ENGrave Burial Ghosts, Ghost Marriage Contracts
ဒီဇာတ်လမ်းက စာဖတ်သူတို့ဖတ်ဖူးနေကျ သာမန်သရဲစာပေမျိုး မဟုတ်ပါဘူး။ အပျော်ဖတ်သက်သက် မဟုတ်ဘဲ သည်းထိတ်ရင်ဖို ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းမျိုးပဲ။ လောကီရဲ့ ယင်နဲ့ယန် တားမြစ်ချက်တွေ၊ ကန့်သတ်ချက်တွေအကြောင်း အလေးပေးဖော်ပြထားပြီး မသေမျိုးကျင့်ကြံခြင်းတွေ၊ သရဲမနဲ့ အိမ်ထောင်ပြုတာတွေ လုံးဝမပါဝင်ပါဘူး။
လူတွေက ကျွန်တော့်မိသားစုရဲ့ ဆင်းရဲမွဲတေမှုနဲ့ ဆွေမျိုးသားချင်းတွေ အားလုံး တစ်ယောက်မကျန် သေဆုံးပျက်စီးသွားရတာကို လှောင်ပြောင်ကြတယ်။ ကျွန်တော်တို့အိမ်မှာ သရဲသတ်လို့ မျိုးတုံးသွားတာနေမှာပါလို့လည်း ပြောကြသေးတယ်။ဒါပေမဲ့ အဲဒီလိုပြောတာကို ကျွန်တော် ဘာမှတုန့်ပြန်ပြီးလည်းမပြောခဲ့ဘူး... ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဘိုးဘွားသင်္ချိုင်းထဲမှာ တကယ်ပဲ သရဲတစ်ကောင် မြှုပ်နှံထားလို့ပါပဲ...။
ကျွန်တော့်နာမည်က ကျန်းအာစိ...။ ယင်နှစ်၊ စတုတ္ထလရဲ့ (၁၄) ရက်မြောက်နေ့ မနက် အာရုံတက် (၄) နာရီမှာ မွေးဖွားခဲ့သူပေါ့...။
တကယ်လို့သာ... ကျွန်တော် အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင်... ကျေးဇူးပြုပြီး ကျန်းအာစိ ပြောတဲ့စကားတွေကို လုံးဝမယုံကြည်ကြပါနဲ့။
(ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာအားလုံးဟာ လုပ်ကြံဖန်တီးထားတဲ့ ကမ္ဘာတစ်ခုအပေါ် အခြေခံထားတာဖြစ်ပြီး ပြင်ပလောကဖြစ်ရပ်မှန်များနှင့် မသက်ဆိုင်ပါ။ ခေတ်ဟောင်းအယူသည်းမှုများကို လှုံ့ဆော်ခြင်း လုံးဝမရှိပါ။)