Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Adventure
Action
Romance
Drama
Transmigration
Xuanhuan
Martial arts
Cultivation
ထွက်ရှိဆဲ
30 chapters
56 views
Updated Nov 03, 2026
ဧကရီကို လက်ထပ်ပြီးနောက်အစွမ်းထက်ဆုံးဖြစ်လာသူ
EN
I Was Forced To Marry The Phoenix Empress
5.0
No reviews yet
စာရေးသူ:
John_Titor234432
ဘာသာပြန်သူ:
Zero
Nov 03, 2026
ဇာတ်လမ်းအကျဉ်း ကိုယ်တိုင်တောင် မရွေးချယ်ခဲ့တဲ့ ကမ္ဘာသစ်တစ်ခုဆီ ရောက်ရှိလာခဲ့ရသူ…။ ကံကြမ္မာကတော့ သူ့အတွက် ဘယ်လိုအနာဂတ်မျိုးကို ကြိုတင်ပြင်ဆင်ထားခဲ့တာလဲ။ ယီချန်ဟာ ကျင့်ကြံသူတွေ ကြီးစိုးရာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုဆီ ကူးပြောင်းရောက်ရှိလာဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့သူပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်ကြောင့် သူဟာ မသိကျွမ်းတဲ့ ကျင့်ကြံရေးလောကကြီးထဲကို မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ဆီမှာ ထူးခြားတဲ့ မွေးရာပါစွမ်းရည်တစ်ခု ပါဝင်လာတဲ့ စနစ်တစ်ခုကို ရရှိခဲ့သည်။ အဲဒါကတော့ တခြားသူတွေရဲ့ အခြေအနေ၊ အရည်အချင်းနဲ့ လျှို့ဝှက်ချက်တွေကို စစ်ဆေးကြည့်ရှုနိုင်တဲ့ စစ်ဆေးရေးစွမ်းရည်ပဲ ဖြစ်ပါတယ်။ လောလောဆယ် အဆင့် ၁ သာ ရှိသေးပေမဲ့ ယီချန်ဟာ ဒီစွမ်းရည်ကို အသုံးချပြီး ငွေအလုံအလောက် စုဆောင်းမယ်။ ပြီးရင် ဒီမြို့ငယ်လေးကနေ ထွက်ခွာကာ ကျင့်ကြံသူတွေရဲ့ နေရာကို ရှာဖွေပြီး ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ရောက်ကျင့်ကြံမယ်လို့ ရည်မှန်းထားခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်အားလုံးဟာ မထင်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကြောင့် တစ်ခဏအတွင်း ပြောင်းလဲသွားခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ အမျိုးသမီးငယ်လေး ဖုန်းယွီ က သူ့ကို ရွေးချယ်လိုက်တာပါ။ ‘နေပါဦး… သူက ဘာလို့ ငါ့ကို ရွေးတာလဲ။ ငါက ရုပ်ချောတဲ့သူတောင် မဟုတ်ဘူးလေ’ သံသယတွေနဲ့အတူ သူမကို စစ်ဆေးကြည့်လိုက်တဲ့အခါ ယီချန်တစ်ယောက် မျက်လုံးပြူးသွားခဲ့ရပါတယ်။ ‘ဘာကြီး…သူမက အနာဂတ်မှာ ဖီးနစ်ဧကရီ ဖြစ်လာမယ့်သူတဲ့လား’ ‘ဘုရားရေ… ဒီတစ်ခါတော့ ငါ ပြေးလို့တောင် လွတ်တော့မှာ မဟုတ်ဘူးထင်တယ်’ နောက်ဆုံးမှာတော့ ကံကြမ္မာကို လက်ခံလိုက်ရင်း ယီချန်ဟာ သူမနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရပါတယ်။ ဒါပေမဲ့ သူ လုံးဝမသိခဲ့တဲ့အချက်တစ်ခု ရှိနေခဲ့သည်။ အဲဒီအိမ်ထောင်ရေးဟာ သူ့ဘဝရဲ့ အဆုံးမဟုတ်ဘဲ ကြီးမားလှတဲ့ ဒဏ္ဍာရီတစ်ပုဒ်ရဲ့ အစပဲ ဖြစ်နေခဲ့တာပါ။ သာမန်လူတစ်ယောက်အဖြစ် စတင်ခဲ့တဲ့ ယီချန်ဟာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ်။ ကျင့်ကြံရေးအဆင့်တွေကို အရှိန်အဟုန်နဲ့ ကျော်ဖြတ်မယ်။ အင်အားကြီးကျင့်ကြံသူတွေနဲ့ တိုက်ခိုက်မယ်။ ကြောက်မက်ဖွယ်သားရဲတွေကို သတ်ဖြတ်မယ်။ နောက်ဆုံးမှာတော့ ကျင့်ကြံရေးကမ္ဘာကြီးရဲ့ ထောင့်စွန်းတိုင်းအထိ စူးစမ်းလေ့လာရင်း မထင်မှတ်ထားတဲ့ စွန့်စားခန်းပေါင်းများစွာကို ဖြတ်သန်းရတော့မှာပါ။ ညည်းညူတတ်တယ်။ အခက်အခဲတွေကြုံရင် ရှောင်ပြေးချင်တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ ထူးဆန်းတဲ့ကံကြမ္မာကြောင့် အမြဲတမ်း အသက်ရှင်လွတ်မြောက်နိုင်တဲ့ ယီချန်ရဲ့ ခရီးစဉ်ကတော့ ရယ်မောစရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေ အပြည့်ပါပဲ။ ဒါဆို… အနာဂတ် ဖီးနစ်ဧကရီရဲ့ ခင်ပွန်းဖြစ်လာတဲ့ သာမန်လူတစ်ယောက်ဟာ ကျင့်ကြံရေးလောကကြီးတစ်ခုလုံးကို ဘယ်လိုပြောင်းလဲပစ်နိုင်မလဲ။ အဖြေကို သိချင်ရင် ယီချန်နဲ့အတူ ဒီစွန့်စားခန်းကြီးထဲကို လိုက်ပါစီးမျောကြည့်လိုက်ပါ။
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
30 / 30 ခု
အတွဲ 1 (အခန်း 1–20)
အတွဲ 2 (အခန်း 21–30)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်