ENAs A Mafia Boss, I Refuse To Be An Extra
အပိုင်း ၅၁ ကနေ နောက်ပိုင်းကို တင်ထားတာ စာတွေအရှေ့အနောက်လွဲနေလို့ ခဏပြန်ပိတ်ထားပါတယ်ခင်ဗျ
အင်အားကြီးမားသူကသာ အရာရာကို စိုးမိုးထားသည့် ကမ္ဘာတစ်ခုတွင် အသက် (၁၅) နှစ်အရွယ်ရှိ ဒေးမီယန် ဗယ်လ်ကော် (Damian Valcor) တစ်ယောက် သူ၏ အတိတ်ဘဝမှ အမှတ်ရစရာများကို ပြန်လည်နိုးထလာခဲ့သည်။ ထိုဘဝတွင် သူသည် အင်အားကြီးမားသည့် ဇာတ်လိုက်များ၏ အရိပ်အောက်တွင် မေ့ပျောက်ခံထားရပြီး သေဆုံးသွားခဲ့ရသည့် အရေးမပါသော "ဘေးထွက်ဇာတ်ကောင် (Extra)" တစ်ယောက်သာ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အရေးမပါသည့်လူအဖြစ် မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ဩဇာကြီးမားသည့် မိသားစုမှ မွေးဖွားလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီများကို ပိုင်ဆိုင်ထားသော ဒေးမီယန်သည် သူ၏ ကံကြမ္မာကို ကိုယ်တိုင်ပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ သူတစ်ပါး၏ ဇာတ်လမ်းထဲတွင် အသုံးချခံ "ဇာတ်ပို" တစ်ယောက်အဖြစ် နေထိုင်မည့်အစား "ဖက်ဒရေးရှင်း (Federation)" ၏ တောက်ပြောင်သော မျက်နှာစာအောက်တွင် သွေးအေးရက်စက်သည့် မာဖီးယားဂိုဏ်းတစ်ခုကို အခြေခံမှစ၍ တည်ထောင်လိုက်သည်။
သွေးအေးပြီး တွက်ချက်မှုမြန်ကာ အာဏာမက်မောသော ဒေးမီယန်သည် မှူးမတ်များကို လှည့်စားပြီး၊ ရာဇဝတ်ဂိုဏ်းများကို ခြေမှုန်းကာ၊ သစ္စာရှိနောက်လိုက်များကို စုစည်းရင်း မယုံနိုင်လောက်အောင် မြန်ဆန်သည့်နှုန်းဖြင့် အင်အားကြီးမားလာခဲ့သည်။ သို့သော် သူမှတ်မိနေသည့် ကမ္ဘာကြီးသည် စတင်ပြောင်းလဲလာသည်။ မိစ္ဆာကျူးကျော်မှုများသည် သူသိထားသည်ထက် ပိုမိုစောစီးစွာ ဖြစ်ပေါ်လာပြီး၊ အမှောင်ထုထဲတွင် လျှို့ဝှက်ကိန်းအောင်းနေသော ပူးပေါင်းကြံစည်မှုများကြောင့် သူသိထားသည့် အနာဂတ်မှာ မသေချာတော့ပေ။
လာမည့် ကပ်ဘေးမှ လွတ်မြောက်ရန်အတွက် ဒေးမီယန်သည် မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ရက်စက်မှုကို လက်ခံကျင့်သုံးရမည်ဖြစ်သည်။ သူရဲကောင်းများက သူ့ကိုကြောက်ရွံ့ကြပြီး၊ ရန်သူများက သူ့ကိုလိုက်လံလုပ်ကြံကြသည်။ သူ၏ ကိုယ်ပိုင်မိသားစုကပင် သူမည်သို့သောသူဖြစ်လာသည်ကို သံသယဝင်လာခဲ့ကြသည်။
ဒေးမီယန်ကမူ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သည် -
"ဒီကမ္ဘာကြီးက မိစ္ဆာတစ်ကောင်ကို အလိုရှိနေတယ်ဆိုရင်... ငါကပဲ အင်အားအကြီးဆုံး မိစ္စာ ဖြစ်ပေးရတာပေါ့။"