အခန်း (၄၈) ကောင်းကင်စွန့်ပစ်ခံရှန့်မင်းဆက်
ယင်ချီသည် နတ်ဘုရားဘုရင် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ထိုနေရာမှ မထွက်ခွာသေးဘဲ သစ်ပင်ခြောက်ကြီးအနီးတွင်ပင် ဆက်လက်ကျင့်ကြံနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှန့်မင်းဆက်၏ မြို့တော် ခရမ်းရောင်လမင်းအတွင်း၌ ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် တည်ရှိနေသော ကျွန်းပေါ်မှ အရှိန်အဝါကြီးမားသည့် အဖိုးအိုတစ်ဦး နိုးထလာပြီး သူတို့မင်းဆက်၏ကံကြမ္မာမီးအိမ်ရုတ်တရက် ငြိမ်းလုနီးပါး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
ငါ့ရဲ့ရှန့်မင်းဆက်က နှစ်သန်းပေါင်းများစွာ စည်ပင်ခဲ့တာ ဘာလို့ ကံကြမ္မာက ရုတ်တရက် ကျဆင်းသွားရတာလဲ။ ငါရှိနေသရွေ့ ယင် မျိုးနွယ်စုဟာ ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး။
အဖိုးအိုသည် ကောင်းကင်၏ အမိန့်ကို ဖီဆန်ကာ ကံကြမ္မာကို အတင်းအဓမ္မ ပြောင်းလဲရန် ကြိုးစားရင်း မီးအိမ်ကို ရိုက်ခွဲလိုက်သည်။
ထိုအခါ မင်းဆက်အတွင်း ပြင်းထန်သော မြေငလျင်များ လှုပ်ခတ်ပြီး ကောင်းကင်ကြီး မှောင်မည်းသွားကာ မင်းဆက်၏ ကံကြမ္မာနဂါးမှာလည်း နာကျင်စွာ အော်ဟစ်တော့သည်။
ဘာရန်ပြည်နယ်တွင် ရှိနေသော ယင်ချီသည် ဤဖြစ်ရပ်ကြောင့် ထိခိုက်မှုမရှိပေ။ သူသည် ရှန့်မင်းဆက်မှ အနှင်ခံရကတည်းက သူ၏ ကံကြမ္မာကြိုးမျှင်များမှာ ဖြတ်တောက်ခြင်း ခံထားရပြီး ဖြစ်သည်။
သို့သော် မင်းဆက်အတွင်းရှိ အခြားအင်အားကြီးများကမူ ကောင်းကင်၏အမိန့်ပြောင်းလဲသွားပြီဖြစ်ကြောင်းသိရှိသွားကြသည်။
မြို့တော်အတွင်းရှိ အရာရှိကြီးများနှင့် နယ်စားပယ်စားများသည် မင်းဆက်၏ ကံကြမ္မာ ကျဆင်းသွားမှုကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။
အချို့မှာ အခြားသော မင်းဆက်များထံ ထွက်ပြေးခိုလှုံရန်ပင် စဉ်းစားနေကြပြီ ဖြစ်သည်။ သို့သော် ရှန့်ဧကရာဇ်သည် တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါဖြင့် လူအားလုံးကို ဖိနှိပ်လိုက်သည်။
ငါ ဧကရာဇ်ဒီမှာ ရှိနေသရွေ့ရှန့်မင်းဆက်ဟာ ဆက်ရှိနေဦးမှာပဲကောင်းကင်ကြီး ပြိုကျလာမှာ မဟုတ်ဘူး။
ဧကရာဇ်၏ စကားသံမှာ အေးစက်သော်လည်း တန်ခိုးအာဏာ ပြည့်ဝလှသဖြင့် ဆူညံနေသော နန်းတော်ကြီးမှာ ချက်ခြင်း တိတ်ဆိတ်သွားခဲ့သည်။
သို့သော် ဤသည်မှာ ရေတိုအခြေအနေသာ ဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံးမှာမူ စစ်မက်များ ပြင်းထန်လာမည့် အားပြိုင်မှုများပြည့်နှက်နေသော ကမ္ဘာသို့ ဦးတည်နေပြီ ဖြစ်သည်။