ENDOULUO CONTINENT: THE ICE SILKWORM BREAKS FREE FROM ITS COCOON, THE ETERNAL GOD EMPEROR
ဒိုလော့ကမ္ဘာဆီ ကူးပြောင်းရောက်ရှိလာခဲ့တဲ့ ချန်းယွီမို...
ဒါပေမဲ့ ကံကြမ္မာရဲ့ ပြက်ရယ်ပြုမှုနဲ့အတူ သူနှိုးဆွရရှိလိုက်တဲ့ ဝိညာဉ်အမြုတေကတော့ ဝိညာဉ်သားရဲတွေထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်ခြင်းခံထားရတဲ့ ‘ရေခဲပိုးကောင်’ ဖြစ်နေခဲ့တယ်။
နော့ဒင်းဝိညာဉ်သင်တန်းကျောင်းကို ရောက်ချိန်မှာတော့ သီအိုရီဆရာကြီးဆိုသူ ယွီရှောင်ကန်းက ချန်းယွီမိုကို လူပုံအလည်မှာ အသုံးမကျသူအဖြစ် စံပြဥပမာထုတ်ပြပြီး "ငွေပြာမြက်လောက်တောင် အသုံးမကျတဲ့ဝိညာဉ်၊ ဘယ်တော့မှ ဝိညာဉ်သခင်ဖြစ်မလာနိုင်မယ့်ကောင်" လို့ လူသိရှင်ကြား အရှက်ခွဲလှောင်ပြောင်ခဲ့တာပေါ့။
ဒါပေမဲ့... နှစ်အတော်ကြာပြီးနောက်မှာတော့.....
ထန်ဆန်းတစ်ယောက် ချန်းယွီမိုနဲ့ ပြန်လည်ဆုံတွေ့လိုက်ရချိန်မှာ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ ချန်းယွီမိုရဲ့ နောက်ကွယ်မှာ ကောင်းကင်နဲ့ မြေကြီးကို တုန်လှုပ်စေမယ့် ရုပ်သွင်တော်တော်များ ကိန်းဝပ်နေခဲ့ပြီဖြစ်သည်။
နဂါးဟိန်းသံ၊ ဖီးနစ်တွန်သံများနဲ့အတူ ဖီးနစ်ငှက်ကြီးက အတောင်ပံဖြန့်ကျက်ထားပြီး မီးနဂါးနဲ့ ခြင်္သေ့အသွင်ဆောင်တဲ့ သားရဲကြီးက ကောင်းကင်ယံကို ခြေနင်းထားကာ ရွှေရောင်ကျေးငှက်ကြီးကလည်း ပူပြင်းလှတဲ့ နေမင်းအဖြစ် ပြောင်းလဲလို့နေခဲ့တယ်။
"မင်းရဲ့ ဝိညာဉ်က အသုံးမကျတဲ့ ရေခဲပိုးကောင် မဟုတ်ဘူးလား" ထန်းဆန်းရဲ့ မျက်နှာတစ်ခုလုံး မနာလိုမှု၊ နာကျည်းမှုနဲ့ ကြောက်ရွံ့မှုတို့ကြောင့် တုန်ယင်နေခဲ့တယ်။
ချန်းယွီမိုက သာယာစွာ ပြုံးလိုက်ပြီး... "ရေခဲပိုးကောင် ဟုတ်လား... မဟုတ်ပါဘူး၊ ဒါက ထာဝရနတ်ဘုရား ပိုးကောင်ပါ..."
အားနည်းလွန်းလှပါတယ်ဆိုတဲ့ ပိုးကောင်လေးကနေ စကြဝဠာကို ကိုင်လှုပ်မယ့် ထာဝရနတ်ဘုရားဧကရာဇ်အဖြစ် အသွင်ပြောင်းလဲလာပုံကို ရင်သပ်ရှုမောဖွယ် ဖတ်ရှုရမယ့် ဝိညာဉ်ကျင့်စဉ်ခရီးစဉ်...။