ENDouluo: Blue and Silver Twins, Tang San Respects Me Like a Father
ဒိုလော့ကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခဲ့ပြီးနောက် ကျန်းလီဟာ ငွေပြာမြက်ပင်ဘုရင်နဲ့ လူသားဧကရာဇ်အလံ ဆိုတဲ့ သိုင်းဝိညာဉ်နှစ်ခုလုံးကို နှိုးထနိုင်ခဲ့ပါသည်။ ထိပ်တန်း အမွှာသိုင်းဝိညာဉ်နှစ်ခုစလုံးကို ပိုင်ဆိုင်ထားတာကြောင့် သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ အဆင့် ၇၁ ရှိတဲ့ ဝိညာဉ်သူတော်စင် အဆင့်ကို ရောက်ရှိခဲ့တာဖြစ်သည်။
မူလကတော့ ဇာတ်ကြောင်းမစတင်မီ နော့ဒင်းမြို့ကို သွားပြီး နှစ်ပေါင်း ၁၀၀,၀၀၀ သက်တမ်းရှိ အရိုးပျော့ယုန်မလေးနဲ့ ငွေပြာမြက်ပင်ဘုရင်ရဲ့ ညာဘက်ခြေထောက် ဝိညာဉ်အရိုးကို ရယူဖို့ ပြင်ဆင်ထားခဲ့တာဖြစ်သည်။ ဒါပေမဲ့ နော့ဒင်းမြို့ကို ရောက်ခါစမှာပဲ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ စနစ်အသိပေးသံဟာ သူ့ရဲ့ ဦးနှောက်ထဲ ပြန်ပေါ်လာခဲ့ပါသည်။
[ဒင် - ထန်ဆန်းကို တပည့်အဖြစ် လက်ခံပါ၊၊ ဆုလာဘ် - ပထမဝိညာဉ်ဟာ ငွေပြာမြက်ပင်ဘုရင်အဖြစ် ဆန်းသစ်ပြောင်းလဲသွားမည်၊၊ ဒုတိယဝိညာဉ်ဖြစ်သည့် လူသားဧကရာဇ်အလံသည် ပိုမိုများပြားသော သုံးစွဲပုံများကို ဖွင့်လှစ်ပေးမည်၊၊ လက်ခံသူနှင့် ထန်ဆန်းတို့ကြား သံယောဇဉ်ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ ဝိညာဉ်အရိုး၊ ဝိညာဉ်ကွင်းနှင့် နတ်ဘုရားရာထူးနေရာ အပါအဝင် အဆင့်ဆင့်သော ဆုလာဘ်များကို ရရှိမည်ဖြစ်သည်]
ဒီလိုနဲ့ ထန်ဆန်းရဲ့ ဆရာဖခင် ဖြစ်လာမယ့် ကျန်းလီဟာ
စနစ်ဆုလာဘ်တွေနဲ့အတူ ဒိုလော့ကမ္ဘာရဲ့ ထိပ်တန်းနေရာကို ဘယ်လိုတက်လှမ်းမလဲ၊
ထန်ဆန်းကိုရော အတိုက်အခိုက်တွေကြားကနေ ဘယ်လိုမျိုး နတ်ဘုရားလမ်းကြောင်းဆီ မြေတောင်မြှောက်