အခန်း (၁၂၄) - အင်အားစုအသီးသီး စုရုံးလာခြင်း
နတ်ဘုရားဘုရင် အန်ယီသည် လင်းရှီးအန်း ကို သူ၏ ရုပ်အလောင်းပေါင်းစပ်ခြင်းအတတ်အတွက် အသုံးမပြုနိုင်တော့သဖြင့် နှမျောတသစွာ ကြည့်နေရသည်။
ရှေးဟောင်းထိုက်ချူဂိုဏ်းကို သူ မပြိုင်ရဲပေ။ သို့သော် လင်းရှီးအန်း ထွက်ခွာသွားသည်နှင့် ကျန်ရှိသော ပါရမီရှင်များကို သူ၏ရုပ်အလောင်းအရည်ကျိုခြင်း အစီအစဉ်တွင် အသုံးချရန် ပြင်ဆင်နေသည်။
ဘေးနားရှိ လူလတ်ပိုင်းက "အရမ်းတော့ မရက်စက်နဲ့ မဟုတ်ရင် နတ်ဘုရားလောကရဲ့ ဥပဒေစိုးမိုးရေးဂိုဏ်းက မင်းကို လွှတ်ထားမှာမဟုတ်ဘူး" ဟု သတိပေးလိုက်သည်။
အန်ယီကလည်း နတ်ဘုရားလောကနှင့် ပတ်သက်သူများကို ချန်လှပ်ထားမည်ဟု ကတိပေးခဲ့သည်။
သူသည် ဤ အောက်ပိုင်းလောကမှ ပါရမီရှင်များကို သူ၏နတ်ဘုရားဧကရာဇ်အဆင့်တက်လှမ်းရေးအတွက် ခုတုံးလုပ်ရန် ထောင်ချောက်ဆင်ထားခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ ရန်ဝူမြို့တော်၏ ကောင်းကင်ယံတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီး ပေါ်ပေါက်လာပြီး အပြာရောင်နယ်မြေမှ ထိပ်သီးအင်အားစုများ ရောက်ရှိလာကြသည်။
ကျွင်းမိသားစုမှ ကျွင်းပုကွေ
မုန်းမိသားစုမှ မုန်းချိန်ရန်
ရွှမ်ကျီမျိုးနွယ်မှ ရွှမ်ကျီရှန်း
၎င်းတို့အားလုံးသည် ယင်ချီ၏ရက်ပိုင်းအတွင်း နယ်မြေသိမ်းပိုက်နိုင်မှုကြောင့် ကြောက်လန့်တုန်လှုပ်နေကြပြီး ယင်ချီ၏ သဘောထားကို လာရောက် စုံစမ်းကြခြင်း ဖြစ်သည်။
"မဟာချင် မြို့တော်အတွင်းမှာ ဘယ်သူမှ ပျံသန်းခွင့်မရှိဘူး ဆင်းခဲ့ကြစမ်း"
ဝမ်ကျန့် ၏ နတ်ဘုရားဘုရင်အရှိန်အဝါကြောင့် ရောက်လာသူအားလုံး ကောင်းကင်ပေါ်မှ မြေပြင်သို့ ပြုတ်ကျကုန်ကြသည်။
နတ်ဘုရားစစ်စစ်အဆင့်ရှိသူများပင် ဝမ်ကျန့်၏ အသံကြောင့် တုန်လှုပ်သွားရသည်။
မုန်းထျန်လည်း ရောက်ရှိလာပြီး သူ၏နောက်တွင် နတ်ဘုရားအဆင့် လက်နက်များ ကိုင်ဆောင်ထားသော ဧကရာဇ်အဆင့် စစ်တပ်ကြီးက အသင့်စောင့်နေသည်။
ဝမ်ကျန့်က အေးစက်စွာ ပြောလိုက်သည်
"အရှင်မင်းကြီးက ကျင့်ကြံနေတယ် ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး တွေ့ချင်ရင် ဒီမှာစောင့် ဒါပေမဲ့ ငါတို့ရဲ့ ဥပဒေကို မလိုက်နာရင်တော့ တစ်မျိုးနွယ်လုံး အမြစ်ပြတ်သွားမယ်။
နတ်ဘုရားအင်ပါယာမှကိုယ်စားလှယ်မှာမူအလွန်စိုးရိမ်နေသည်။အကြောင်းမှာအခြားမျိုးနွယ်စုများကလက်နက်ချနိုင်သော်လည်းသူတို့ကဲ့သို့အင်ပါယာတစ်ခုမှာမူအခြားသူ့လက်အောက်သို့ရောက်ရှိရန်မှာအလွန်ခက်ခဲသောကြောင့်ဖြစ်သည်။