အခန်း ၁ - ငွေပြာမြက် နှင့် သံမဏိတံစဉ်
သူတော်စင်ဝိညာဉ်ရွာ
လူတိုင်းခန့်မှန်းထားသည့်အတိုင်း ဤရွာက ထန်စန်းနေထိုင်သည့်ရွာ ဖြစ်သည်။ ယနေ့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝိညာဉ်နိုးထခြင်းရက်ပင်။
ရွာအလယ်ဗဟိုရှိ ဝိညာဉ်ခန်းမရွာရုံးခန်းမှာ အမှန်တကယ်တော့ သာမန်သစ်သားအိမ်လေးသာ ဖြစ်၏။
နာမည်ကျော် မျက်ကန်းနတ်ဘုရားဟု လူသိများသည့် စုယွင်ထောင်သည် သူတော်စင်ဝိညာဉ်ရွာရှိ ကလေးငယ်များ၏ ဝိညာဉ်ကို နိုးထစေရန် ကူညီပေးနေခဲ့သည်။
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ ပြောင်းလဲထားသည့် စုယွင်ထောင်သည် ခြေထောက်အောက်မှ ဝိညာဉ်လက်စွပ် နှစ်ကွင်း - အဖြူတစ်ကွင်းနှင့် အဝါရောင်တစ်ကွင်း - ထွက်ပေါ်လာကာ ရှေ့ရှိ ခြောက်နှစ်အရွယ် ကလေးငယ်များကို ဝိညာဉ်နိုးထခြင်း ကျောက်တုံးများဖြင့် စီထားသည့် အစီရင်ဆီသို့ တစ်ဦးပြီးတစ်ဦး ခေါ်ဆောင်သွားသည်။
စုယွင်ထောင်၏ လမ်းညွှန်မှုအောက်တွင် သူတော်စင်ဝိညာဉ်ရွာမှ ကလေးများသည် ၎င်းတို့၏ ဝိညာဉ်များကို နိုးထလာကြသည်။ အချို့မှာ ဟင်းသီးဟင်းရွက်ကဲ့သို့ဖြစ်ပြီး အချို့မှာ ကိရိယာတန်ဆာပလာများကဲ့သို့ ဖြစ်သည်။ သို့သော် ခြွင်းချက်မရှိဘဲ စုယွငါထောင်၏ အထူးစစ်ဆေးမှုများအရ သူတို့တွင် ဝိညာဉ်စွမ်းအားလုံးဝ မရှိကြချေ။
ဒိုလောကမ္ဘာတွင် ဝိညာဉ်စွမ်းအား အဆင့်တစ်ဝက်မျှ ရှိသူမှသာ နေ့စဉ် တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းဖြင့် ဝိညာဉ်စွမ်းအားကို တိုးတက်စေနိုင်သည်။
အဆင့် ၁၀ သို့ ရောက်သည်နှင့် ဝိညာဉ်သားရဲကို အမဲလိုက်ကာ ဝိညာဉ်ကွင်းကို စုပ်ယူပြီး လေးစားအပ်သော ဝိညာဉ်ဆရာသခင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
သို့သော် ဝိညာဉ်စွမ်းအား မရှိလျှင်မူ အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ဝိညာဉ်စွမ်းအား မရှိပါက ဘဝတစ်လျှောက်လုံး သာမန်လူသားအဖြစ်သာ နေသွားရမည်ဖြစ်ပြီး ဘဝကို ပြောင်းလဲရန် မျှော်လင့်ချက် မရှိချေ။
ဝိညာဉ်နိုးထခြင်းကို ဆက်တိုက်လုပ်ဆောင်နေရသဖြင့် စုယွင်ထောင်၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာခဲ့သည်။ နောက်ဆုံးကလေး နှစ်ဦးကို ကြည့်ပြီးနောက် အရပ်ပု၍ သာမန်ရုပ်ရည်ရှိသည့် ကလေးကို ဝိညာဉ်နိုးထခြင်း အစီရင်အတွင်း ဝင်ရန် ခေါ်လိုက်သည်။ ဤကလေးမှာ ဒိုလောကမ္ဘာ၏ မူလဇာတ်လိုက် ထန်စန်းပင်။
ထန်စန်းသည် စီရင်ချက်ထဲသို့ ဝင်ရောက်ကာ စုယွငါထောင်၏ လမ်းညွှန်မှုဖြင့် ၎င်း၏ ဝိညာဉ်ကို နိုးထစေခဲ့ရာ သေးငယ်ပြီး နူးညံ့လှပသည့် အပြာရောင်အပင်လေးတစ်ပင် ထွက်ပေါ်လာခဲ့သည်။ ထိုအပင်ကို ကြည့်ပြီး စုယွင်တောင်၏ မျက်နှာတွင် စိတ်ပျက်မှုများ ထင်ရှားစွာ ပေါ်လာဆလသည်။
"ငွေပြာမြက်... အသုံးမဝင်တဲ့ ဝိညာဉ်ပဲ"
ဤ မျက်ကန်းနတ်ဘုရားသည် အစဉ်အလာအတိုင်း ထန်စန်း၏ ငွေပြာမြက်ဧကရာဇ်ကို ငွေပြာမြက်ဟု မှားယွင်းသတ်မှတ်လိုက်၏။ ထို့နောက် ထန်စန်း၏ ဝိညာဉ်စွမ်းအားကို စမ်းသပ်ရာ ထန်စန်း၏ လက်ကို ပုံဆောင်ခဲလုံးပေါ် တင်လိုက်သည်နှင့် ပုံဆောင်ခဲလုံးမှာ တောက်ပလာပြီး မွေးရာပါ ဝိညာဉ်စွမ်းအားပြည့်ရှိကြောင်း တွေ့လိုက်ရသည်။
စုယွင်တောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်ကာ "မွေးရာပါ ဝိညာဉ်စွမ်းအားပြည့် ဟုတ်လား... တကယ့်ကို မွေးရာပါ ဝိညာဉ်စွမ်းအားပြည့်ပါလား... ကလေးရေ... တကယ်ကို နှမြောစရာပဲ။ မင်းမှာ ဝိညာဉ်စွမ်းအားပြည့် ရှိပေမယ့် မင်းရဲ့ ဝိညာဉ်က ငွေပြာမြက် ဖြစ်နေရတယ်လို့။ ဒီလို အသုံးမဝင်တဲ့ ဝိညာဉ်မျိုးက တိုက်ခိုက်လို့လည်း မရ၊ ကာကွယ်လို့လည်း မရဘူး၊ နောင်ရေးအတွက်လည်း မျှော်လင့်ချက် မရှိဘူး" ဟု ပြောလိုက်၏။
ထန်စန်းသည် တခြားကလေးများနှင့် မတူ စိတ်ပျက်ခြင်း မရှိဘဲ ဝိညာဉ်လက်မှတ်ကို လက်ခံကာ တည်ငြိမ်စွာ ဘေးသို့ ထွက်သွားခဲ့သည်။ ယခုအခါ စုယွင်ထောင်သည် နောက်ဆုံးကလေးကို ကြည့်လိုက်သည်။ "ကလေး... အစီရင်ထဲ ဝင်ခဲ့ပါ။ မင်းရဲ့ ခန္ဓာကိုယ် တောင့်တင်းတာကို ကြည့်ရရင် မင်းမှာ အစွမ်းထက်တဲ့ သားရဲဝိညာဉ်ရှိမှာ သေချာတယ်" ဟု ပြောလိုက်သည်။
နောက်ဆုံးကလေးမှာ လုချန်ဖြစ်သည်။ တခြားကလေးများမှာ အရပ် ၁.၂ မီတာသာ ရှိသော်လည်း သူက ၁.၆ မီတာအထိ မြင့်မားသည်။ သူ၏ ပါးလွှာသော အဝတ်အစားအောက်တွင် ကြွက်သားများ ထင်ရှားနေသဖြင့် စုယွင်ထောင်ပင် မျှော်လင့်ချက် ကြီးမားနေခဲ့သည်။
လုချန်၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ ဝိညာဉ်နိုးထခြင်းဆိုသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။ စုယွင်ထောင်သည် ၎င်း၏ ဝံပုလွေလက်ဖြင့် အစီရင်ပေါ်သို့ တင်ကာ ဝိညာဉ်စွမ်းအားကို စီးဆင်းစေလိုက်သည်။ အစီရင်မှာ တောက်ပလာပြီး လုချန်၏ ခန္ဓာကိုယ်ထဲသို့ အလင်းရောင်များ စီးဝင်သွားကာ သူ၏အတွင်းပိုင်းမှ စွမ်းအားတစ်ခု စတင်နိုးထလာခေသည်။
'ငါ စွမ်းအားတွေ တိုးလာတာ ခံစားရတယ်... ဒါ ငါ့ရဲ့ ဝိညာဉ်လား.. '
တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်။ သုံးမိနစ်ကြာသော်လည်း လုချန်၏ အရှိန်အဝါသာ တိုးလာပြီး ဝိညာဉ်ကိုမူ မတွေ့ရသေးပေ။ စုယွင်ထောင်၏ မျက်နှာမှာ ဖြူဖျော့သွားကာ "အမ်... ဒီဝိညာဉ်က အရမ်းစွမ်းအားကြီးလွန်းလို့ ငါ့ဝိညာဉ်စွမ်းအားတွေကို စုပ်ယူနေတာပဲ" ဟု အော်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားပြီး စုယွင်ထောင်မှာ ခြေလက်များ အားလျော့ကာ မြေပေါ်သို့ လဲကျသွားခဲ့ရသည်။
သို့သော် လုချန်၏ ဝိညာဉ်နိုးထခြင်းမှာ မပျက်စီးသွားဘဲ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ လုချန်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားနှစ်မျိုး - နူးညံ့သောစွမ်းအားနှင့် ပြတ်သားသောစွမ်းအားကို ခံစားလိုက်ရသည်။ အမွှာဝိညာဉ်လော။
သူ၏ ညာလက်ကို ဆုပ်ကာ ဘယ်လက်ကို မြှောက်လိုက်ရာ လက်ဖဝါးထဲတွင် အသက်ဝင်နေသော ငေါပြာရောင်အပင်လေးတစ်ပင် ပေါက်လာခဲ့သည်။ စုယွင်ထောင်သည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားပြီး "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ကုန်အောင် စုပ်ယူပြီးမှ အသုံးမဝင်တဲ့ ငွေပြာရောင်မြက်ပဲ ရတာလား..." ဟု အော်ဟစ်လိုက်လေသည်။
လုချန်မှာမူ စိတ်မပျက်ဘဲ 'ငါ့ရဲ့ ပထမဆုံးဝိညာဉ်က ငွေပြာရောင်မြက်ဆိုရင် ဒုတိယဝိညာဉ်က အနက်ရောင်သံမဏိတံစဉ်ဖြစ်ရမယ်' ဟု တွေးလိုက်၏။
သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ ဖြစ်ပြီး မိခင်မှာ ငွေပြာရောင်မြက်၊ ဖခင်မှာ သံမဏိတံစဉ် ဖြစ်သည်။ သူ၏ ရွှေလက်ချောင်းကြောင့် သူသည် အသက်ရှူတိုင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို စုပ်ယူနိုင်ကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ အားဖြည့်ပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် အသုံးအများဆုံး ဝိညာဉ်နှစ်ခုစလုံးကို တစ်ပြိုင်နက် နိုးထလာခြင်း ဖြစ်ပေလိမ့်မည်။
အခန်း ၁ပြီး