ENDouluo: Getting Stronger with Every Breath, Tang San is Terrified
လုချန်ဆိုတဲ့ ကောင်လေးတစ်ယောက် ဝိညာဉ်ကူးပြောင်းပြီး ဒဏ္ဍာရီလာ ဝိညာဉ်ကုန်းမြေကို ရောက်လာခဲ့တယ်။
ကူးပြောင်းသူတွေရဲ့ ထုံးစံဆိုသလိုပဲ လုချန်ဟာလဲ အသက်ရှုတိုင် သန်မာလာနိုင်တဲ့ ရွှေလက်ချောင်းကို ပိုင်ဆိုင်ထားခဲ့တယ်။
ကံကောင်းတာက နိုးထခြင်းအခန်းအနားမှာ သူဟာ အမွှာဝိညာဉ်ကို နိုးထလာနိုင်ခဲ့ပြီး ကံဆိုးတာက သူ့ရဲ့ နိုးထလာတဲ့ သိုင်းဝိညာဉ်နှစ်ခုလုံးက သုံးစားမရပါဘူးဆိုတဲ့ ငွေပြာမြက်သိုင်းဝိညာဉ်နဲ့ လယ်လုပ်ဖို့ပဲ သုံးစားရတဲ့ အနက်ရောင် သံမဏိ တံစဥ် ဖြစ်နေခဲ့တာပဲ။
ဒါ့အပြင် ထန်စန်းနဲ့ တစ်ရွာတည်းသားဖြစ်နေခဲ့တာပဲ။
ထန်စန်းရဲ့ အဖေဖြစ်တဲ့ အနိုင်ကျင့် ဗိုလ်ကျတဲ့ ထန်ဟောက်ဟာ လုချန်ရဲ့ မိသားစုကို ဖိအားပေးပြီး နော့တင်းအကယ်ဒမီရဲ့ ဝင်ခွင့်ကို လုယူသွားခဲ့တယ်။
ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ လုချန်က ဤအရာကို မည်သို့ ခံနိုင်မည်နည်း။
အဲ့နေ့ကစပြီး လုချန် စိတ်ထဲကနေ ကျိန်ဆိုလိုက်တယ်။
"ထန်စန်း... ထန်ဟောက် မင်းတို့နှစ်ယောက် တစ်နေ့ကျရင် လောကကြီးမှာ နေရာတာကို စိတ်ကုန်သွားတဲ့အထိ ငါလုပ်ပြမယ်..."
လုချန်ရဲ့ ထန်စန်းသားအဖနှိမ်နှင်းရေးခရီးစဥ်ကို လိုက်ပါ ဖတ်ရှုလိုက်ကြစို့ဗျာ........