အခန်း (၂၇) ကောင်းကင်နတ်ဘုရားကို ဆင့်ခေါ်ခြင်း
"သေစမ်း မင်းတို့အားလုံး သေကြစမ်း"
ချူဟွိုက်ရှင်းသည် ဟိန်းဟောက်လိုက်ပြီး ယင်ချီကို အမြန်ဆုံး နှိမ်နင်းရန်အတွက် တားမြစ်ပညာရပ်တစ်ခုကိုပင် ထုတ်သုံးလိုက်တော့သည်။
ဒါက ဝင်စားခြင်းသုတ်တော်ပဲ မဟာချူမင်းဆက်ရဲ့ဘိုးဘေးကြီးကတော့ တကယ့် ရူးသွပ်နေတဲ့ အဖိုးကြီးပဲ။
ချုံလန်မင်းဆက် မှ သံတမန်သည် ကြောက်လန့်တကြားဖြင့် ရေရွတ်လိုက်သည်။
မဟာချူမင်းဆက်တွင် တားမြစ်ပညာရပ် သုံးခုရှိပြီး ၎င်းတို့အားလုံးမှာ ကောင်းကင်နတ်ဘုရားအဆင့် ရှေးဟောင်းနည်းလမ်းများ ဖြစ်ကြသည်။ ဝင်စားခြင်းသုတ်တော်မှာ ၎င်းတို့အနက် အစွမ်းထက်ဆုံးဖြစ်ပြီး အစွန်းကုန် ကျင့်ကြံနိုင်ပါက သံသရာနိယာမကိုပင် အနည်းငယ် ထိန်းချုပ်နိုင်သည်ဟု ဆိုကြသည်။
"ဝိညာဉ်များ... ပြန်လာကြစမ်း"
ချူဟွိုက်ရှင်းက ထိုပညာရပ်ကို ထုတ်ဖော်လိုက်သည်နှင့် မိုင်ပေါင်း သန်းချီသော နယ်မြေအတွင်း၌ ငိုချင်းချသံများ ပျံ့လွင့်လာသည်။
ထိုအသံမှာ အလွန်အေးစက်ပြီး သေခြင်းတရား အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ကြားရသူတိုင်းကို သေမင်းတမန်လမ်းသို့ ခေါ်ဆောင်သွားသကဲ့သို့ ခံစားရစေသည်။
ယင်ချီသည်လည်း ထိုပညာရပ်၏ အရှိန်အဝါအောက်တွင် အန္တရာယ်ရှိသည်ဟု စတင်ခံစားလိုက်ရသည်။ သို့သော် သူသည် တည်ငြိမ်စွာပင် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် သူ၏ စိတ်ထဲ၌ ကံကြမ္မာစက်ဝန်းမှ အချက်ပေးသံ ထပ်မံထွက်ပေါ်လာသည်။
ဂုဏ်ယူပါသည် သခင် မင်းဆက်တစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည့်အတွက် ထပ်ဆောင်းဆုလာဘ်တစ်ခု ရရှိပါသည်။
ကောင်းကင်နတ်ဘုရား ဆင့်ခေါ်ခြင်းတံဆိပ်၁ ခုရရှိပါသည်။ (မှတ်ချက်: ၎င်းကို အသုံးပြုပါက ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့်မှ နတ်ဘုရားဘုရင်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံသူတစ်ဦးကို ကျပန်းဆင့်ခေါ်ပေးပါမည်။)
ယင်ချီသည် အလွန်ပင် အံ့အားသင့်ကာ ဝမ်းသာသွားခဲ့သည်။ ကောင်းကင်နတ်ဘုရား ဆိုသည်မှာ ဘာရန်ပြည်နယ်တွင်သာမက ရှန့်မင်းဆက်တွင်ပင် အဆင့်မြင့် အရာရှိကြီးတစ်ဦး ဖြစ်နိုင်သောအဆင့် မဟုတ်ပါလား။
"ဆင့်ခေါ်ခြင်းတံဆိပ်ကိုသုံးမယ်"
ယင်ချီက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
ဝူး ဝူး ဝူး...
ဆင့်ခေါ်ခြင်းတံဆိပ်ကို အသုံးပြုလိုက်သည်နှင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်ယံ၌ ဟင်းလင်းပြင်အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ မိုင်ပေါင်း သန်းချီသော နယ်မြေကို လွှမ်းမိုးသွားပြီး သက်ရှိအားလုံးကို တုန်လှုပ်သွားစေသည်။
ချုံလန်မင်းဆက်၏အစွမ်းထက်ဆုံး ဘိုးဘေးကြီးပင်လျှင် ထိုအရှိန်အဝါကြောင့် နိုးထလာပြီး ဒါက သာမန် ကောင်းကင်နတ်ဘုရား မဟုတ်ဘူး နတ်ဘုရားဘုရင်အဆင့်နဲ့ နီးစပ်နေတဲ့သူပဲဟု တုန်လှုပ်စွာ ပြောလိုက်ရသည်။
ယန်ဝူးဧကရာဇ်မြို့တော်တွင် ချူဟွိုက်ရှင်းမှာ မှင်တက်သွားရသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းမှ ကြီးမားကြမ်းတမ်းသော လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာပြီး သူ၏ဝင်စားခြင်းသုတ်တော်ပညာရပ်ကို ဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်သည်။
ထို့နောက် ထိုလက်ဝါးကြီးသည် စစ်မှန်သောနတ်ဘုရားအဆင့်မြင့်ပိုင်းရှိသော ချူဟွိုက်ရှင်းကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖမ်းဆုပ်လိုက်သည်။
ပိုးဟပ်လို ကောင်က... အရှင်မင်းကြီးကို နှောင့်ယှက်ဝံ့တယ်ပေါ့ တကယ်ပဲ သေချင်နေတာပဲ။
ကျွန်တော်မျိုး ပိုင်ချီအရှင်မင်းကြီးကို ကူညီဖို့ နောက်ကျသွားတဲ့အတွက် အပြစ်ပေးတော်မူပါ။
ဂျွတ်
နက်ရှိုင်းသောအသံကြီး ထွက်ပေါ်လာပြီးနောက် ချူဟွိုက်ရှင်း၏ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ထိုလက်ဝါးကြီးအတွင်း၌ ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။
ထိုစဉ်မှာပင် ယင်ချီသည် ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည်။ သူသည် လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ဗလတောင့်တင်းသော လူငယ်တစ်ဦးဖြစ်ပြီး မျက်နှာတွင် ဓားရာ၊ လှံရာများစွာဖြင့် အလွန်ခန့်ညား ထည်ဝါလှသည်။
ပိုင်ချီ - နတ်ဘုရားဘုရင် တစ်ပိုင်းအဆင့်
ကိုယ်ထည်: သွေးရူးသွပ် သူတော်စင်ခန္ဓာ
ထူးခြားစွမ်းရည်: စစ်တပ်တစ်ခုလုံးကို ကွပ်ကဲခြင်း သူစစ်တပ်ကို ဦးဆောင်ပါက စစ်တပ်၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။
ယင်ချီသည်ပိုင်ချီ၏အချက်အလက်များကိုကြည့်ရင်းကျေနပ်စွာပြုံးလိုက်မိတော့သည်။