Lazy Nerds
Skip to content
ရှာဖွေရန်စာစဉ်အသေးစိတ်
LAZY NERDS

Read great stories on any device. Built for fast discovery, smooth reading, and a modern admin workflow.

Lazy Nerds သည် Zentry Digital Myanmar ၏ ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။

zentrydigitalmm.com

Explore
Browse novelsSubscribeFacebook
Account
Sign inCreate accountAdmin
© 2026 Lazy Nerds. All rights reserved.
TermsPrivacy
ပင်မရှာဖွေရန်စာကြည့်တိုက်ပရိုဖိုင်
Soul Land - အရက်မူးဓားအင်မော်တယ်စာစဉ်
FantasyActionAdventureFan FictionOverpoweredCultivation70 chapters2,878 viewsUpdated Jun 09, 2026

Soul Land - အရက်မူးဓားအင်မော်တယ်

EN

Douluo: The Exiled Immortal Descends, Sword and Wine Slay the Gods

5.022 reviews
စာရေးသူ:JinTLဘာသာပြန်သူ:Sam Sara
"ပါရမီရှင်အဖြစ် ချီးမွမ်းထောပနာပြုကြစဉ်က ဝိုင်းဝန်းခြံရံခဲ့ကြသော်လည်း၊ အခြေအနေ ပျက်ယွင်းကျဆင်းသွားချိန်တွင်မူ ဖနောင့်နှင့်ပေါက်ကာ ရက်ရက်စက်စက် စွန့်ပစ်သွားခဲ့ကြလေသည်..." ‘လီကျယ်ရှန်း’ သည် ‘ရတနာခုနစ်ပါးကလန်’ ၏ သမိုင်းတစ်လျှောက်တွင် တစ်ယောက်ရခဲလှသည့် ပါရမီရှင်ထူးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။ အစွမ်းထက်လှသော ‘ချင်းလျန်ဓား’ သိုင်းဝိညာဉ်အပြင်၊ မွေးရာပါ အမြင့်ဆုံးဝိညာဉ်စွမ်းအားကိုပါ ပိုင်ဆိုင်ထားသူဖြစ်ရာ ကလန်၏ အဖိုးတန်ရတနာလေးဖြစ်သော ‘နင်ရုန်ရုန်’ နှင့်ပင် စေ့စပ်ကြောင်းလမ်းပေးခြင်း ခံခဲ့ရသည်။ သို့သော်လည်း ကံကြမ္မာနတ်သမီးသည် သူ၏အပေါ်သို့ ရုတ်တရက် မျက်နှာလွှဲခဲ့လေသည်။ ခြောက်နှစ်တိုင်တိုင် သူလျှောက်လှမ်းရမည့် ကျင့်ကြံခြင်းလမ်းစဉ်သည် စိုးစဉ်းမျှ တိုးတက်မှုမရှိဘဲ လုံးဝရပ်တန့်သွားခဲ့ရာ... တစ်ချိန်က သူ့ကို မြှောက်တင်ပင့်မြှောက်ခဲ့ကြသူများသည် တစ်ယောက်ပြီးတစ်ယောက် ဖယ်ကြဉ်သွားကြပြီး၊ ဂုဏ်သိက္ခာကြီးမားလှသည့် စေ့စပ်ပွဲသည်လည်း ရက်ရက်စက်စက် ဖျက်သိမ်းခြင်း ခံလိုက်ရတော့သည်။ သို့ရာတွင် အရှုံးမပေးတတ်သည့် စိတ်ဓာတ်ရှိသော လီကျယ်ရှန်းသည် ကလန်မှ ထွက်ခွာလာခဲ့ပြီးနောက် မိမိ၏ကျင့်ကြံမှု အဘယ်ကြောင့် ရပ်တန့်နေရသည်ဟူသော လျှို့ဝှက်ချက်အမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ထိုအရာမှာ အခြားမဟုတ်၊ သူသည် တစ်လောကလုံးတွင် ရှားမှရှားသည့် ‘ဓား နှင့် ဝိုင်’ အမြွှာသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်လေသည်။ မြုပ်ကွယ်နေသော စွမ်းအားများ နိုးထလာသည့်အခါတွင်မူ သူ၏ကျင့်ကြံမှုအဆင့်သည် ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့တော့သည်။ ခါးတွင် ဝိုင်ဘူးသီးလေးချိတ်ဆွဲကာ လက်ထဲ၌ နတ်ဓားတစ်လက်ကို ကျစ်ကျစ်ပါအောင် ကိုင်စွဲလျက် ‘တုံ့‌လော်တိုက်ကြီး’ တစ်ခွင်ရှိ သူရဲကောင်းအပေါင်းကို စိန်ခေါ်ရန် လီကျယ်ရှန်းတစ်ယောက် စတင်ထွက်ခွာလာခဲ့လေသည်။ နှစ်အနည်းငယ်အကြာ ‘ဝိညာဉ်သခင်ပြိုင်ပွဲကြီး’ သို့ သူပြန်လည်ရောက်ရှိလာချိန်တွင်မူ... တစ်ချိန်က သူ့ကို အမှိုက်သဖွယ် သတ်မှတ်နှိမ်ချခဲ့သူအားလုံးသည် ‘စစ်မှန်သော ဓားနတ်ဘုရား’ တစ်ပါး၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်ဝယ် အသက်ရှူရပ်မတတ် ငေးမောကြည့်နေရုံမှတစ်ပါး အခြားမတတ်နိုင်ကြတော့ပေ။ သို့သော်လည်း လီကျယ်ရှန်း၏ ရည်မှန်းချက်ကား လူ့လောက၌တင် ရပ်တန့်မနေခဲ့ချေ။ သူ၏နောက်ဆုံးပန်းတိုင်မှာ— "နတ်ဘုရားတို့၏ နယ်ပယ်ကိုပါ ထိပ်တိုက်ရင်ဆိုင်၍ နတ်ဘုရားအပေါင်းကို မိမိ၏ဓားဦးရှေ့၌ ဒူးထောက်ဝပ်စင်းစေရန်ပင်" ဖြစ်တော့သည်။
စာစဖတ်မယ်
စာအမှတ်အသားများနှင့် ဖတ်ရှုမှုမှတ်တမ်းကို သိမ်းရန် အကောင့်ဝင်ပါ။
အကြောင်းအရာ

အခန်းများ

ရှာဖွေရန် ပြန်မည်
70 / 70 ခု
အဆင့်သတ်မှတ်ချက်နှင့် သုံးသပ်ချက်များ

ဖတ်သူများ သုံးသပ်ချက်