အခန်း (၄၉) နန်းမြို့တော်သို့ ပြန်လာခြင်း
ရှန့်မင်းဆက်သည် ကံကြမ္မာကို အတင်းအဓမ္မ ပြောင်းလဲရန် ကြိုးပမ်းနေသော်လည်း အောင်မြင်ရန် အခွင့်အရေးမှာ သန်းတစ်ရာပုံ တစ်ပုံခန့်သာ ရှိသည်။
သို့သော် မင်းဆက် လုံးဝ မပျက်သုဉ်းသေးသရွေ့မည်သည့် နယ်စားပယ်စားမျှ လွယ်လွယ်နှင့် သစ္စာမဖောက်ဝံ့ကြပေ။
ခုနစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှန့်မင်းဆက်အတွင်းအပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း ၎င်းမှာ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းသာ ဖြစ်ကြောင်း လူတိုင်း သိကြသည်။
တစ်ဖက်တွင်လည်း ဘာရန်ပြည်နယ်ရှိ သစ်ပင်ခြောက်ကြီးအောက်၌ ကျင့်ကြံနေသော ယင်ချီနိုးထလာခဲ့သည်။
ခုနစ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းမှာ အံ့မခန်း တိုးတက်လာပြီး သူတော်စင်တစ်ပိုင်းအထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သစ်ပင်ခြောက်ကြီးထံမှ ရရှိသော အသိတရားများကြောင့် သူ၏ ခန္ဓာကိုယ်မှာလည်း သူတော်စင်အဆင့်လက်နက်နှင့် ယှဉ်နိုင်လောက်အောင် ခိုင်မာလာခဲ့သည်။
ယင်ချီသည် သူတော်စင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့သော်လည်း ဤဘာရန်ပြည်နယ် အကျဉ်းထောင်ကမ္ဘာ၏ ဥပဒေသများ မပြည့်စုံမှုကြောင့် သူတော်စင်အဆင့်သို့ လုံးဝမရောက်ဘဲ သူတော်စင်တုတစ်ပိုင်း အဆင့်၌သာ ရပ်တန့်ခဲ့သည်။
ဒီဘာရန်ပြည်နယ် အကျဉ်းထောင်ထဲမှာတော့ စစ်မှန်တဲ့ သူတော်စင်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူးပဲ။
ယင်ချီသည် ဤကမ္ဘာ၏ အစီအရင်ကို ဖျက်ဆီးပြီး အပြင်သို့ ထွက်နိုင်စွမ်းရှိသော်လည်း ရှန့်မင်းဆက်၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် အချိန်စောင့်ရန်ဆုံးဖြတ်လိုက်သည်။
သူသည် သစ်ပင်ခြောက်ကြီးကိုပါ နန်းတော်သို့ ယူဆောင်ကာ ယန်ဝူနန်းမြို့တော်သို့ ပြန်လာခဲ့သည်။