ENI'm in a Chat Group, and All My Friends are the Protagonists of the Sequel
ကျီကျန်း ဟာ နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုဆီ ကူးပြောင်းရောက်ရှိလာခဲ့လေတယ်…..
ဒါပေမဲ့ သူ့မှာတော့ အဖြစ်ဆိုးလှချည်ရဲ့…….
ခွေးရိုင်းတွေ ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲသွားရာမှ ဖြစ်ပေါ်လာတဲ့ အလောင်းကောင်ချီတွေ ကူးစက်ခံထားရတာကြောင့် သေရတော့မယ်တဲ့…..
“အမေရေ”
ကံကောင်းတာက…..
ဒါပေမဲ့ သူ့မှာ အစွမ်းထက်တဲ့ ရွှေလက်ချောင်း တစ်ခုတော့ ရှိနေသေးတယ်လေ…..
အဲဒါကတော့ ဂရုချက် စနစ် ပင်။
ဒါပေမဲ့ ဒီတစ်ခေါက် သူ့ ဂရုချက် ထဲက အဖွဲ့ဝင်တွေက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာပါလိမ့်…….
ကျီကျန်း မော့ကြည့်လိုက်တော့ ကောင်းကင်ကိုတောင် တုန်ခါစေနိုင်တဲ့ သခင်ကြီး ယဲ့ဖန်ဟာ ပြီးပြည့်စုံသောကမ္ဘာထဲမှ ရှီဟောင်နဲ့အတူ သားရဲနို့ကို သောက်နေကြသည်။
အနီးအနားမှာတော့ သန့်ရှင်းသောအပျက်အစီးနယ်မြေရဲ့ သခင်ကြီး ချူဖုန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ဓာတ်ပုံတွေ ရိုက်နေသည်။
မြင်ကွင်းကတော့ မိသားစုတစ်စု အတူတကွ နွေးနွေးထွေးထွေး နေထိုင်နေကြသလိုပင်။
ရှေ့ကို ဆက်ကြည့်လိုက်တော့ ရှောင်ယန်နဲ့ လင်တုန်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် တွေ့လိုက်ရတာကြောင့် အံ့ဩဝမ်းသာစွာ နှုတ်ဆက်နေကြသည်။
"မင်းဆီမှာ ရှောင်ရွှမ်းအာ ရှိတယ်မဟုတ်လား။ ငါ့ဆီမှာလည်း လင်ချင်းတန် ရှိတယ်။"
"မင်းဆီမှာ ယောင်လောင် ရှိတယ်။ ငါ့ဆီမှာလည်း ရှောင်တျောင်း ရှိတယ်။"
"မင်းက ထူးဆန်းမီးတောက်တွေကို လိုက်စုဆောင်းပြီး ကမ္ဘာကြီးကို ကယ်တင်မယ်။ ငါကလည်း ဘိုးဘေးအဆောင်တွေကို လိုက်စုဆောင်းပြီး ကမ္ဘာကြီးကို ကယ်တင်မယ်။"
သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို ကိုက်ညီနေကြတာကြောင့် ချက်ချင်းပဲ ဝမ်းသာအားရ ဖြစ်သွားကြသည်။ သူတို့ကိုယ်သူတို့ မိအေတူဖအေကွဲ ညီအစ်ကိုတွေလိုတောင် ထင်မှတ်သွားကြသည်။
ဒါပေမဲ့ ဒီလိုမြင်ကွင်းမျိုးတွေကတော့ သာမန်အခြေအနေတစ်ခုသာ ဖြစ်သည်။
နောက်ဆုံးမှာ ကျီကျန်းဟာ သူ့နောက်မှာ ရှိနေကြတဲ့ လူတွေကို ဘေးဖယ်ပြီး တစ်ချက် လှမ်းကြည့်လိုက်သည်။
ကောင်းပြီလေ။
ထန်စန်း……
အခုတော့ နာမည်ကြီး စိတ်ကူးယဉ်ဝတ္ထု “ဘုရင်ကြီးသုံးပါး” ရဲ့ အဓိကဇာတ်လိုက်တွေ အားလုံး ဒီနေရာမှာ စုံစုံညီညီ ရောက်နေကြပြီပဲ……..