အခန်း (၂၀) ရိတ်သိမ်းသူရောက်ရှိလာခြင်း
ဝူးမြစ်မြောက်ဘက်ရှိ မျိုးနွယ်စုအသီးသီးသည် မဟာချင်မင်းဆက်တည်ထောင်ခြင်းအတွက် ဂုဏ်ပြုလက်ဆောင်များ ပြင်ဆင်နေကြစဉ် မူယာမင်းဆက်နှင့် မိုင်ပေါင်း သိန်းနှင့်ချီဝေးသော အရပ်၌ဝေဝါးသော ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျီး... ကျီး... ကျီး"
ရင်ကျက်နေတဲ့ဆေးပင် သုံးပင်ပဲ လိုတော့တယ် ဒါဆိုရင် စစ်မှန်သောမီးဆေးလုံးကို ဖော်စပ်လို့ရပြီ။
အဲဒီအချိန်ကျရင် ဒီအဖိုးကြီးဟာ စစ်မှန်သောနတ်ဘုရားအစောပိုင်းအဆင့်ကနေ ပြည့်စုံခြင်းအဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းနိုင်လိမ့်မယ်။
ထိုပုံရိပ်မှာ ပိန်လှီခြောက်ကပ်နေသော အဖိုးကြီးတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာမှာ အရေပြားမရှိသော ဦးခေါင်းခွံနှင့် တူနေပြီး မျက်တွင်းဟောက်ပက်ထဲတွင် အပြာနုရောင် အလင်းတန်းများ ရံဖန်ရံခါ လက်ခနဲ ပေါ်လာတတ်သည်။ သူသည် သေခါနီး လူအိုကြီးနှင့် တူသော်လည်း သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ အသက်ရှူရုံမျှဖြင့်ပင် အခြားသူများကို သေစေနိုင်လောက်အောင် ပြင်းထန်လှသည်။
သူ ကြည့်နေသည့် အရပ်မှာ ဝိညာဉ်မဲ့နတ်ဘုရားအဆင့်ရှိသူများ အုပ်ချုပ်သော မင်းဆက်တစ်ခု ရှိရာအရပ် ဖြစ်သည်။ သူ ပြောဆိုနေသော ရင်ကျက်နေသည့်ဆေးပင် ဆိုသည်မှာ ထိုမင်းဆက်မှ ဝိညာဉ်မဲ့နတ်ဘုရား ဘိုးဘေးများကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဤအဖိုးကြီးမှာ ရိတ်သိမ်းသူ တစ်ဦးပင် ဖြစ်တော့သည်။
သူသည် ရှန့်မင်းဆက်အတွက် ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့သဖြင့် ဘာရန်ပြည်နယ် အကျဉ်းထောင်အတွင်းသို့ လာရောက်ကာ ဆေးပင် (လူများ) ကို စိတ်ကြိုက်ရိတ်သိမ်းခွင့် ရရှိထားသူ ဖြစ်သည်။
များသောအားဖြင့် ရိတ်သိမ်းသူများမှာ အနည်းဆုံး စစ်မှန်သောနတ်ဘုရားအဆင့်ရှိကြသဖြင့် ရိတ်သိမ်းခံရသူများမှာ စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးကြရရုံသာ ရှိသည်။
ယင်ချီသည် ရိတ်သိမ်းသူရောက်ရှိလာခြင်းကို မသိရှိသေးပေ။ ယခုအချိန်တွင် သူသည် လျှို့ဝှက်ခန်းအတွင်း၌ တရားထိုင်ရင်း ဝိညာဉ်ကျောက်တုံးများကို အပြင်းအထန် စုပ်ယူနေသည်။ သုံးရက်အကြာတွင် တိုင်းပြည် ထူထောင်သည့်နေ့၌ ဆုန့်မျိုးနွယ်စုကို ချောချောမောမော သိမ်းပိုက်နိုင်ရန်အတွက် သူသည် စစ်မှန်သောနတ်ဘုရားအဆင့်သို့ တိုက်ရိုက် တက်လှမ်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားမီးလျှံများလောင်မြဲနေပြီး သူ၏ဟုန်းမုန်မသေမျိုးခန္ဓာကြောင့်ပင် လောကနိယာမများ ပြောင်းလဲလာမှုကို သတိထား ကိုင်တွယ်နေရသည်။
သူ၏ကျင့်စဉ်တက်လှမ်းမှုကြောင့် ယန်ဝူးမြို့တစ်မြို့လုံးတွင် ထူးဆန်းသော ဖြစ်စဉ်များ ပေါ်ပေါက်လာပြီး ကမ္ဘာဦး သားရဲကြီးများ၏ ပုံရိပ်ယောင်များ ကောင်းကင်ယံ၌ ပေါ်ထွက်လာခဲ့သည်။
ဤအတောအတွင်း ယန်ဝူးမြို့သို့ မျိုးနွယ်စုအသီးသီးမှ သံတမန်များ ရောက်ရှိလာကြသည်။ ထိုအထဲတွင် အခြားမင်းဆက်များနှင့် ဆုန့်မျိုးနွယ်စုမှ စေလွှတ်လိုက်သူများလည်း ပါဝင်သည်။
ဆုန့်မျိုးနွယ်စုသည် ယင်ချီ၏ အင်အားကို စုံစမ်းရန် လာခြင်းဖြစ်ပြီး အခြားမင်းဆက်များမှာမူ ယင်ချီ၏ နန်းတက်ပွဲကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လာကြခြင်း ဖြစ်သည်။
သို့သော် ယန်ဝူးမြို့သို့ ရောက်ရှိလာသောအခါ ထိုသံတမန်များမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
စစ်မှန်သောနတ်ဘုရား ဒါဟာ စစ်မှန်သောနတ်ဘုရားရဲ့အရှိန်အဝါပဲ ငွေဝံပုလွေမင်းဆက်မှ သံတမန်ဖြစ်သူ (ဝိညာဉ်မဲ့နတ်ဘုရားအလယ်အဆင့်ရှိသူ) သည် မြင်းရထားပြတင်းပေါက်မှ အပြင်ကို ကြည့်ရင်း အသက်ရှူသံများ မြန်လာသည်။
သူသည် အခြားမင်းဆက်များနှင့် ပူးပေါင်းကာ ယင်ချီကို နှိမ်နင်းရန် ကြံစည်ထားသော်လည်း ယခုအခါ ထိုအကြံမှာ အိမ်မက်တစ်ခုသာ ဖြစ်တော့မည်ကို သိလိုက်ရသည်။
အခြားတစ်ဖက်တွင်မူ ချုံလန်မင်းဆက် မှ သံတမန်မှာ ထူးထူးခြားခြား တည်ငြိမ်နေသည်။ သူတို့ မင်းဆက်တွင်လည်းစစ်မှန်သောနတ်ဘုရားဘိုးဘေးများ ရှိနေသောကြောင့် ဖြစ်သည်။
သူတို့တွင် အရှိန်အဝါကို ဖုံးကွယ်နိုင်သော သူတော်စင်တစ်ပိုင်းအဆင့် လက်နက်ရှိသဖြင့် ရိတ်သိမ်းသူများ၏ရန်မှ လွတ်ကင်းနေကြခြင်း ဖြစ်သည်။
"ချင်ဧကရာဇ်ကသာ အမြင်ရှိမယ်ဆိုရင် ငါတို့ ချုံလန်မင်းဆက်က သူ့ကို သိမ်းသွင်းဖို့ ကြိုးစားရမယ်"
သံတမန်သည်ယင်ချီ၏အစွမ်းကိုမြင်သောအခါသူ့ကိုမည်သို့အသုံးချရမလဲဆိုသည်ကိုစိတ်ထဲ၌စတင်တွက်ချက်နေတော့သည်။