ENi, the destined villain, will win over the female lead right from the start
စိတ်ကူးယဉ်ကျင့်ကြံရေးလောကထဲသို့ ကူးပြောင်းရောက်ရှိသွားတဲ့ ချင်ယွင်ဟာ အကျင့်ပျက်ပြီးအပျော်အပါးလိုက်စားတဲ့ ဗီလိန်ဇာတ်ကောင်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်။ မူလဇာတ်ကြောင်းအတိုင်းဆိုရင် သူဟာ ဇာတ်လိုက်ရဲ့ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခြင်းကို ခံရပြီး နောက်ဆုံးမှာ သနားညှာတာမှုမရှိ အသတ်ခံရမယ့်သူပဲ ဖြစ်တယ်။
ကံကောင်းထောက်မစွာနဲ့ သူ့ဆီမှာ ဗီလိန်စနစ် ရှိနေခဲ့တယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်သရွေ့လက်ဆောင်တွေကိုရရှိနိုင်ပြီး အသက်ရှင်လွတ်မြောက်နိုင်တယ်။
အသက်ရှင်ဖို့အတွက် ချင်ယွင်ဟာ ဇာတ်လိုက်ကို အပြင်းအထန် တန်ပြန်တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ သူကစနစ်ကပေးတဲ့လက်ဆောင်တွေကို ရရှိဖို့ဇာတ်လိုက်ရဲ့ သတင်းအချက်အလက် အရင်းမြစ်တွေကို လုယူတယ်။ ဇာတ်လိုက်ရဲ့ လျှို့ဝှက်ရတနာတွေကို သိမ်းပိုက်တယ်။ ဇာတ်လိုက်နဲ့ ဖူးစာပါလာတဲ့ အမျိုးသမီးတွေကိုလည်း ကြားဖြတ်ရယူတယ်။
ကံကြမ္မာရဲ့ ဇာတ်လိုက်ကို အခွင့်ကောင်းယူပြီး ချင်ယွင် ဟာ သူ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်။
နှစ်ပေါင်းသောင်းနဲ့ချီ ကြာမြင့်သွားတဲ့အခါမှာတော့ ချင်ယွင် ဟာ လောကမှာရှိတဲ့နယ်ပယ်အားလုံးကို စိုးမိုးအုပ်ချုပ်နေတဲ့ နောက်ကွယ်က အကြီးမားဆုံး ကြိုးကိုင်သူကြီး ဖြစ်လာခဲ့တယ်။