အခန်း (၈၈) နန်ကုန်းဝူမုန့်၏ ရွေးချယ်မှု
ကောင်လေး... မင်းရဲ့ သက်တမ်းက နှစ်နှစ်တောင် မပြည့်တော့ဘူး။
ဟဲဟဲ... နှစ်နှစ်အတွင်းမှာ မင်းဟာ သေဆုံးသွားတာ ဒါမှမဟုတ် မင်းရဲ့ ကျင့်ကြံခြင်းကို စွန့်လွှတ်ပြီး တခြားသက်ရှိတစ်ဦးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ရတော့မယ်။
တခြားသူရဲ့ကိုယ်ကို သိမ်းပိုက်တာမှာ အားနည်းချက်တွေရှိတယ်။
ဘယ်လောက်ပဲ အဆင်ပြေပြေ သိမ်းပိုက်နိုင်ပါစေ တခြားသူရဲ့ခန္ဓာကိုယ်နဲ့ တစ်ထပ်တည်းကျဖို့ ခက်ခဲလိမ့်မယ်။
နောက်ပိုင်း ကံကြမ္မာအကျပ်အတည်းတွေကို ကျော်ဖြတ်တဲ့အခါမှာလည်း ပိုခက်ခဲလာလိမ့်မယ်။
ငါ့မှာ ရှေးဟောင်းနည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက မင်းကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားစေပြီး အသက်စွမ်းအားအသစ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။
ခြောက်သွေ့နေသော လူသားအရေခွံသည် ရှောင်ယီချန်းကို အဆက်မပြတ် ဆွဲဆောင်နေသည်။
ရှောင်ယီချန်းသည် ထိုအရေခွံကို ခါထုတ်ရန် ကြိုးစားနေသော်လည်း ၎င်းပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သူ သိနေသည်။
ကျင့်ကြံသူတစ်ဦးသည် တစ်သက်တွင် တစ်ကြိမ်သာ ကိုယ်သိမ်းပိုက်ခြင်းကို ပြုလုပ်နိုင်သည်။
၎င်းမှာ ကောင်းကင်ဘုံနိယာမ၏ ကန့်သတ်ချက်ဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းပင် မချိုးဖောက်နိုင်ပေ။
အကယ်၍ သူသာ ထိုလမ်းကို ရွေးချယ်ပါက သူ၏ နတ်ဘုရားဖြစ်မည့် လမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားမည်ဖြစ်သည်။
ငါတို့မျိုးနွယ်ရဲ့ ပညာရပ်တွေကို ကျင့်ကြံရင် နတ်ဘုရားအဆင့်တင်မကဘဲ နတ်ဘုရားဧကရာဇ်ဖြစ်ဖို့တောင် အချိန်ပဲ လိုတော့မယ်။
မင်းသာ ထူးချွန်ရင် နောက်ဆို ငါနဲ့တန်းတူ တာအိုဘိုးဘေးအဆင့်အထိတောင် ရောက်နိုင်တယ်ဟု အရေခွံက ထူးဆန်းစွာ ရယ်မောရင်း ပြောလိုက်သည်။
ရှောင်ယီချန်းသည် စိတ်လှုပ်ရှားသွားသော်လည်း ယင်လီယန်တစ်ကိုယ်လုံး အနီရောင်အမွှေးများ ဖုံးလွှမ်းကာ အသိစိတ်မဲ့သွားသည့် မြင်ကွင်းကို သတိရကာ တုံ့ဆိုင်းနေဆဲဖြစ်သည်။
သို့သော် အရေခွံက ယင်လီယန်ဖြစ်သွားသည်မှာ သူ၏ပညာရပ်ကြောင့် မဟုတ်ဘဲ အမှောင်မျိုးနွယ်၏ နည်းလမ်းကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
အရေခွံ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ရှောင်ယီချန်းကို အသုံးချကာ ဘာသာရေးအဖွဲ့အစည်းတစ်ခု တည်ထောင်ရန်နှင့် ယုံကြည်မှုစွမ်းအားကို စုပ်ယူကာ သူ ပြန်လည်ရှင်သန်ရန် ဖြစ်သည်။
သူသည် ယခင်က မဟာဘိုးဘေး၏ နောက်လိုက်ဖြစ်ပြီး လူသား တားမြစ်ချက်ပညာရှင်တစ်ဦး၏ အကြည့်တစ်ချက်တည်းဖြင့် နတ်ဘုရားဧကရာဇ်သောင်းချီ သေဆုံးခဲ့ရသည့် စစ်ပွဲမှ လွတ်မြောက်လာသူ ဖြစ်သည်။
တစ်ဖက်တွင်မူ မဟာချင်အင်ပါယာ၏ အရှိန်အဝါအောက်တွင် ဘေးပတ်ဝန်းကျင်ရှိ သန့်ရှင်းသော မင်းဆက်များမှာ တစ်ခုပြီးတစ်ခု လက်နက်ချနေကြပြီဖြစ်သည်။
သို့သော် မဟာဝေမင်းဆက်သည် ယခုထက်တိုင် မည်သည့်သဘောထားမှ မပြသေးပေ။
မဟာဝေ၏ နန်းတော်အတွင်းရှိ အစေခံတစ်ဦးက နန်ကုန်းဝူမုန့်ကို "သခင်... သခင်တို့ မိသားစုဆီက ဧကရာဇ်တစ်ပိုင်း ပညာရှင်တစ်ယောက်လောက်ကို အကူအညီတောင်းလိုက်ရင် မဟာချင်ကို ဖျက်ဆီးပစ်လို့ ရတာပဲ မဟုတ်လား" ဟု မေးမြန်းခဲ့သည်။
နန်ကုန်းဝူမုန့်က ခေါင်းယမ်းလိုက်ကာ ငါ မိသားစုရဲ့ စွမ်းအားကို အသုံးမပြုနိုင်ဘူး။ ဒါကြောင့်... မဟာဝေတစ်နိုင်ငံလုံးကို တခြားနေရာကို ရွှေ့ပြောင်းကြမယ်။
မဟာချင်အင်ပါယာကိုတော့ ငါနန်ကုန်းဝူမုန့် တစ်ယောက်တည်းနဲ့တင် ဖြိုလှဲပစ်ဖို့ လုံလောက်တယ်။