အခန်း (၁၄၂) အမှောင်ဘိုးဘေး၏ စွမ်းအား
"ငါဆင်းသက်လာတာကို တားဆီးဖို့ ကြိုးစားနေတဲ့ သနားစရာကောင်းပြီး အားနည်းတဲ့ သတ္တဝါတစ်စု... ရယ်စရာပဲ"
ထိုအရိပ်၏အသံသည် ကမ္ဘာအနှံ့ ဟိန်းထွက်သွားပြီး သူ၏အစစ်အမှန် အရှိန်အဝါမှာ အပြည့်အဝ ပေါ်ထွက်လာတော့သည်။
ထိုအရှိန်အဝါကြောင့် ရှေးဟောင်း ထိုက်ချူဂိုဏ်းတည်ထောင်သူပင်လျှင် အဆုံးမဲ့ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ အမှောင်ဘိုးဘေးများသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ အထွတ်အထိပ်ရောက်နေသော ပရိုဂျန်းနီတာ တစ်ဦးပင်လျှင် ၎င်းတို့ကို ယှဉ်နိုင်စွမ်းမရှိပေ။
နယ်ခြားပင်လယ်တစ်ခုလုံး ဗရပွဖြစ်နေသည်။ အကယ်၍ နတ်ဘုရားလောက၏ ထိပ်သီးပညာရှင်များ တည်ဆောက်ခဲ့သော နယ်ခြားပင်လယ် တံတိုင်းကြီးသာ မရှိလျှင် ဤတိုက်ပွဲ၏ အကျိုးဆက်ကြောင့် နတ်ဘုရားလောက၏ တစ်ဝက်ခန့်မှာ ပျက်စီးသွားပေလိမ့်မည်။
နတ်ဘုရားလောကရှိ နတ်ဘုရားစစ်စစ်နှင့် နတ်ဘုရားဘုရင်များမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
အကယ်၍ အမှောင်မျိုးနွယ်စုများ အမှန်တကယ် ကျူးကျော်လာပါက ၎င်းတို့အားလုံးမှာ အမြောက်စာမျှသာ ဖြစ်သွားမည်ကို သိနေကြသောကြောင့် ဖြစ်သည်။
တိုက်ပွဲအတွင်း နတ်ဘုရားလောကမှ တာအိုဘိုးဘေးများသည် အမှောင်ဘိုးဘေးကို ဝိုင်းပတ်တိုက်ခိုက်ကြသော်လည်း အမှောင်ဘိုးဘေးမှာ တည်ငြိမ်နေဆဲဖြစ်သည်။
သူ၏ သာမန်တိုက်ကွက်တစ်ခုကပင် တာအိုဘိုဘေးတစ်ဦး၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေနိုင်သည်။
ထိုစဉ် တာအိုဘိုးဘေးတစ်ဦးသည် မိမိ၏ နိယာမအသီးအပွင့်ကို လောင်ကျွမ်းစေကာ အမှောင်ဘိုးဘေးနှင့်အတူ အသေခံတိုက်ခိုက်လိုက်သည်။
တစ်လောကလုံးတွင် ငိုကြွေးသံများ ဟိန်းထွက်သွားပြီး သွေးမိုးများ ရွာသွန်းလာသည်။
ဤသည်မှာ နတ်ဘုရားလောကမှ အထွတ်အထိပ်တာအိုဘိုးဘေးတစ်ပါး လုံးဝဥဿုံ ကျဆုံးသွားခြင်းကို အချက်ပြလိုက်ခြင်းဖြစ်သည်။
သူ၏မျိုးနွယ်စုဝင်များမှာလည်း ပူဆွေးသောကရောက်ကာ ဘိုးဘေးကြီးအား နှုတ်ဆက်ဂါရဝပြုကြတော့သည်။
နတ်ဘုရားလောက၏ ပညာရှင်များအတွက် အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ အမှောင်ဘိုးဘေး တစ်ဦးတည်းကိုပင် ဤမျှ ရင်းနှီးပေးဆပ်နေရချိန်တွင် ချန်းအာတု၏ အနက်ရှိုင်းဆုံးနေရာ၌ အမှောင်ဘိုးဘေး အနည်းဆုံး ၄၀ ခန့် ရှိနေသေးသည်။ ထို့ပြင် ၎င်းတို့သည် အသတ်ခံရလျှင်ပင် သူတို့၏ ဘိုးဘေးမြေမှ ပြန်လည် အသက်ဝင်လာနိုင်ကြသည်။
နတ်ဘုရားလောက၏ ပညာရှင်များမှာ တိုက်ပွဲကို ငေးကြည့်ရင်း စိတ်ဓာတ်ကျနေကြသည်။ ကျင့်ကြံခြင်း မည်မျှမြင့်မားပါစေ နောက်ဆုံးတွင် အဆုံးမဲ့ မှောင်မိုက်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှူလန်လောကရှိ မဟာချင်နယ်မြေပေါ်တွင် ယင်ချီသည် သူ၏ နဂါးဝတ်စုံကို ဝတ်ဆင်ကာ နတ်ဘုရားဧကရာဇ် အရှိန်အဝါဖြင့် ရပ်တည်နေသည်။
နာမည်မဲ့ဧကရာဇ်၏ ဖိနှိပ်မှုကို ခံနေရသော လူသားအရေခွံဘိုးဘေးမှာမူ ရုတ်တရက် အပြောင်းအလဲ ဖြစ်လာသည်။
ချန်းအာတုမှ အမှောင်ဘိုးဘေးတစ်ဦး၏ အသိစိတ်သည် ထိုလူသားအရေခွံအတွင်းသို့ ဝင်ရောက် ပူးကပ်လိုက်ခြင်း ဖြစ်သည်။
ယင်ချီ၏ ဧကရာဇ်အပြစ်ပေးခြင်းကြောင့် သူ၏ စွမ်းအား ထက်ဝက် လျော့ကျသွားသော်လည်း အမှောင်ဘိုးဘေး၏ စွမ်းအားကြောင့် သူသည် တာအိုဘိုးဘေးအဆင့်နှင့် ညီမျှသော စွမ်းအားကို ထုတ်ဖော်လာနိုင်ပြန်သည်။
"စိတ်ဝင်စားစရာပဲ ငါ့ရဲ့စွမ်းအားကို ဖိနှိပ်နိုင်တာလား ဒါကတားမြစ်နိယာမလား ဒါပေမဲ့ မင်းက မကြီးထွားသေးဘူး မင်းကို အခုပဲ အမြစ်ပြတ် သတ်ပစ်မယ်"
ယခုအခါ လူသားအရေခွံဘိုးဘေးကို ချန်းအာတုမှ အမှောင်ဘိုးဘေးကိုယ်တိုင် တိုက်ရိုက် ထိန်းချုပ်လိုက်ပြီဖြစ်သည်။