ENDouluo: Family Chat Group, Descendants Raise Me to Become Gods
ယဲ့ရှောင်ဟာ ဟာ ဝိညာဉ်ကုန်းမြေတိုက်ကြီး ကမ္ဘာမှာ နိုးထလာပြီး ကျောက်စိမ်းတံဆိပ်တော် သိုင်းဝိညာဉ်ကို ရရှိခဲ့ပေမယ့် သူ့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအား က အဆင့် ၃ ပဲရှိခဲ့ပါတယ်………
ယဲ့ရှောင်ကသူ့ဘဝဟာ အနာဂတ်မှာ အသုံးမဝင်တဲ့သူတစ်ယောက်အဖြစ်ပဲ အဆုံးသတ်တော့မယ်လို့ တွေးနေချိန်မှာပဲ သူ့စိတ်ထဲကို “ချစ်ခင်ကြင်နာတဲ့ မိသားစု” ဆိုတဲ့ ချက်ဂရု တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေ၏…..
[ယဲ့ချန်ရွှယ် — (ဒုတိယမျိုးဆက်):
“ဝိုး ဖေဖေပဲ ဖေဖေ… ဖေဖေ… မြန်မြန် မေမေကိုရှာပါ။ သမီးက မွေးလာချင်နေပြီ”(。•́︿•̀。)]
[ယဲ့ကိုင်နင် — တတိယမျိုးဆက်:
“အဘိုးရေ၊ ဒီ မသေမျိုးဆေးပင် တွေကို အရင်သုံးလိုက်ပါ။ အဘိုးရဲ့ သိုင်းဝိညာဉ်ကို ဆင့်ကဲပြောင်းလဲနိုင်အောင် ကူညီပေးလိမ့်မယ်။”]
[ ယဲ့ယွမ်လင်း — တတိယမျိုးဆက်:
“အဘိုး၊ အဘွားရဲ့ ခါးက ထိလွယ်ရှလွယ်တဲ့ နေရာနော်။ ပြီးတော့ ဒီ ‘’ယဲ့မိသားစု စိတ်ဝိညာဉ်စွမ်းအားလေ့ကျင့်ခြင်းနည်းလမ်း-တတိယအကြိမ်ပြုပြင်ပြီးသား” ကိုလည်း ယူထားပါ။”
ဒီလိုနဲ့ ယဲ့ရှောင် ရဲ့ နေ့စဉ်ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
ကျင့်ကြံရေးနည်းစနစ် လိုအပ်လာတဲ့အခါ—
သူ့ရဲ့ မျိုးဆက်တွေက နှစ်ပေါင်းတစ်ထောင်………
တစ်သောင်းအနာဂတ်ကနေ ကျင့်ကြံရေးနည်းစနစ်တွေ ပို့ပေးကြတယ်…….
အရင်းအမြစ်တွေ လိုအပ်လာတဲ့အခါ—
မျိုးဆက်တွေက မသေမျိုးဆေးပင် တွေနဲ့ ထူးခြားတဲ့အရင်းအမြစ်တွေ အမြောက်အမြား ပို့ပေးကြတယ်။
ဝိညာဉ်ကွင်း လိုအပ်လာတဲ့အခါ—
သူ့ရဲ့ မျိုးဆက်တွေက သားရဲစိတ်ဝိညာဉ် တွေကို ပေးပို့ကြတယ်။
(Soulland3 ခေတ်တွင်သားရဲများကိုသတ်၍ဝိညာဉ်ကွင်း ယူစရာမလိုတော့ပဲ သားရဲများနှင့်စာချုပ်ချုပ်ဆိုကြသည်။ ထိုသားရဲစိတ်ဝိညာဉ်များသည် ဝိညာဉ်ကွင်းများနှင့် တူညီကြပြီး ပိုမိုတောင် အစွမ်းထက်ကြပါတယ်)
...
ဒီလိုနဲ့ အချိန်ရဲ့မြစ်ကြောင်းကို ဖြတ်ကျော်လာတဲ့ သူ့မျိုးဆက်တွေရဲ့ အကူအညီကို အားကိုးပြီး ယဲ့ရှောင် ဟာ အသုံးမဝင်တဲ့ လူတစ်ယောက်ဘဝကနေ တဖြည်းဖြည်း အင်အားကြီးသူတစ်ယောက်အဖြစ် မြင့်တက်လာခဲ့ပြီး ဝိညာဉ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ အခြေအနေတွေကို လှုပ်ခါစေခဲ့ပါတယ်။
ဒါပေမယ့် တစ်နေ့မှာတော့ ချက်ဂရု ထဲက ငြင်းခုံမှုတွေဟာ အထွတ်အထိပ်ကို ရောက်လာခဲ့ပါတယ်—
[ “မငြင်းကြနဲ့တော့ ‘ယဲ့မိသားစုသမိုင်း: ယဲ့ဘိုးဘေးရဲ့အချိန်လိုင်းအရ’ အရ ဒီအချိန်မှာ ဘိုးဘေးက ဝိညာဉ်ခန်းမရဲ့ ရဲ့ သန့်ရှင်းသောမိန်းမပျို နဲ့ တွေ့ခဲ့ရမှာ”]
[ “အဓိပ္ပာယ်မရှိတာ သူက အရင်ဆုံး ဘုံခုနှစ်ဆင့်ပြဿာဒ်ဂိုဏ်း ရဲ့ မင်းသမီးလေး နဲ့ တွေ့ခဲ့တာ”]
[ “မဟုတ်ဘူး၊ မဟုတ်ဘူး ပုပ်ရဟန်းမင်းကြီး နဲ့ တွေ့ခဲ့တာဖြစ်ရမယ်”]
ယဲ့ရှောင် ဟာ ချက်ဂရု ထဲက စာတွေကို ကြည့်ပြီး ခဏငြိမ်သွားကာ “?” တစ်လုံးကို ဖြည်းဖြည်းချင်း ရိုက်လိုက်ပါတယ်။
“ခဏနေဦး… ငါက နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကြိုးစားနေရင်းနဲ့ မင်းတို့အားလုံး မွေးဖွားလာနိုင်ဖို့အတွက် အရင်ဆုံး မင်းတို့ရဲ့ ဘိုးဘေးမဖြစ်မယ့်သူကို ရွေးပေးရဦးမှာလား”
မျိုးဆက်အားလုံး:
“ဒါပေါ့! မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုမွေးလာမလဲ!”