Skip to content
ရှာဖွေရန်
စာစဉ်အသေးစိတ်
Lazy Nerds
ပင်မ
ရှာဖွေရန်
စာကြည့်တိုက်
ပရိုဖိုင်
စာစဉ်
Action
Adventure
Xianxia
Martial arts
System
Overpowered
Transmigration
Cultivation
ထွက်ရှိဆဲ
10 chapters
53 views
Updated Oct 30, 2026
စကြာဝဠာကုန်စုံဆိုင်
EN
I Have a Shop in the Primordial World
5.0
No reviews yet
ဘာသာပြန်သူ:
Bryan
Oct 29, 2026
ရှေးဟောင်းဒဏ္ဍာရီလာ မဟာဟုန်ဟွမ် ကမ္ဘာဦးကာလဟာ အလွန်အမင်း အန္တရာယ်များပြီး သတ္တဝါကြီးတွေနဲ့ နတ်ဘုရားတွေ အချင်းချင်း အမြဲတမ်း အသက်စွန့် တိုက်ခိုက်နေကြတဲ့ ကမ္ဘာတစ်ခု ဖြစ်တယ်။ ဒီလို မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲကို ရွှမ်းယန် တစ်ယောက် ကမ္ဘာကူးစနစ်တစ်ခုရဲ့ လှည့်ဖြားမှုကြောင့် ရောက်ရှိသွားခဲ့ပြီး ဘာစွမ်းအားမှ မရှိဘဲ အသက်ရှင်ရေးအတွက် တစ်ကိုယ်တည်း ရုန်းကန်ခဲ့ရတယ်။ ဒီလို ကြိုးပမ်းနေရတုန်းမှာပဲ သူ့ထံကို အစွမ်းထက်လှတဲ့ ဆိုင်ဖွင့်စနစ်တစ်ခု ရောက်ရှိလာခဲ့ပြီး ပုကျိုးတောင်ခြေရင်းမှာ "စကြာဝဠာကုန်စုံဆိုင်" ကို စတင်ဖွင့်လှစ်နိုင်ခဲ့တာက ဟုန်ဟွမ်ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ထာဝရ ပြောင်းလဲပစ်တော့မယ့် အစပျိုးမှုတစ်ခု ဖြစ်လာခဲ့တယ်။ ရွှမ်းယန်ရဲ့ဆိုင်မှာ ရောင်းချတဲ့ ပစ္စည်းတွေက သာမန်လောကက မဟုတ်ဘဲ နတ်ဘုရားတွေ မမြင်ဖူးကြတဲ့ ခေတ်လွန်နည်းပညာတွေ၊ ကျင့်စဉ်အဆင့်ကို စက္ကန့်ပိုင်းအတွင်း မြင့်တက်စေမယ့် အစားအစာတွေနဲ့ စကြဝဠာရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်တဲ့ အွန်လိုင်းဝတ္ထု စာအုပ်တွေ ဖြစ်တယ်။ အဲဒီနောက်မှာ ကျောက်းဂိုဏ်းခေါင်းဆောင် တုန်းထျန်း ဟာ ဆိုင်ကိုရောက်လာပြီး ဝတ္ထုတွေဖတ်လို့ ကျင့်စဉ်စွမ်းအားတွေ အဆမတန် တိုးတက်သွားခဲ့တယ်။ မျောက်မင်း စွန်ဝူးခုံး လည်း မသေမျိုးပညာ လာသင်တဲ့အခါ သီးသန့်စနစ်တစ်ခု တပ်ဆင်ပေးလိုက်တာကြောင့် လောကတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသလို ကောင်းကင်ဘုံတရားရှင် ဟုန်းကျွင်း ကိုယ်တိုင်လည်း ရှေ့ဟောင်းကမ္ဘာအတွင်းကံကြမ္မာတွေ ပြောင်းလဲနေမှုကို စုံစမ်းရင်း ဒီဆိုင်လေးစီ ရောက်လာခဲ့တယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးမှာ ဇာတ်လိုက် ရွှမ်ယန် ဟာ ရှေ့တန်းထွက် တိုက်ခိုက်နေစရာ မလိုဘဲ ဆိုင်ထဲမှာ အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း ကမ္ဘာဦး နတ်ဘုရားတွေကို ဖောက်သည်အဖြစ် ချုပ်ကိုင်ကာ နောက်ကွယ်ကနေ ကမ္ဘာကြီးကို ကြိုးကိုင်ခြယ်လှယ်သွားမယ့် ဟာသနှောထားတဲ့ ပေါ့ပေါ့ပါးပါး ဖတ်ရှုရမယ့် မဟာဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။
စာစဖတ်မယ်
Coupon Code ဖြည့်မည်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ
အခန်းများ
ရှာဖွေရန် ပြန်မည်
အဟောင်းဆုံးရှေ့
10 / 10 ခု
အတွဲ 1 (အခန်း 1–10)
သုံးသပ်ချက်များ
မှတ်ချက်များ
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ
ဖတ်သူများ သုံးသပ်ချက်