အခန်း (၅၇) ကိုးလုံးဂါထာ
မင်းမှာ အစွမ်းအစ အတန်အသင့် ရှိပေမယ့် နှမြောစရာပဲ ဒီလောက်နဲ့တင် မင်းရဲ့လမ်းဆုံးပြီ။
မြစိမ်းမြွေနဂါး နတ်မျိုးနွယ်စု၏ ရှေးဟောင်းဘိုးဘေး ၃ ဦးသည် သွေးအလိမ်းလိမ်း ဖြစ်နေသော ပိုင်ချီကို ကြည့်ကာ အံ့အားသင့်နေကြသည်။
သူတော်စင်အဆင့်လက်နက်၏ တိုက်ခိုက်မှုကို ခံရပြီးနောက် သာမန်ဆိုလျှင် သေဆုံးသွားရမည် ဖြစ်သော်လည်း ပိုင်ချီမှာ တိုက်ပွဲဝင်လိုစိတ် ပိုမိုပြင်းထန်လာသောကြောင့် သူတို့၏ သတ်ဖြတ်လိုစိတ်မှာလည်း ပိုမိုကြီးမားလာခဲ့သည်။
အရိုးလှံသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပိုင်ချီထံသို့ ဒုတိယအကြိမ် ကျရောက်လာသည်။
ဤတစ်ကြိမ်တွင် ဘိုးဘေး ၃ ဦးစလုံး အားကုန်ထုတ်သုံးထားသဖြင့် မိုင်သန်းပေါင်းများစွာသော ဟင်းလင်းပြင်ကြီးပင် ပြိုကွဲပျက်စီးတော့မည့်အလား ဖြစ်နေသည်။
ပိုင်ချီ တိုက်ခိုက်ခံရလုဆဲဆဲမှာပင် ယင်ချီ၏ အသံသည် လောကတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
"အာရေ - စီစဉ်စေ"
ယင်ချီ၏ စကားတစ်လုံးတည်းဖြင့်ပင် အရိုးလှံထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ချက်ချင်းပင် အေးခဲသွားခဲ့သည်။
ထို့နောက် ထူးဆန်းစွာပင် အရိုးလှံသည် ဘိုးဘေး ၃ ဦး၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်သွားပြီး မြစိမ်းမြွေနဂါးတို့၏ မျိုးနွယ်စု နယ်မြေဆီသို့ ပြန်လည်ကျရောက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။
မိမိတို့၏ ဘိုးဘေးလက်နက်က မိမိတို့၏ နယ်မြေကို ပြန်လည်ဖျက်ဆီးနေသည်ကို ကြည့်ကာ ဘိုးဘေး ၃ ဦးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သို့သော် ယင်ချီက သူတို့ကို အသက်ရှူခွင့် မပေးခဲ့ပေ။
"ရန့်- တန်းစီစေ"
နောက်ထပ် စကားတစ်လုံး ထွက်ပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ ဥပဒေသ များ ပေါ်ထွက်လာပြီး ဘိုးဘေး ၃ ဦး၏ ခန္ဓာကိုယ်များကို အကြိမ်ကြိမ် အဖန်ဖန် ကြေမွသွားစေသည်။
သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ပြန်လည်ပေါင်းစပ်ရန် ကြိုးစားသော်လည်း ယင်ချီ၏ စွမ်းအားအောက်တွင် အကြိမ်ကြိမ် ပျက်စီးသွားခဲ့ပြီး နောက်ဆုံးတွင် အမြစ်ပြတ် သုတ်သင်ခံလိုက်ရလေသည်။
ယင်ချီသည် ကိုယ်တိုင် ကိုယ်ယောင်မပြသဘဲ စကားနှစ်လုံးတည်းဖြင့် သူတော်စင်အဆင့်လက်နက်ကို နှိမ်နင်းကာ သူတော်စင်တစ်ပိုင်း အဆင့်ရှိ ဘိုးဘေး ၃ ဦးကို သုတ်သင်နိုင်ခဲ့ခြင်းမှာ ဘာရန်ပြည်နယ်တစ်ခုလုံးကို ဆွံ့အသွားစေသည်။
ယင်ချီအသုံးပြုခဲ့သော စီစဉ်စေနှင့် တန်းစီစေမှာ သူ၏ကိုးလုံးဂါထာ စွမ်းရည်၏ ၆ ခုမြောက်နှင့် ၇ ခုမြောက် အခန်းများသာ ဖြစ်သည်။
သူသည် ခွန်အားမြှင့်တင်ခြင်းကိုပင် မသုံးရသေးဘဲ ဤမျှ အစွမ်းထက်နေခြင်း ဖြစ်သည်။
"မျိုးဖြုတ်သုတ်သင်မှုကို ဆက်လုပ်ကြ"
ယင်ချီ၏ အမိန့်တော်အောက်တွင် ပိုင်ချီသည် ဒဏ်ရာများကို ကုသကာ မြစိမ်းမြွေနဂါးမျိုးနွယ်စု၏ ကျန်ရှိနေသော အင်အားစုများကို စတင် တိုက်ခိုက်တော့သည်။
မီးတိမ်မိစ္ဆာသည်လည်း သူတော်စင်တစ်ပိုင်းအဖြစ် ပေါ်ထွက်လာပြီး ကျန်ရှိနေသော အကြီးအကဲများကို လိုက်လံသုတ်သင်နေသည်။
မဟာချင်တွင်ယင်ချီအပြင်နောက်ထပ်သူတော်စင်တစ်ပိုင်းအထွတ်အထိပ်တစ်ဦးရှိနေသေးသည်ကိုသိလိုက်ရသောအခါအင်အားစုအသီးသီးမှာမဟာချင်၏ဖုံးကွယ်ထားသောအင်အားကိုပိုမိုကြောက်ရွံ့သွားကြတော့သည်။