — “ငါက အသားကို သန့်သန့်လေး ဖြတ်ချင်တာပါဟ…” ဆရာက မသိဘဲ ပြောလိုက်သမျှကို တပည့်တွေက နက်နဲတဲ့တာအိုအဖြစ် နားလည်ကြသည်။ ဆရာက ပျင်းလို့ လုပ်လိုက်တာကို တပည့်တွေက ကျင့်ကြံခြင်းနည်းလမ်းဟု ထင်ကြသည်။ ဆရာက ကြောက်လို့ ဟန်ဆောင်နေတာကို တပည့်တွေက “မတိုက်ခိုက်ဘဲ ရန်သူကို အနိုင်ယူသော အမြင့်ဆုံးနယ်ပယ်” ဟု သတ်မှတ်ကြသည်။ ထိုအချိန်မှာ ရှန်ချင်းယွင်၏ တစ်ခုတည်းသော ဆန္ဒကတော့— “ငါ့တပည့်တွေ အေးအေးဆေးဆေး ကျင့်ကြံကြပါစေ… ငါလည်း အေးအေးဆေးဆေး ထမင်းစားပြီး အိပ်ချင်တယ်…” သို့သော် တပည့်သုံးယောက်၏ မျက်လုံးထဲမှာတော့— သူတို့၏ဆရာသည် လောကကြီး၏ နက်နဲဆုံးအမှန်တရားများကို စကားတစ်ခွန်းတည်းဖြင့် ဖော်ထုတ်ပေးနိုင်သည့် မဟာသခင်ကြီးတစ်ပါး ဖြစ်နေပြီ။ ဒီလိုနဲ့… မသိတာကို သိသလို ဟန်ဆောင်နေရတဲ့ ဆရာတစ်ယောက်နဲ့၊ ဆရာပြောသမျှကို အံ့ဖွယ်တာအိုအဖြစ် နားလည်နေကြတဲ့ တပည့်တွေကြားက မယုံနိုင်လောက်အောင် ဟာသဆန်တဲ့ ကျင့်ကြံခြင်းခရီးစဉ်ကြီး စတင်လာပါတော့သည်။
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
10 / 10 ခု
အတွဲ 1 (အခန်း 1–10)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်