အခန်း ၁ - ချစ်ခင်ကြင်နာတဲ့ မိသားစု
ဝိညာဉ်ကုန်းမြေတိုက်ကြီး တျန်းတိုအင်ပါယာ၏အစွန်တွင် ရွာငယ်လေးတစ်ရွာရှိလေသည်။
ယခုအခါ ထိုရွာတွင် သိုင်းဝိညာဉ်နိုးထပွဲ စတင်နေချိန်ဖြစ်၏။
ရုပ်ချောပြီး ကိုယ်အနည်းငယ်ပိန်တဲ့ ကလေးငယ်တစ်ယောက်က ပုံဆောင်ခဲဘောလုံးပေါ်မှာ တောက်ပနေတဲ့အလင်းရောင်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ အံ့သြရိပ်လေးတစ်ခု ဖြတ်ပြေးသွားကာ နောက်တော့ စိတ်ပျက်သွားတဲ့အရိပ်အယောင်လေး ပေါ်လာခဲ့တယ်……….
သူ့နာမည်က ယဲ့ရှောင် ဖြစ်၏။
လွန်ခဲ့တဲ့ ခြောက်နှစ်က သူဟာ ဝိညာဉ်ကုန်းမြေတိုက်ကြီး ကမ္ဘာကို ပြန်လည်ဝင်စားလာခဲ့တယ်……..
ကံဆိုးစွာနဲ့ သူ့ရဲ့မိဘတွေက တာဝန်ယူမှုမရှိကြဘဲ လက်ရှိမှာတော့ ရွာငယ်လေးတစ်ခုထဲမှာ သူ့ကို ရိုးရိုးလေးပဲ စွန့်ပစ်သွားခဲ့ကြတယ်……..
ယဲ့ရှောင်က ရွာသူကြီးနဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့ပြီး ရွာထဲက မိသားစုအများအပြားရဲ့ ကျွေးမွေးစောင့်ရှောက်မှုကို ခံခဲ့ရသည်……..
သူ့ရဲ့မျိုးရိုးနာမည်တောင် ရွာသူကြီးရဲ့မျိုးရိုးနဲ့ တူနေခဲ့တယ်…….
ရွာသူကြီးက သူ့ရဲ့ဇီဝဗေဒဆိုင်ရာ အဘိုးတစ်ယောက်လိုပဲလို့ ပြောလို့ရတယ်……..
ကူးပြောင်းလာသူတစ်ယောက်အနေနဲ့ ယဲ့ရှောင်က သူ့မှာ စနစ် တစ်ခုခုတော့ ပါလာမယ်လို့ ထင်ခဲ့ပြီး စနစ်မရှိရင်တောင် ရွှေလက်ချောင်း တစ်ခုလောက်တော့ ရမယ်လို့ ထင်ခဲ့တာပေါ့………
ဒါပေမဲ့ ဘာမှပါလာပုံမပေါ်ဘူး……..
သူ့လက်ထဲမှာ ရှိနေတဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ကြည့်ရင်း ယဲ့ရှောင် တစ်ချက်လောက် စိတ်ရှုပ်သွားခဲ့တယ်…….
ဘာလို့လဲဆိုတော့ သူဒီလို သိုင်းဝိညာဉ်ဆိုတာကို ကြားဖူးတာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒါက နန်းတော်တံဆိပ်တုံး အမျိုးအစား ဖြစ်နေလို့ပါပဲ……..
‘ငါ့မှာ ရွှေလက်ချောင်း မရှိရင်တောင်မှ အနည်းဆုံးတော့ ဝိညာဉ်စွမ်းအင်တော့ ရှိတယ်…….’
‘မွေးရာပါ ဝိညာဉ်စွမ်းအင် အဆင့် ၃ လောက်ပဲ ရှိပေမဲ့ အနည်းဆုံးတော့ ကျင့်ကြံလို့ ရပါသေးတယ်’
‘နောင်အနာဂတ်မှာ ကူးပြောင်းလာသူတွေအတွက် မဖြစ်မနေရှိရမယ့် ရေခဲနှင့်မီး ယင်ယန်စမ်းရေတွင်း က ဒီဘဝမှာငါ့ကို ဘွဲ့အမည်ရတုန့်လော့ တစ်ယောက် ဖြစ်လာစေနိုင်သေးတယ်’
‘ဒါ့အပြင် အဘိုးငြိမ်းငြိမ်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ယဲ့မိသားစုရွာကိုလည်း သေချာဖွံ့ဖြိုးအောင် လုပ်သွားရမယ်’
ဒါက ယဲ့ရှောင်ရဲ့ လက်ရှိဆန္ဒပါပဲ…….
နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ဆိုတာကတော့ သူ့အတွက် အများကြီး လိုသေးတယ်……..
ခိုင်မာတဲ့ အခွင့်အလမ်းတစ်ခု မရှိဘဲနဲ့တော့ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး……..
"ကလေး....... မင်းက ရွာထဲမှာ ဝိညာဉ်စွမ်းအင်ရှိတဲ့ တစ်ဦးတည်းသောသူပဲ....... အသုံးမကျတဲ့သိုင်းဝိညာဉ်ဆိုရင်တောင် လက်မလျှော့လိုက်ပါနဲ့"
စုယွင်တောက်က ယဲ့ရှောင်ရဲ့ခေါင်းကို ပွတ်ပေးရင်း သနားကြင်နာစွာ ပြောလိုက်တယ်…….
စုယွင်ထောင်ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ ယဲ့ရှောင် တစ်ချက်လောက် သက်သာရာရသွားသလို ခံစားလိုက်ရတယ်…….
မျက်မမြင်တုန့်လာရဲ့ အတည်ပြုပေးမှုကို ခံထားရတယ်ဆိုတဲ့ အချက်က သူတို့ရဲ့ သိုင်းဝိညာဉ်ဟာ အသုံးမကျတဲ့သိုင်းဝိညာဉ် မဖြစ်နိုင်ဘူးဆိုတာကို ပြနေတာပါပဲ……..
ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်စွမ်းအင်က ရှိနေသေးတာပဲ…….
အသုံးမကျတဲ့ဝိညာဉ်တွေထဲမှာ ဝိညာဉ်စွမ်းအင်ရှိတာက အလွန့်အလွန် ရှားပါတယ်……..
အများစုက ဝိညာဉ်စွမ်းအင် အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ပဲ ရှိကြပြီး ယဲ့ရှောင်ကတော့ အပြည့်အဝ အဆင့်သုံးအထိ ပိုင်ဆိုင်ထားတာလေ
အသုံးမကျတဲ့ဝိညာဉ်ဆိုရင်တောင် ဒါက အဆိုးထဲက အကောင်းဆုံးပါပဲ……….
"ဝိညာဉ်သခင်ကြီး ကျွန်တော် နားလည်ပါပြီ။ ကျွန်တောင် သေချာပေါက် ကောင်းကောင်းကျင့်ကြံပါ့မယ်။"
ထိုသို့ပြောရင်း ယဲ့ရှောင် ဝိညာဉ်ခန်းမထဲကနေ ထွက်လာခဲ့တယ်……
အပြင်သို့ရောက်သောအခါ ယဲ့ရှောင်က ကျောကုန်းလေး ကိုင်းနေတဲ့ အဘိုးယဲ့ကို မြင်လိုက်ရတယ်။
အဘိုးရဲ့နာမည်က ဘာလဲဆိုတာ ယဲ့ရှောင် မသိပါဘူး…….
တခြားသူတွေကတော့ သူ့ကို ရွာသူကြီး....... လူကြီးလူကောင်း သို့မဟုတ် အဲဒီလိုမျိုးပဲ ခေါ်ကြတယ်…….
"ရှောင်ဝါးဇီ....... ဘယ်လိုနေလဲ"
အဘိုးယဲ့က ဖြည်းဖြည်းချင်း လျှောက်လာရင်းပြောလိုက်တယ်…….
ယဲ့ရှောင်က ပြုံးပြီး "အဘိုး....... ကျွန်တော် သိုင်းဝိညာဉ်နိုးထမှု အောင်မြင်ခဲ့ပြီ....... ပြီးတော့ မွေးရာပါ ဝိညာဉ်စွမ်းအင် အဆင့် ၃ လောက် ရလာတယ်" လို့ ပြောလိုက်တယ်။
အဘိုးယဲ့က တဟားဟားနဲ့ ရယ်မောလိုက်ပြီး ပျော်ရွှင်မှုအပြည့်နဲ့ ပြောလာတယ်……..
"ဟားဟား....... ငါတို့ရွာက ရှောင်ဝါးဇီက တော်မှန်း ငါသိသားပဲ။ ဒီနှစ် ရွာမှာ ဝိညာဉ်စွမ်းအင်နိုးထလာတာ မင်းတစ်ယောက်တည်း ရှိတာမို့လို့ ရွာရဲ့ အကယ်ဒမီတက်ရောက်ခွင့်နေရာကို မင်းကိုပဲ ပေးမယ်။"
"ကောင်းပါပြီ အဘိုး။"
ယဲ့ရှောင် ခေါင်းညိတ်ပြလိုက်တယ်…….
ယဲ့ရှောင်က ရွာကို ခွဲခွာသွားဖို့ စိတ်မပါပေမဲ့လည်း အစွမ်းထက်တဲ့ ဝိညာဉ်သခင်တစ်ယောက် ဖြစ်လာမှသာ ရွာကို ပြန်လာပြီး ကျေးဇူးဆပ်နိုင်မယ်ဆိုတာ သူ သိထားတယ်……..
"အိမ်ပြန်ကြစို့။"
"အင်း။"
ယဲ့မိသားစုရွာလေးက တောင်ကြားလေးတစ်ခုထဲမှာ တည်ရှိပြီး တောင်ခြေနှင့် တိုက်ရိုက်ကပ်နေ၏။
အိမ်တွေအားလုံးက မီးခိုးရောင်အမိုးပြားတွေ....... ရွှံ့နံရံတွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းပုံစံတွေဖြစ်ပြီး နံရံပေါ်က အင်္ဂတေတွေတောင် ကွာကျနေခဲ့သည်။
ရွာဝင်းတံခါးဝမှာတော့ ရွာထဲက ဘယ်သူ့ထက်မဆို သက်တမ်းရင့်ပြီး အကိုင်းအခက်ကြီးတွေ ဖြန့်ကျက်နေတဲ့ ရှေးဟောင်းကျီးပင်ကြီးတစ်ပင် ရှိနေလေသည်။
ကျဉ်းမြောင်းတဲ့ ဖုန်လမ်းမလေးက ရွာဝင်းတံခါးကနေ စတင်ပြီး ခြေရာတွေကြောင့် တင်းကျပ်နေအောင် နင်းချေခံထားရတဲ့ မျက်နှာပြင်တွေရှိနေခဲ့သည်။
ယဲ့ရှောင်နဲ့ အဘိုးယဲ့တို့က အဲဒီဖုန်လမ်းမလေးပေါ်မှာ လျှောက်လာကြတယ်။
"ရှောင်ဝါး ပြန်လာပြီလား"
တောင်ယာကနေ ထွန်တုံးကိုင်ပြီး ပြန်လာတဲ့ တတိယအဘိုးက အဝေးကနေ သွားကျဲကြီးတွေပေါ် အောင်ထင်ရှားတဲ့အထိ ပြုံးပြရင်း လှမ်းအော်လိုက်တယ်…….
"ဟေး....... တတိယအဘိုး....... လယ်ထဲသွားမလို့လား။ ဖြည်းဖြည်းသွားနော်။"
ယဲ့ရှောင် ရပ်လိုက်ပြီး မျက်လုံးလေးတွေ ကပ်သွားသည်အထိ ပြုံးပြလိုက်တယ်။
"ငါသိပါတယ်ကွယ်....... ငါက အသက်ကြီးပြီလေ။ ဒီနေ့တော့ နိုးထမှုက... သိုင်းဝိညာဉ်က ဘယ်လိုနေလဲ"
"တတိယအဘိုး....... နိုးထတာ သေချာပေါက် အောင်မြင်ပါတယ်။ ပြီးရင်တော့ ဝိညာဉ်သခင်အကယ်ဒမီကို သွားပြီး ပညာသင်တော့မှာပါ။"
ယဲ့ရှောင် ရယ်မောလိုက်တယ်။
"ဟားဟား....... ကောင်းတယ်....... ကောင်းတယ်" တတိယအဘိုးက ပိုတောင် အသံကျယ်ကျယ်နဲ့ ရယ်လိုက်တော့သည်။
အဝေးကြီး မလျှောက်ရသေးခင်မှာပဲ ဘေးအိမ်က အဒေါ်ချွန်းက ရေပုံးကိုင်ပြီး ရင်ဝင်းထဲကနေ ထွက်လာချိန် သူတို့ကို မြင်တော့ ကျယ်ကျယ်လောင်လောင်နဲ့ လှမ်းခေါ်လိုက်တယ်……..
"ရှောင်ဝါး မနက်စာ လာစားမလား။ မနေ့က အဒေါ်သားကျူ့ဇီ ဖမ်းလာတဲ့ ငါးဝဝကြီး တစ်ကောင် ရထားတယ်"
"ကျေးဇူးတင်ပါတယ် အဒေါ်ချွန်း ကျွန်တော် ဒီနေ့ သိုင်းဝိညာဉ်နိုးထမှုလုပ်ခဲ့တာ..."
"အံ့သြစရာပဲ ငါ သေချာကြည့်ရဦးမယ်။ နောက်တစ်ရက်မှ သေချာပေါက် လာခဲ့မယ်"
"တော်လိုက်တဲ့ ကလေးလေး....... တကယ် တော်တာပဲ"
ထိုစဉ် ဆံထုံးလေးနှစ်ဖက်နဲ့ ကလေးမလေးတစ်ယောက်က လက်ထဲမှာ အစိမ်းရောင်မင်းကွတ်သီးတစ်လုံး ကိုင်ပြီး ထောင့်ချိုးကနေ ပြေးထွက်လာခဲ့တယ်။
ယဲ့ရှောင်ကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးလေးတွေ တောက်ပသွားပြီး ပျော်ရွှင်စွာနဲ့ အော်လိုက်တယ်…….
"အစ်ကိုရှောင်"
ယဲ့ရှောင် ထိုင်ချလိုက်ပြီး သူ့ခေါင်းလေးကို ပွတ်ပေးလိုက်တယ်…….
"အာယာ....... လိမ္မာနော်။ အသီးတွေက မမှည့်သေးဘူး။ စားလိုက်ရင် ဗိုက်ထဲမှာ ပိုးကောင်တွေ ဝင်လာလိမ့်မယ်။"
ပြောရင်းဆိုရင်းနဲ့ပဲ ယဲ့ရှောင်က သစ်သီးသကြားလုံးတစ်လုံးထုတ်ပြီး သူ့လက်ဖဝါးငယ်လေးထဲ ထည့်ပေးလိုက်တယ်………
အာယာလေးက ယဲ့ရှောင်ရဲ့ပါးကို နမ်းလိုက်ပြီးမှ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးသွားတော့တယ်……..
ယဲ့ရှောင်က ရယ်လည်းရယ်ချင်....... ငိုလည်းငိုချင်ဖြစ်သွားခဲ့တော့တယ်…….
လမ်းတစ်လျှောက်မှာ နှုတ်ဆက်သံတွေက ရပ်မသွားခဲ့ဘူး။
ဒါဟာ သူတို့ရွာကလေးရဲ ချစ်စရာ အလေ့အထပင်……..
ယဲ့ရှောင်လည်း ခဏရပ်ပြီး သာမန်မိတ်ဆက်စကားတွေ အပြန်အလှန် ပြောခဲ့တယ်………
သူ့မျက်နှာပေါ်က အပြုံးက လုံးဝမပျောက်သွားဘဲ အားလုံးက နှလုံးသားထဲကနေ လာတာဖြစ်လေသည်။
ယဲ့မိသားစုရွာမှာ လူမများပေမဲ့….. ဝိညာဉ်သခင် မရှိပေမဲ့…….. ပိုက်ဆံမရှိပေမဲ့ သူတို့က လူတွေအပေါ် စေတနာအမှန်နဲ့ ကောင်းကြပြီး ယဲ့ရှောင်အပေါ်မှာတော့ အထူးသဖြင့် ပိုကောင်းကြပါတယ်……..
သူတို့အိမ်ကို ပြန်ရောက်လာကြလေပြီ……….
အဲဒီနောက် ယဲ့ရှောင်က သူ့အခန်းထဲ ဝင်သွားပြီး
သူ့ရဲ့ကိုယ်ပိုင် သိုင်းဝိညာဥ် ကျောက်စိမ်းတံဆိပ်တုံးကို ထုတ်ဖော်လိုက်တယ်။
တံဆိပ်တုံးလေးက ယဲ့ရှောင်ရဲ့ လက်ဖဝါးပေါ်မှာ ငြိမ်သက်စွာ ပေါ်လာခဲ့တယ်…….
အရွယ်အစားက သေးငယ်ပြီး လက်တစ်ဖက်နဲ့ ကိုင်လို့ကောင်းမယ့် ပုံစံလေးပါ……..
ပစ္စည်းက သာမန်မည်းနက်တဲ့ ကျောက်တုံးစစ်စစ်ဖြစ်ပြီး အရောင်တောက်နေတာမျိုး မရှိလေဘူး………
အစား ရာသီဥတုဒဏ်ကြောင့် အိုမင်းဟောင်းနွမ်းနေတဲ့ သဘောမျိုးရှိပြီး သာမန်ပါပဲ…….
ဒီတံဆိပ်တုံးသိုင်းဝိညာဉ်က ဘာအသုံးကျမလဲဆိုတာ ယဲ့ရှောင် လုံးဝမသိခဲ့ဘူး………
ဒီလိုကျောက်တုံးသေးသေးလေးတွေနဲ့ လူကို ရိုက်ချေလို့ ရမလား……
ဒါပေမဲ့ ဒါက အရမ်းလည်း သေးငယ်ပြီး ပိုကြီးလာအောင်လည်း မလုပ်နိုင်တော့ ဘယ်လိုလုပ်ပြီး လူကို ရိုက်လို့ရမှာလဲ……..
ယဲ့ရှောင် ခေါင်းနည်းနည်းခြောက်သွားခဲ့ရတယ်………
ဒါက ဓားတစ်စင်း သို့မဟုတ် ဓားမြောင်တစ်လက်သာဆိုရင် ယဲ့ရှောင် နောင်အနာဂတ်အတွက် စတင်ကြံစည်လို့ ရပါပြီ……….
ကံဆိုးစွာနဲ့ ဒါက နန်းတော်တံဆိပ်တုံး ဖြစ်နေခဲ့တယ်……..
အင်ပါယာတော်ရဲ့ အင်ပါယာတံဆိပ်တုံးတော်အဖြစ် နောင်တစ်ချိန် တကယ်ပဲ ပြောင်းလဲလာနိုင်မလား………
မျက်မမြင်တုန့်လာရဲ့ အတည်ပြုချက်ကို ရထားတယ်ဆိုရင်တောင် ဒါကဟာသတစ်ခုလိုပဲဆိုတာ ယဲ့ရှောင် သိလေသည်………..
"ဘာပဲဖြစ်ဖြစ်....... အရင်ဆုံး စမ်းကြည့်ကြတာပေါ့။"
ယဲ့ရှောင် သစ်သီးအခွံမာ အချို့ကို ရှာတွေ့ခဲ့တယ်…….
ထို့နောက် သစ်သီးတစ်လုံးကို ကောက်ယူပြီး စားပွဲခုံပေါ်တင်ကာ ညာဘက်လက်ထဲမှာ တံဆိပ်တုံးကို ကိုင်ပြီး တံဆိပ်တုံးရဲ့အောက်ခြေကို သစ်သီးနဲ့တည့်အောင်ချိန်ကာ အောက်ကို ပုတ်ချလိုက်တယ်။
"ခွပ်။"
ခုခံအား ဘာမှမခံစားလိုက်ရဘဲနဲ့ သစ်သီးခွံက ဖြည်းဖြည်းချင်း ကွဲအက်သွားပြီး အတွင်းက သစ်သီးအဆံက မပျက်မစီးဘဲ ထွက်လာခဲ့တယ်……
ယဲ့ရှောင် အံ့သြသွားရတယ်။
"ဒီမာကျောမှုက... နည်းနည်းတော့... ထူးဆန်းသလိုပဲ။"
သူ့ရဲ့ စူးစမ်းချင်စိတ်တွေ နိုးထလာခဲ့တယ်……
ဒီတံဆိပ်တုံးက တကယ် ဘလောက်တောင် မာလဲဆိုတာကို သူ ဆက်ကြည့်မယ်…….
ဘမ်း
ဘုန်း
ယဲ့ရှောင်ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်ပြီး ပြတ်သားလှသည်။
ခနကြာပြီးနောက် သစ်သီးတွေအားလုံးကို လွယ်လွယ်ကူကူနဲ့ ချေမှုန်းပစ်လိုက်တယ်……..
ယဲ့ရှောင်က ပိုမာတဲ့ပစ္စည်းတွေကိုတောင် လိုက်ရှာလာတော့တယ်……
အုတ်နီခဲတွေ....... ကျောက်စရစ်ခဲတွေ စသည်ဖြင့်ပေါ့……..
အချိန်အကြာကြီး ကြာသွားတဲ့နောက်မှာ ယဲ့ရှောင်က ထိုင်ချလိုက်ပြီး ကျောက်စရစ်ခဲတစ်လုံးကို ကောက်ယူကာ စစ်ဆေးကြည့်တယ်။
"တောက်... တခြားဟာတွေထားလိုက်ဦး.......
ဒီတံဆိပ်တုံးရဲ့ မာကျောမှုကတော့ တကယ် အထင်ကြီးစရာပဲ။ ဝိညာဉ်စွမ်းရည် မရှိရင်တောင် လူကို ရိုက်နှက်ဖို့ သုံးလို့ရသေးတာပဲလေ.......
ဒါကြောင့် တိုက်ခိုက်ရေးစွမ်းအားတော့ အနည်းငယ် ရှိတယ်။ အနည်းဆုံးတော့ ဝိညာဉ်ကွင်းမပါတဲ့ ငွေပြာမြက်ပင်ထက်စာရင် ပိုကောင်းပါတယ်။"
တုံ့ပြန်မှုကြောင့် တုန်ခါသွားတဲ့ဒဏ်ကြောင့် သူ့လက်က နည်းနည်းလေး တုန်ယင်သွားခဲ့သည်။
သူအနည်းငယ် ထုံကျင်နေတဲ့ ညာဘက်လက်ကို သူ ခါယမ်းလိုက်ချိန် ရုတ်ရက်
ရုတ်တရက် စက်ယန္တရားဆန်တဲ့ အသံတစ်ခုက သူ့ဦးနှောက်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့တယ်……..
[ဒင်]
[ယဲ့မိသားစု သွေးစပ်မျိုးဆက် တွေ့ရှိရသည်....... ချစ်ခင်ကြင်နာတဲ့ မိသားစု]
စကားပြောဂရု ချိတ်ဆက်မှု အောင်မြင်ပါသည်……..
['ချစ်ခင်ကြင်နာတဲ့ မိသားစု' စကားပြောအုပ်စုထဲသို့ ဝင်ရောက်ရန် သဘောတူပါသလား။]
[Yes] [No]
ယဲ့ရှောင်ရဲ့ မျက်နှာပေးက တစ်ခဏတာ တောင့်သွားပြီးမှ သူ့နှုတ်ခမ်းထောင့်တွေ တွန့်တက်သွားတော့သည်။
"ရွှေလက်ချောင်း နောက်ဆုံးတော့ ရောက်လာပြီ။ သိသားပဲ... ရွှေလက်ချောင်း မပါဘဲနဲ့ ဘယ်လို ကူးပြောင်းလာသူမျိုး ဖြစ်မလဲ"
"ဟုတ်ကဲ့"
{မူရင်းစာရေးဆရာမှတ်ချက်….
ဒီစာအုပ်သည် မူလ၀ိညာဥ်တိုကြီးစိုးရာမြေ ဇာတ်လမ်းကို အခြေခံထားသည်။ သို့သော် အဓိဇာတ်ကောင်က စကားပြောအုပ်စုအတွင်းတွင် ဇာတ်လမ်းကို မသိဟန်ဆောင်လိမ့်မည်.......
အဘယ်ကြောင့်ဆိုသော် ပင်မဇာတ်ကောင်နှင့် နောက်မျိုးဆက်များသည် အပြိုင်ကမ္ဘာမှဖြစ်ပြီး ၎င်းတို့ခေတ်၏ ပင်မဇာတ်ကောင်မှာ ကူးပြောင်းလာသူမဟုတ်ဘဲ ဝိညာဉ်ကုန်းမြေ ဌာနေဒေသခံ သာသိထားကြသည်။}