အခန်း (၁) - မင်းကို ဘယ်သူမွေးခိုင်းလို့လဲ!!!
"ဘိုးဘွားသင်္ချိုင်းကို လုံးဝ မနှောင့်ယှက်ကြနဲ့!!!"
"သင်္ချိုင်းဂူထဲမှာ ရှိနေတဲ့အရာတွေဟာ နေရောင်ခြည်နဲ့ လုံးဝ မထိတွေ့အပ်ဘူး!!!"
ဒါဟာ ကျွန်တော်တို့မိသားစု မျိုးဆက်တစ်ခုပီးတစ်ခု ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ ကြီးမားလှတဲ့ အဓိကတားမြစ်ချက်ကြီးတစ်ခုပါ။ သို့သော်လည်း အဲဒီတားမြစ်ချက်ကြီးကို ကျွန်တော့်အဖေက ချိုးဖောက် ဖျက်ဆီးပစ်ခဲ့ပါတယ်။
ကျွန်တော်တို့မိသားစုဟာ ရွာထဲမှာ အလွန်တရာ ဆင်းရဲမွဲတေတဲ့ အိမ်ထောင်စုတစ်ခုအဖြစ် လူသိများပါတယ်။ မိသားစုဝင်တွေက ပျင်းရိလို့ဖြစ်စေ၊ ဝမ်းစာရှာဖို့ စိတ်ကူးမရှိလို့ ဆင်းရဲနေကြတာ မဟုတ်ပါဘူး။ တကယ်တော့ ဆင်းရဲမွဲတေခြင်းဟာ ကျွန်တော်တို့မိသားစုရဲ့ ကံကြမ္မာဆိုးတစ်ခု ဖြစ်နေလို့ပါ။ စီးပွားရေးပဲလုပ်လုပ်၊ လယ်ယာပဲစိုက်စိုက် ဘာတစ်ခုမှ အောင်မြင်ဖြစ်ထွန်းခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံး စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့စားအလုပ် ဝင်လုပ်ရင်တောင်မှ အဲဒီဆိုင်ဟာ ရက်ပိုင်းအတွင်းမှာတင် ဆိုင်ပိတ်ခဲ့ရသည်။
ဒါကြောင့်မို့လို့ပဲ ပတ်ဝန်းကျင်ကျေးရွာတွေကြားမှာ ကျွန်တော်တို့မိသားစုဟာ 'နိမိတ်မကောင်းတဲ့သူတွေ' လို့ နာမည်ကျော်ကြားခဲ့ပြီး လူတွေက ကြောက်လန့်တကြားနဲ့ ကဲ့ရဲ့ပြောဆိုကြသည့်အထိရောက်ခဲ့ရသည်။ ရွာသားတွေအားလုံးက "ဟေ့... ကျန်မိသားစုဝင်တွေကို အလုပ်ခန့်ချင်တဲ့သူဟာ မိသားစုပျက်စီးပြီး စီးပွားပျက်ဖို့သာ ပြင်ထားပေတော့" လို့ ကောင်းကောင်းကြီး သိထားကြပါတယ်။
နောက်ပိုင်းကျမှသာ ကျွန်တော့်အဖိုးက မိသားစုရဲ့ဖြစ်တည်မှု အမှန်တရားကို ဖွင့်ဟပြောပြခဲ့ခြင်းဖြင့် ကျွန်တော်တို့မိသားစု ဆင်းရဲမွဲတေနေရတဲ့ အကြောင်းရင်းဟာ ဘိုးဘွားသင်္ချိုင်းဂူထဲမှာ မယုံနိုင်စရာကောင်းတဲ့ အရာတစ်ခုကို မြှုပ်နှံထားတယ်ဆိုတာသိခဲ့ရတယ်။
အဲဒါကတော့ 'ဆင်းရဲတွင်းနက်စေတဲ့ သရဲတစ္ဆေ' တစ်ကောင် ဖြစ်ပါသည်။
ကျွန်တော့်အဘိုးအစရှိတဲ့ ဘိုးဘေးတွေ ငယ်ရွယ်စဉ်အခါက ဝဋ်ကြွေးတစ်ခုကို ခံစားခဲ့ရပြီး အကျိုးဆက်အနေနဲ့ အဲဒီသရဲတစ္ဆေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားသင်္ချိုင်းဂူထဲမှာ စတင်အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်။ သရဲတစ္ဆေတစ်ကောင်ဟာ သေလွန်သူတွေရဲ့ အိမ်ဂေဟာထဲကို ဝင်ရောက်လာတဲ့အခါ အသက်ရှင်ကျန်ရစ်သူတွေရဲ့ နေအိမ်ဟာလည်း အေးချမ်းခြင်း မရှိနိုင်တော့ပါဘူး။ သင်္ချိုင်းဂူထဲမှာ အဲဒီသရဲတစ္ဆေ အခြေချနေထိုင်ကတည်းက အသက်ရှင်ကျန်ရစ်သူတွေဟာ ဆံပင်ဖြူတဲ့အထိ ဆင်းရဲမွဲတေဖို့ ကံပါလာခဲ့စေပါသည်။ အဲဒီသရဲတစ္ဆေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘွားသင်္ချိုင်းဂူထဲမှာ ခိုအောင်းနေပြီး ကျွန်တော်တို့ ကျန်မိသားစုဝင်တွေကို မျိုးဆက်တစ်ခုပြီးတစ်ခု သေဆုံးတဲ့အထိ ဆင်းရဲဒုက္ခတွေ ပေးခဲ့ပါတယ်။ ဒါဟာ ကျန်မိသားစုဝင်တွေရဲ့ ကံကြမ္မာအစပျိုးခဲ့ခြင်းဖြစ်စေပါသည်။
ကျွန်တော့်အဖေမှာ မူလက သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ရှိခဲ့ပါတယ်။ကျွန်တော့်ရဲ့ အစ်ကိုကြီးဖြစ်သူ (သားအကြီးဆုံး) ဟာ ငယ်စဉ်ကတည်းက စာကြိုးစားပြီး ပညာရေးကို မြတ်နိုးသူဖြစ်လို့ ရွာထဲမှာ နာမည်ကြီးတဲ့ ပညာတတ်တစ်ဦး ဖြစ်ခဲ့ကာ သူရေးသားတဲ့ စာစီစာကုံးတွေကို ပြင်ပကလူတွေက အလွန် ချီးမွမ်းခဲ့ကြသည်။ နောက်ပိုင်းမှာ အစ်ကိုကြီးဟာ အထုပ်အပိုးတွေကို ပြင်ဆင်ပြီး ပညာသင်ကြားဖို့ အိမ်ကနေ ထွက်ခွာသွားခဲ့ပေမယ့် သူ့ရဲ့ရုပ်အလောင်းသာ အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ခြင်းသာဖြစ်သည်။ ကျွန်တော်တို့မိသားစုက ဆင်းရဲလွန်းလို့ အစ်ကိုကြီးရဲ့ ပညာသင်စရိတ်ဟာ မိသားစုရဲ့ စုဆောင်းငွေအားလုံးနီးပါးကို ကုန်ဆုံးစေခဲ့သည်။ မြို့ကို ရောက်တဲ့အခါ ဝမ်းရေးအတွက် မြစ်ထဲကို ဆင်းပြီး ငါးဖမ်းနေစဥ်မှာဘဲ ဘယ်သူက သိမှာလဲ... သူဟာ ရေအောက်လိုဏ်ဂူတစ်ခုနဲ့ တိုးမိပြီး ရေထဲကို နစ်မြုပ်သွားကာ အချိန်အတော်ကြာတဲ့အထိ ရေပေါ်ပြန်မတက်လာနိုင်ခဲ့ခြင်းမရှိခဲ့ခြေ။ ညနေစောင်းကျမှသာ ရေဖောဖောရောင်နေတဲ့ ရုပ်အလောင်းကြီးတစ်ခုအနေနဲ့ဘဲ ပေါ်လာခဲ့သည်။
ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကျတော့ စာပေမှာ ထူးချွန်မှုမရှိပေမယ့် ခွန်အားဗလ အလွန်ကြီးမားတဲ့ ကောင်းချီးကို ရရှိထားသူပါ။ သစ်ပင်ခုတ်တဲ့အခါ လူနှစ်ယောက်စာ အလုပ်ကို တစ်ယောက်တည်း လုပ်နိုင်စွမ်း ရှိပါတယ်။ သို့သော်လည်း တောင်ပေါ်ကို သွားတဲ့ ခရီးတစ်ခုမှာ အပိုဝင်ငွေလေး ရလိုရငြား မှောင်မိုက်နေတဲ့အချိန် သစ်ခုတ်ရင်းနဲ့ နောက်ဆုံးမှာတော့ ဝံပုလွေတွေရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရသည်။ သူ့ရဲ့မျက်နှာ တဝက်လောက်သာ အိမ်ကို ရွာသားအချို့ကပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
သားနှစ်ယောက်လုံးကို ဆက်တိုက် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော့်အမေဟာ ဖျားနာသွားပြီး ငိုကြွေးလွန်းလို့ အကြိမ်ကြိမ် သတိမေ့မြောခဲ့ရသည်။ အဖေဖြစ်သူဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး ဘိုးဘွားသင်္ချိုင်းဆီကို ပြေးသွား၍ သူဟာ ဘိုးဘွားသင်္ချိုင်းကို တူးဆွပြီး အဲဒီ ဆင်းရဲတွင်းနက်စေတဲ့ သရဲတစ္ဆေကို အပြင်ကို ဆွဲထုတ်ချင်နေခဲ့သည်။
အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရဲ့ သေဆုံးမှုဟာ နောက်ဆုံးတော့ အဲဒီသရဲတစ္ဆေ သယ်ဆောင်လာတဲ့ ကံဆိုးမိုးမှောင်ကျမှုကြောင့် ဖြစ်ရတာပါပဲ။ အဖေက အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရဲ့ သေဆုံးမှုကို အဲဒီသရဲတစ္ဆေအပေါ်မှာပဲ လုံးလုံးလျားလျား အပြစ်ပုံချခဲ့သည်။ အကယ်၍ အဲဒီသရဲတစ္ဆေသာ မရှိခဲ့ရင် သူတို့မိသားစုဟာ ဘာဖြစ်လို့ ဒီလောက်တောင် ဆင်းရဲမွဲတေနေရမှာလဲ။ သူ့ရဲ့သားတွေကကော ညဉ့်နက်သန်းခေါင်မှာ ငါးဖမ်းတာ ဒါမှမဟုတ် သစ်ခုတ်တာတွေ လုပ်စရာ လိုအပ်ပါ့မလား။
ဒီအကြောင်းကို ကြားရတဲ့အခါ ကျွန်တော့်အဖိုးဟာ သွေးအန်မတတ် ပူပန်သောကပေါင်းများစွာဖြစ်လျက် ဘိုးဘွားသင်္ချိုင်းဆီ ရောက်သွားတဲ့အချိန်မှာတော့ အားလုံး နှောင်းသွားခဲ့ပါပြီ။
မျက်လုံးအစုံ နီမြန်းနေတဲ့ အဖေဟာ ပထမဆုံး ဂေါ်ပြားချက်ကို စိုက်ချလိုက်ပါတော့သည်။ လင်းထိန်လုနီးပါး ဖြစ်နေတဲ့ ကောင်းကင်ကြီးဟာ ရုတ်တရက် မိုးခြိမ်းသံတွေ၊ လျှပ်စီးလက်သံတွေနဲ့ ပြည့်နှက်သွားပြီး မှောင်မိုက်၍လာပါတော့သည်။ အုန်းအုန်းခြိမ်းနေတဲ့ မိုးခြိမ်းသံတွေဟာ နတ်ဒေဝါတွေနဲ့ မိစ္ဆာတွေက သူ့ကို မောင်းထုတ်ကဲ့ရဲ့နေသလိုပါပဲ။ အဖေလည်း ကောင်းကင်ကိုမော့ ကြည့်ပြီး ကြက်သီး တစ်ဖြန်းဖြန်းထလျက် အဖေ့ရဲ့လက်တွေဟာလည်း တုံ့ဆိုင်း၍ နေလေတော့သည်။အဖိုးက ဘေးကနေပြီး
"မတူးနဲ့၊ မတူးနဲ့။ ဒါဟာ ကြီးမားတဲ့ ဘေးဒုက္ခကြီးပဲ၊ ကျန်မိသားစုဝင်တွေအတွက် ကြီးမားတဲ့ ဘေးဒုက္ခကြီး ရောက်တော့မယ်" လို့ အော်ဟစ်တားမြစ်နေသည်။
ဒါပေမဲ့ အဖေဟာ မွေးရာပါ ခေါင်းမာပြီး ပုန်ကန်လိုစိတ် ရှိသူဖြစ်လို့ ဒီတားမြစ်ချက်က သူ့ရဲ့စိတ်ပိုင်းဖြတ်မှုကို ပိုပြီးတော့ပဲ မီးထိုးပေးသလို ဖြစ်သွားခဲ့သည်။ သူဟာ သွားကို ကြိတ်ပြီး နောက်ထပ် ဂေါ်ပြားတစ်ချက်ကို ထပ်မံ စိုက်ချလိုက်သည်။
ဒီဂေါ်ပြားချက်ကြောင့် ရွာထဲမှာရှိတဲ့ ငှက်တွေနဲ့ သားရဲတိရစ္ဆာန်တွေအားလုံး ထိတ်လန့်တကြား ပျံသန်းထွက်ပြေးကုန်ကြပြီး ခွေးတွေနဲ့ ဝက်တွေဟာလည်း ကြောက်လန့်တကြား မြေပြင်ပေါ်မှာ ဝပ်စင်းနေခဲ့ကြသည်။ အဖေက တတိယမြောက် ဂေါ်ပြားချက်ကို စိုက်ချလိုက်တဲ့အခါမှာတော့ ဂေါ်ပြားအောက်ကနေ သွေးတွေ ပန်းထွက်လာခဲ့တော့သည်။ ဒီရိုက်ချက်ဟာ တစ်စုံတစ်ခုကို ထိခိုက်ဒဏ်ရာရစေခဲ့သလိုပါပဲ။
အဖိုးရဲ့မျက်နှာဟာ ဖြူလျော်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားကာ "ပြီးပါပြီ... သေလွန်သူတွေရဲ့ အိမ်ဂေဟာကို တူးဆွလိုက်ပြီ၊ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေက ကောင်းကင်ယံကို သတ်ဖြတ်နေကြပြီ၊ ကျန်မိသားစုဝင်တွေအတွက် ကြီးမားတဲ့ ဘေးဒုက္ခကြီးပဲ၊ ကြီးမားတဲ့ ဘေးဒုက္ခကြီး ကျရောက်လာပြီ..." လို့ တတွတ်တွတ် ရေရွတ်နေခဲ့ပါတော့သည်။
အဖေက တံတွေးကို အနိုင်နိုင် မျိုချလိုက်သည်။ သူလည်းပဲ တစ်စုံတစ်ခု မှားယွင်းနေပြီဆိုတာကို ရိပ်မိလိုက်ပေမယ့် ဒီအချိန်မှာတော့ သူ ရပ်တန့်လို့ မရတော့ချေ။ သူဟာ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် တူးဆွနေခဲ့သည်။ သူ တူးထုတ်လိုက်တဲ့ မြေဆီလွှာတွေဟာ ဘယ်အချိန်ကတည်းက စပြီး သွေးတွေ စွန်းထင်နေမှန်းမသိဘဲ အလွန် စိုစွတ်နေခဲ့သည်။ လတ်ဆတ်တဲ့ သွေးတွေလို ရွှံ့ညွန်တွေဟာ ဂေါ်ပြားပေါ်ကနေ လျှော၍ကျလာသည်။
နောက်ဆုံးမှာတော့ ဘိုးဘွားသင်္ချိုင်းဂူဟာ လုံးဝ ပွင့်ထွက်သွားပြီး နေရောင်ခြည်နဲ့ ပြန်လည် ထိတွေ့ခွင့် ရသွားခဲ့သည်။
ဂျိမ်း... ဂျိမ်း...။
မိုးခြိမ်းသံတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး စူးရှလှတဲ့ အလင်းတန်းတစ်ခုက မှောင်မိုက်နေတဲ့ မြေပြင်ကို ခဏတာ လင်းထိန်သွားစေသည်။ လျှပ်စီးအလင်းက ရွှံ့နွံတွေ ပေကျံနေတဲ့ အဖေ့ရဲ့မျက်နှာကို လင်းပွင့်သွားစေပေမယ့် သူ့ရဲ့မျက်နှာအမူအရာကတော့ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ကြောက်မက်ဖွယ် ကစဉ့်ကလျားဖြစ်ခြင်းတွေနဲ့ ပြည့်နှက်နေသည်။ အဖေဟာ ဘိုးဘွားသင်္ချိုင်းဂူထဲကို စိုက်ကြည့်နေရင်း လက်ထဲက ဂေါ်ပြားဟာ အားအင်ကုန်ခမ်းစွာနဲ့ လွတ်ကျသွားခဲ့သည်။
အဖေဟာ အဲဒီ ဘိုးဘွားသင်္ချိုင်းဂူမှာတင် သေဆုံးသွားခဲ့ရသည်။
အဖေဟာ ဘိုးဘွားသင်္ချိုင်းဂူထဲမှာ ဘာကို မြင်တွေ့ခဲ့ရလဲ၊ ဒါမှမဟုတ် သူ ဘယ်လို သေဆုံးသွားခဲ့လဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ အဖိုးဟာလည်း အဲဒီဖြစ်ရပ်ပြီးကတည်းက စိတ်ဖောက် အူကြောင်ကြောင် ဖြစ်သွားခဲ့ပြီး တစ်နေ့လုံး "ကျန်မိသားစုဝင်တွေအတွက် ကြီးမားတဲ့ ဘေးဒုက္ခကြီးပဲ၊ ကြီးမားတဲ့ ဘေးဒုက္ခကြီးပဲ" လို့ တတွတ်တွတ် ရေရွတ်နေခဲ့သည်။
အဖေ သေဆုံးသွားတဲ့အချိန်မှာ အမေက ကျွန်တော့်ကို ကိုယ်ဝန်လွယ်ထားရပြီ ပူဆွေးသောကတွေ ဆင့်ကဲခံစားရမှုကြောင့် ကျွန်တော်ဟာ အမိဝမ်းထဲမှာတင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာပဲ အိမ်နီးနားချင်းတွေက ကူညီပေးပြီး ဆရာဝန်ဆီကို အချိန်မီ ပို့ဆောင်ပေးခဲ့သည်။ အဲဒီအချိန်ကစပြီး မိသားစုတစ်ခုလုံးဟာ အမေတစ်ယောက်တည်းရဲ့ ရုန်းကန်လှုပ်ရှားမှုအပေါ်မှာပဲ မှီခိုခဲ့ရပါတော့သည်။ စိတ်ဖောက်နေတဲ့ အဖိုးနဲ့ ခုနစ်နှစ် ရှစ်နှစ်အရွယ်သာ ရှိသေးတဲ့ အစ်မဖြစ်သူတို့ဟာ အမေ့အတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေခဲ့ရသည်။
ရွာသားတွေက အမေ့ကို အသက်ငယ်သေးလို့ နောက်အိမ်ထောင်ပြုနိုင်ကြောင်း၊ ဘာဖြစ်လို့ ဒီလို ပျက်စီးနေတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ထားရမှာလဲလို့ အကြံပေးကြသည်။ သူတို့က ဝမ်းထဲက သန္ဓေသားကို ဖျက်ချလိုက်ပြီး သမီးဖြစ်သူကို ခေါ်ကာ အဆင်ပြေမယ့် မိသားစုတစ်ခုခုနဲ့ လက်ထပ်လိုက်တာက မုဆိုးမဖြစ်နေတာထက် ပိုကောင်းလိမ့်မယ်လို့ အကြံပေးကြသည်။ အမှန်အတိုင်း ပြောရရင် အမေ့မှာလည်း ဒီလိုစိတ်ကူးမျိုး ရှိခဲ့ပါသည်။ အဲဒီနေ့က အမေဟာ မိုးလင်းတာနဲ့ မြို့ကိုသွားပြီး ကိုယ်ဝန်ဖျက်ချဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ မိုးလင်းပြီးတဲ့နောက်မှာတော့ အမေဟာ စိတ်ပြောင်းသွားခဲ့ပြီး ဘာညည်းညူသံမှ မရှိဘဲ ဒီလို ပျက်စီးနေတဲ့ အိမ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ ရွာသားတွေပြောပြချက်အရ အဲဒီညက အဖေ့ကို မြင်တွေ့ခဲ့ရသူ ရှိတယ်လို့ ကြားခဲ့ရသည်။ အဖေ့ကြောင့်ပဲလားတော့မသိ၊ ကျွန်တော်ဟာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ပြီး မွေးဖွားလာခဲ့သည်။
ကျွန်တော် မွေးဖွားလာတဲ့ အချိန်ကလည်း အလွန် ထူးဆန်းလှပေ။
ကျွန်တော်ဟာ သတ်မှတ်ထားတဲ့ ရက်ထက် လေးလစောပြီး အရွယ်မတိုင်ခင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အမေဟာ နာကျင်လွန်းလို့ အော်ဟစ်နေခဲ့ပြီး ကလေးသုံးယောက် မွေးဖူးထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လုံးဝ မတူ။ ရွာဆေးပေးခန်းရဲ့ အခြေအနေက မကောင်းတာကြောင့် ရွာလူကြီးက ချက်ချင်းပဲ လူတစ်ယောက်ကို အမေ့ကို မြို့ကို ပို့ဆောင်ဖို့ ထရက်တာ မောင်းခိုင်းခဲ့သည်။ ထရက်တာ အင်ဂျင်သံဟာ ဟိန်းခနဲ မြည်ဟည်းသွားခဲ့ပြီး ဒါဟာ ရွာထဲမှာ အဖိုးတန်ဆုံး ယာဉ်တစ်စီးပါပဲ။
ဒါပေမဲ့ အမေ ကားပေါ်တက်လိုက်တာနဲ့ ထရက်တာဟာ ရုတ်တရက် အင်ဂျင်စက်သေသွားပြီး မောင်းသူက ဘယ်လိုပဲ ပြင်ဆင်ပြင်ဆင် ယာဉ်က လုံးဝ နှိုးလို့မရတော့ပါဘူး။ တစ်ဖက်မှာလည်း အမေက နာကျင်လွန်းလို့ အော်ဟစ်နေပြီး ရွာလူကြီးကတော့ ပူပန်သောကရောက်ကာ ခေါင်းကို ကုတ်ရင်း နွားလှည်းကို သွားယူဖို့ လူတွေကို လှည့်အော်ပြောနေခဲ့သည်။ နွားလှည်းက ထရက်တာလောက် မမြန်ပေမယ့် အနည်းဆုံးတော့ ရွေ့လျားနိုင်ပါသေးသည်။
နွားလှည်းသွားယူတဲ့လူဟာ မကြာခင်မှာပဲ ချွေးတလုံးလုံးနဲ့ ပြန်ရောက်လာပြီး "ရွာလူကြီး... အဲဒီနွားက ရူးသွားပြီဗျာ။ နွားက မြေပြင်ပေါ်မှာ ဒူးထောက်ထားပြီး ဘယ်လိုမှ ရွှေ့လို့မရဘူး။ ကျွန်တော် ရိုက်နှက်လိုက်တာ နွားအရေခွံတောင် ပြတ်လုနီးပါး ဖြစ်နေပြီ၊ ဒါပေမဲ့ အဲဒီနွားက အိမ်သာထဲက ကျောက်ခဲလိုပဲ ခေါင်းမာနေတယ်"
ရွာလူကြီးက သူ့နဖူးကို ရိုက်လိုက်ပြီး "တောက်... တစ်ခုခုဖြစ်ပြီဆိုရင် အခက်အခဲတွေက အကုန်လုံး စုပြုံရောက်လာတော့တာပဲ။ မနက်ဖြန်ကျရင် မင်းကို သတ်စားပစ်မယ်၊ တိရစ္ဆာန်စုတ်။ ဒါဆို မဖြစ်ဘူး၊ မြန်မြန် လက်တွန်းလှည်း သွားရှာချေ။ တိရစ္ဆာန်တွေ အလုပ်မလုပ်ရင် လူတွေကပဲ မြို့ကို တွန်းပို့ကြမယ်"
အတော်လေး ရုန်းကန်လှုပ်ရှားပြီးတဲ့နောက်မှာတော့ နောက်ဆုံးမှာ အမေ့ကို လက်တွန်းလှည်းပေါ် တင်ပေးနိုင်ခဲ့ပြီး မြို့ကို ဦးတည်၍လာခဲ့ကြသည်။ အဲဒီအချိန်မှာ မိုးခြိမ်းသံကြီး မြည်ဟည်းသွားပြီး မိုးသည်းထန်စွာ ရွာသွန်းချလိုက်သည်။ ကျေးလက်တောရွာရဲ့ ရွှံ့ဗွက်လမ်းဟာ မိုးရေကြောင့် စိုစွတ်ကုန်ပြီး အလွန်တရာ ရွှံ့ဗွက်ထူထပ်သွားခဲ့ရသည်။ လက်တွန်းလှည်းဟာ သိပ်မဝေးခင်မှာပဲ ရွှံ့ဗွက်ထဲမှာ နစ်ဝင်သွားပြီး ပြန်မတက်နိုင်တော့ချေ။
အမေဟာ နာကျင်လွန်းလို့ သတိမေ့မြောသွားခဲ့ပြီး သူ့ရဲ့အောက်က သွေးတွေဟာ မိုးရေတွေနဲ့အတူ ရောနှောစီးဆင်း၍နေလေသည်။ ဒါဟာ ကောင်းကင်ကြီးက ကျွန်တော်တို့ ကျန်မိသားစုဝင်တွေကို တမင်တကာ အခက်အခဲဖြစ်အောင် လုပ်နေသလိုပဲ၊ ကျွန်တော့်ကို မွေးဖွားခွင့် မပေးချင်တာလား။ နေရာတိုင်းမှာ ကျွန်တော့်ရဲ့ အသက်ကို ရန်ရှာနေခဲ့သည်။
ဒါပေမဲ့ လူတွေးသော်လည်း နတ်ကူမှသာ ဖြစ်ရတာပါ။
ဝတ်စုံဖြူဝတ်ဆင်ထားတဲ့ တာအိုဆရာတစ်ပါးဟာ မိုးခိုဖို့ ရွာထဲကို ဝင်လာခဲ့ပြီး ဒီမြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွားခဲ့သည်။ တာအိုဆရာက သူ့လက်ကို ရွှံ့ဗွက်အနည်းငယ်နဲ့ တို့ထိပြီး လက်တွန်းလှည်းပေါ်မှာ အကြိမ်အနည်းငယ် ရေးဆွဲလိုက်ကာ အသာအယာ တွန်းလိုက်ရုံနဲ့ လှည်းဟာ ရွှံ့ဗွက်ကျင်းထဲကနေ ထွက်လာသည်။ လူတွေအားလုံး ဆွံ့အသွားခဲ့ကြရသည်။ သူတို့ လူအများကြီး တွန်းတာတောင် မရတဲ့အရာကို ဒီတာအိုဆရာကြီးက လက်တစ်ဖက်တည်းနဲ့ လုပ်နိုင်တာလား။ အဲဒီအချိန်မှာ မိုးကလည်း စဲသွားခဲ့ပြီ။ တာအိုဆရာကြီးရဲ့ အကြည့်တွေဟာ အမေ့ထံမှာ ခေတ္တမျှ ရပ်တန့်နေခဲ့သည်။
ရွာလူကြီးက ကျေးဇူးတင်စကားဆိုရင်း တာအိုဆရာကြီးကို ရွာထဲမှာ အနားယူဖို့ ဖိတ်ခေါ်လိုက်သည်။ လူငယ်တစ်စုဟာ မကြာခင်မှာပဲ ပြန်ရောက်လာကြသည်။
ရွာလူကြီးက အံ့သြသွားပြီး "မင်းတို့အားလုံး ဘာဖြစ်လို့ ပြန်လာကြတာလဲ"
လူတစ်ယောက်က "ကျွန်တော်တို့ ဆရာဝေနဲ့ တိုးမိလို့ပါ။ သူက မြို့ကနေ ခုတင်တင် ပြန်လာတာ၊ လမ်းမကြီး ပိတ်နေတယ်လို့ ပြောတယ်။ ရွာရဲ့ အနောက်ဘက်မှာ လမ်းကြားလေးတစ်ခု ရှိတယ်၊ အဲဒီလမ်းကြားက အရမ်းမြန်ပြီး ရွှံ့လည်း မရှိဘူးတဲ့။ ဘာဖြစ်လို့ လူကြီးတွေ အများကြီး သွားနေမှာလဲ၊ လူနှစ်ယောက် တွန်းရင် ရပြီပဲ၊ ကျွန်တော်တို့ကို ပြန်ပြီး အဝတ်အစားလဲကြ ဆေးရုံမှာ စောင့်ရှောက်ဖို့ အမျိုးသမီးနှစ်ယောက်လောက် လိုက်လာရင် မရဘူးလား" လို့ ပြန်ပြောပြလိုက်သည်။
ရွာလူကြီးက ဒါကို ကြားရတဲ့အခါ ထခုန်သွားပြီး အဲဒီလူရဲ့ ပါးကို ရိုက်ချလိုက်ကာ
"မင်း နေ့ခင်းကြောင်တောင်မှာ ဘာ သရဲစကားတွေ လာပြောနေတာလဲ။ ဆရာဝေက မနေ့ကတင် ဆေးရုံမှာ ရောဂါနဲ့ သေဆုံးသွားခဲ့တာ၊ ပြီးတော့ မနေ့ကပဲ မြို့မှာ သင်္ဂြိုဟ်လိုက်ပြီ။ မင်းတို့က သူ့ကို ဘယ်လိုလုပ် မြင်ရမှာလဲ" လို့ အော်ဟစ်လိုက်ပါတော့သည်။