အခန်း (၆၇) အထွတ်အထိပ်သူတော်စင်
ကျေးဇူးပြုပြီး ချုံးလန်ဘိုးဘေးကြီး ကျွန်တော်တို့မျိုးနွယ်စုကို ဒီဒုက္ခပင်လယ်ထဲကနေ ကယ်ထုတ်သွားပေးပါဦး။
ချုံးလန်မင်းဆက်၏ တပ်မတော်ကြီး ထွက်ခွာတော့မည့်အချိန်တွင် ရှေးဟောင်းမျိုးနွယ်စုများမှာ သိက္ခာကိုပင် ပမာမထားဘဲ ဒူးထောက်အသနားခံကြတော့သည်။
သို့သော် ချုံးလန်ဘိုးဘေးကြီးမှာမူ တည်ငြိမ်နေပြီး ချုံးလန်ဧကရာဇ်ကမူ ထိုမျိုးနွယ်စုများကို သိမ်းသွင်းလိုသော ဆန္ဒရှိနေသည်။
ဘိုးဘေးကြီးက ဧကရာဇ်ကို သတိပေးလိုက်သည်။
မင်းရဲ့ အကြံအစည်တွေကို ရပ်လိုက်တော့ ငါတို့ရဲ့မျိုးဆက်တွေကို ကာကွယ်ဖို့တောင် မနည်းလုပ်နေရတာ။ ရှန့်မင်းဆက်နဲ့ အတူတူသေချင်လို့လား။
ချုံးလန်ဧကရာဇ်သည် သက်ပြင်းချကာ ထိုအတွေးကို လက်လွှတ်လိုက်ရသည်။
အားနည်းတာကအပြစ်ပဲဆိုသည့် စကားကို သူ အခုမှ ကောင်းကောင်းနားလည်သွားခဲ့သည်။
ချုံးလန်မင်းဆက်သည် ဘာရန်ပြည်နယ်ရှိ သက်ရှိများကို ကူညီချင်သော်လည်း စွမ်းအားမလုံလောက်သဖြင့် စွန့်ခွာသွားခဲ့ရသည်။
ချုံးလန်မင်းဆက် ထွက်ခွာသွားသည်နှင့် ကောင်းကင်ယံရှိ ရှန့်မင်းဆက်၏ အထွတ်အထိပ်သူတော်စင်မှာ မည်သူ့ကိုမျှ ဂရုစိုက်ရန်မလိုတော့ပေ။
သူ၏ သေစေနိုင်သော တိုက်ကွက်မှာ ကျဆင်းလာခဲ့သည်။ ထိုတိုက်ကွက်အောက်တွင် သက်ရှိအားလုံးမှာ အချိန်ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး သူတော်စင်တစ်ပိုင်းများပင် မတုံ့ပြန်နိုင်ကြပေ။
သို့သော် ထိုဖြူဖွေးသော အလင်းတန်းကြီး ကျဆင်းလာချိန်တွင် ဘာရန်ပြည်နယ်မှာ ပျက်စီးမသွားဘဲ ကောင်းကင်ယံရှိ ဥပဒေသများမှာ အလိုအလျောက် ပျောက်ကွယ်သွားခဲ့သည်။
အထွတ်အထိပ်သူတော်စင်မှာ ထိတ်လန့်သွားပြီး ဟောက်လိုက်သည်။
ဘယ်သူလဲ ဘယ်စီနီယာလဲဆိုတာ ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ။
ဤကဲ့သို့ အထွတ်အထိပ်သူတော်စင်၏ တိုက်ကွက်ကို အေးဆေးစွာ ဖြေရှင်းနိုင်သူမှာ ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသူသာ ဖြစ်နိုင်သည်။
ဧကရာဇ်တစ်ပိုင်း ဆိုသည်မှာ ရှန့်မင်းဆက်ပင် မစော်ကားရဲသော တန်ခိုးရှင်များ ဖြစ်သည်။
"ဖြတ်တောက်စမ်း"
မဟာချင်မင်းဆက်ဘက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု ပျံထွက်လာခဲ့သည်။
ထိုဓားမှာ ရိုးရှင်းလှသော်လည်း ၎င်းအတွင်း၌ နိယာမများ၊ သံသရာများနှင့် စကြဝဠာ၏ ဖြစ်တည်မှုများ ပါဝင်နေသည်။
ဝှုန်း
ဓားတစ်ချက်တည်းနှင့်ပင် ရှန့်မင်းဆက်၏ အထွတ်အထိပ်သူတော်စင်မှာ ခန္ဓာကိုယ် ပျက်စီးပြီး ဝိညာဉ်ပါ လွင့်စင်သွားခဲ့သည်။
သူတော်စင်အဆင့်တွင် အမြင့်ဆုံးရောက်နေသော သူတစ်ဦးမှာ မည်သို့ကြောင့် ချက်ချင်း ကျဆုံးသွားရသည်ကိုပင် နားမလည်နိုင်ခင်မှာပင် သေဆုံးသွားခဲ့ရသည်။
ယင်ချီသည် နန်းတော်အတွင်းမှ ကောင်းကင်သို့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့သည်။
သူ၏ ဝတ်ရုံမှာ လေထဲတွင် ဝေ့ဝဲနေပြီး သူ၏ ခြေလှမ်းတိုင်းတွင် ဧကရာဇ်တစ်ပိုင်း၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ၏ ဦးခေါင်းထက်တွင် မှိန်ပျပျ ဧကရာဇ်သရဖူတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူတော်စင်အဆင့်လေးနဲ့ ဘာရန်ပြည်နယ်ကို ဖျက်ဆီးမယ်လို့ ကြွေးကြော်နေတာလား နားငြိးတာပဲ။
ဘာရန်ပြည်နယ်သားများမှာ ဝမ်းသာအားရဖြင့် ဒူးထောက် အလေးပြုကြတော့သည်။
"ချင်ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ"
ယင်ချီသည် သူ၏ လက်များကို နောက်ပစ်ထားကာ ရှန့်ဧကရာဇ် ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ခမည်းတော်... နေကောင်းတယ်မလား ဆယ်နှစ်တောင် ကြာသွားပြီ ခမည်းတော်ရဲ့ ကျင့်ကြံခြင်းက ဘာမှ မတိုးတက်သေးဘူးပဲ။
ရှန့်ဧကရာဇ်မှာ တုန်တုန်ရင်ရင်ဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်း... မင်းလား... မင်း အသက်ရှင်နေသေးတာလား"
သူ၏ကျင့်ကြံခြင်းကိုဖျက်ဆီးပြီးအကျဉ်းထောင်သို့ပို့ဆောင်ခြင်းခံခဲ့ရသောသားတော်တစ်ဦးမှာဆယ်နှစ်အတွင်းဧကရာဇ်တစ်ပိုင်းအဆင့်သို့ရောက်ရှိလာလိမ့်မည်ဟုသူလုံးဝထင်မထားခဲ့ပေ။