အခန်း (၉၄) ရဲ့ဖန်၏ ထူးဆန်းသော အတွေးအခေါ်
"စီနီယာအစ်ကို... စီနီယာအစ်ကို အမြန်ပြေးတော့" ကျောက်စိမ်းကညာဂိုဏ်းအတွင်းရှိ တိတ်ဆိတ်လှသော နတ်စင်ဂူတစ်ခုအတွင်း၌ လင်းယုရှုသည် ထိတ်လန့်တကြား မျက်လုံးပွင့်လာပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။
"အိပ်မက်ဆိုး ပြန်မက်ပြန်ပြီလား" ကုတင်ပေါ်ရှိ နောက်ထပ် အမျိုးသမီးတစ်ဦးက မျက်မှောင်ကြုတ်ကာ လင်းယုရှု၏ နဖူးကို စမ်းကြည့်ရင်း မတတ်သာသလို မေးလိုက်သည်။
"ဟုတ်တယ် စီနီယာအစ်ကိုက သားရဲတစ်ကောင်ရဲ့အသတ်ခံလိုက်ရတယ်လို့ အိပ်မက်မက်တာပဲ" လင်းယုရှုသည် သူမ၏ ဆံနွယ်များကို ဆွဲရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"အိပ်မက်ဆိုတာ အမြဲတမ်း ပြောင်းပြန်ဖြစ်တတ်တာပဲ စိတ်မပူပါနဲ့။ မင်း ဒီရက်ပိုင်း နေလို့သိပ်မကောင်းဘူးဆိုတော့ ကျင့်စဉ်ကျင့်တာကို ရက်အနည်းငယ်လောက် နားထားလိုက်ဦး စိတ်ကြည်လင်သွားအောင် အပြင်ထွက်ပြီး လမ်းလျှောက်တာမျိုး ပိုလုပ်သင့်တယ်" သူမဘေးရှိ ယွီလင်လုံက လင်းယုရှုကို ပွေ့ဖက်ကာ ကျောပြင်ကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။
"ဘိုးဘေးကြီးက ကျွန်မကို အချိန်နဲ့ဟင်းလင်းပြင် ဝဲဂယက်ထဲကနေ ဆွဲထုတ်နိုင်ခဲ့တယ်ဆိုရင် စီနီယာအစ်ကို့ကိုရော ဘာလို့ မကယ်နိုင်ရတာလဲ"
လင်းယွီရှို့သည် ယွီလင်လုံ၏ ရင်ခွင်ထဲမှ ခေါင်းလေးပြူထွက်လာကာ နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
"ဒါကိုငါလည်း ဘိုးဘေးကြီးကို မေးဖူးပါတယ်။ သူမပြောတာကတော့ ရှောင်ချီမှာ သူ့ရဲ့ ကိုယ်ပိုင်အခွင့်အရေးရှိနေတယ်တဲ့။ အကယ်၍ သူမကသာ တားဆီးလိုက်ရင် အဲ့ဒီအခွင့်အရေးကို ဖျက်ဆီးသလို ဖြစ်သွားမှာစိုးလို့တဲ့"
"ထားပါတော့လေ ဒီအဖိုးကြီး အဖွားကြီးတွေက အမြဲတမ်း လျှို့ဝှက်ချက်တွေ အရမ်းများတာပဲ။ သူတို့လုပ်သမျှက အံ့သြစရာ မဟုတ်တော့ပါဘူး"
ယွီလင်လုံသည် ခဏမျှ စဉ်းစားပြီး လင်းယုရှုကို သေချာ ရှင်းပြနေသော်လည်း စကားအဆုံးတွင်တော့ လေသံတိုးတိုးဖြင့် ပွစိပွစိ ပြောလိုက်မိသည်။
ဖုန်း...
ဟင်းလင်းပြင်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ယွီလင်လုံ၏ ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်သည်။
"ဘိုးဘေးကြီး တပည့် မှားသွားပါပြီ နောက်ကွယ်မှာ အတင်းမပြောသင့်ပါဘူး" ယွီလုံလုံသည် သူမ၏ လျှာလေးကို ထုတ်ကာ လေထုထဲသို့ အပြစ်ရှိသလို အရိုအသေပေးလိုက်သည်။
သို့သော် ဟင်းလင်းပြင်မှာ တိတ်ဆိတ်နေဆဲပင်။ မည်သူမျှ ပြန်လည် ထူးခြင်း မရှိပေ။
ယွီလင်လုံသည် အကြိမ်အနည်းငယ် မော့ကြည့်ပြီးနောက် ဘာသံမှ ထပ်မကြားရသဖြင့် ရင်ဘတ်ကို ပွတ်ကာ လင်းယုရှုဘေးတွင် ပြန်ထိုင်လိုက်သည်။
ကြားပြီးပြီလား ရဲ့ဖန်က ဂိုဏ်းကို ပြန်ရောက်နေပြီတဲ့ သူက မင်းရဲ့စီနီယာအစ်ကို ဝိညာဉ်ဓားဂိုဏ်းကနေ မထွက်ပြေးခင် လုပ်သွားတဲ့ အကြောင်းတွေကိုလည်း သိသွားပြီ။
သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ မဟာအကြီးအကဲရှေ့မှာ ရှောင်ချီရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ချေပစ်မယ်လို့ ကျိန်ဆိုလိုက်တယ်လေ။
မင်းရဲ့ စီနီယာအစ်ကိုက ဒီတစ်ခါတော့ တကယ်ပဲ လွန်သွားတာ။ မမွေးသေးတဲ့ ကလေးတစ်ယောက်ကို သတ်ပစ်တာမျိုးကို ဘယ်ဂိုဏ်းကမှ လက်ခံမှာ မဟုတ်ဘူး။
ယွီလင်လုံသည် ညီအစ်မနှစ်ယောက် အတင်းပြောနေသကဲ့သို့ လင်းယုရှု၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်ကိုက မတရားမှုတွေ အများကြီး ခံခဲ့ရတာပါ တကယ်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်က သူ မိစ္ဆာဝင်သွားကတည်းက သူ့ကိုယ်ထဲက မိစ္ဆာစွမ်းအားတွေက ဘယ်တုန်းကမှ မငြိမ်သက်ခဲ့ဘူး။ မိုးကြိုးရေကန်မှာ ဆယ်နှစ်တောင် ကျင့်ကြံခဲ့တာတောင် မိစ္ဆာစွမ်းအားတွေက လျော့မသွားဘဲ ပိုတိုးလာခဲ့တာ"
အဲ့ဒီဆယ်နှစ်အတွင်းမှာ ကျွန်မသူ့ကို ရက်အနည်းငယ်ခြားတစ်ခါ သွားတွေ့ခဲ့တော့ သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို ကောင်းကောင်း သိပါတယ်။
"စီနီယာအစ်ကို အသိစိတ် မလွတ်သွားရတာက သူ့ရဲ့ စိတ်အာရုံထဲမှာ နတ်ဘုရားတစ်ပါးက သူ့ရဲ့အသိစိတ်ကို ကြည်လင်အောင် စောင့်ရှောက်ပေးနေလို့ပဲ"
ဒါပေမဲ့ ရဲ့ဖန်နဲ့ ပတ်သက်တဲ့ အရာတွေ ပေါ်လာတိုင်း သူက ရူးသွပ်သွားတတ်တယ်။ အဲ့ဒီအချိန်ကျရင်တော့ အဲ့ဒီနတ်ဘုရားတောင် သူ့ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
ဒါဆိုရင် မိစ္ဆာခေါင်းဆောင်တစ်ယောက်က ကလေးတစ်ယောက်ကို သတ်တာက အဆန်းတကျယ် လုပ်နေဖို့ လိုသေးလို့လား။
စီနီယာအစ်ကိုက အဲ့ဒီအချိန်မှာ အင်အား မလုံလောက်လို့သာပေါ့ မဟုတ်ရင် ဝိညာဉ်ဓားဂိုဏ်းက လူအားလုံးကို သူ တကယ် သတ်ပစ်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။
လင်းယုရှုသည် နတ်စင်ဂူအတွင်းရှိ ရေကန်ထဲမှ ကြာပန်းကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
သူမ ပြောလိုက်သော စကားလုံးတိုင်းမှာ ယွီလင်လုံ၏ ရင်ကို တုန်လှုပ်စေသည်။
ယွီလင်လုံသည် လင်းယွီရှို့ကို မယုံနိုင်သလို ကြည့်ကာ "တကယ်လား အဲ့ဒီတော့ မင်းပြောချင်တာက မင်းရဲ့စီနီယာအစ်ကိုက အခု မိစ္ဆာကျင့်ကြံသူ ဖြစ်နေပြီပေါ့" ဟု မဝံ့မရဲ မေးလိုက်သည်။
လင်းယုရှုက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဘုရားရေ ငါ ဘာတွေလုပ်မိပြီလဲ ငါက မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို ကျောက်စိမ်းကညာဂိုဏ်းထဲ ခေါ်လာခဲ့မိတာလား" ယွီလင်လုံသည် သူမ၏ ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
မစိုးရိမ်ပါနဲ့ ကျွန်မ ခုနကပြောသားပဲ စီနီယာအစ်ကိုရဲ့မိစ္ဆာစိတ်က ရဲ့ဖန်၊ ဆရာနဲ့ စီနီယာအစ်မတို့နဲ့ပဲ သက်ဆိုင်တာပါ။ သာမန်လူတွေကတော့ သူ့ရဲ့ စိတ်ကို ဘယ်တော့မှ မလှုပ်ခတ်နိုင်ပါဘူး။
လင်းယုရှုသည် ယွီလင်လုံ၏ မျက်လုံးထဲမှ ရွံရှာသော အမူအရာကို မြင်လိုက်ရသဖြင့် ဘိုးဘေးကြီးက စီနီယာအစ်ကို့ကို မုန်းတီးပြီး ဂိုဏ်းကနေ နှင်ထုတ်မှာ စိုးရိမ်သဖြင့် အလျင်အမြန် ဆင်ခြေပေးကာ ခုခံပြောဆိုပေးလိုက်သည်။
"အင်း... စိတ်မပူပါနဲ့ ငါတို့က မင်းရဲ့စီနီယာအစ်ကို့ကို မရွံရှာပါဘူး ဘိုးဘေးကြီးက အရာရာကို ထွင်းဖောက်မြင်နိုင်တဲ့ အစွမ်းရှိတယ်။ သူမကိုယ်တိုင်က ရှောင်ချီကို တပည့်အဖြစ် လက်ခံချင်တယ်ဆိုရင် သူက တကယ် ရက်စက်တဲ့ လူယုတ်မာ မဟုတ်ဘူးဆိုတာ သေချာပါတယ်"
"ကဲ... နတ်စင်ဂူထဲမှာပဲ အောင်းမနေပါနဲ့တော့ ငါတို့ ကျောက်စိမ်းကညာဂိုဏ်းရဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ဖို့ ငါ မင်းကို အပြင်ခေါ်သွားမယ်"
ယွီလင်လုံသည် မျက်မှောင်ကြုတ်နေသော လင်းယုရှု၏ နူးညံ့လှသော လက်ကလေးကို ဆွဲကာ ဂူအပြင်ဘက်သို့ လှမ်းထွက်လိုက်သည်။
ဝိညာဉ်ဓားဂိုဏ်း၏ နောက်တောင်ကုန်းရှိ ဇိမ်ခံနတ်စင်ဂူတစ်ခုအတွင်း၌ လျိုချင်းအာသည် မျက်လုံးများကို တင်းတင်းပိတ်ကာ ကုတင်ပေါ်တွင် လဲလျောင်းနေသည်။
သူရဲကောင်းဆန်သော ရုပ်ရည်ရှိသည့် ခန့်ညားသော အမျိုးသားတစ်ဦးသည် ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်ကာ တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေသကဲ့သို့ မျက်မှောင်ကြုတ်နေသည်။
ယဲ့ဖန် မင်းဂိုဏ်းကို ပြန်ရောက်တာတောင် ငါ့ကို လာမတွေ့ဘူး အဲ့ဒီအစား ဒီလိုမိန်းမမျိုးကို မင်းရဲ့ ဂူထဲ ခေါ်လာတယ်ပေါ့ မင်း ငါ့ကို စိတ်ထဲရှိသေးရဲ့လား။
ယဲ့ဖန်၏ ဂူအပြင်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ရဲ့ဖန်သည် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားကာ ဂူတံခါးကို ဖွင့်လိုက်ရာ သူ လွမ်းလည်းလွမ်း စိတ်လည်း ပျက်ရသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ယခုအခါ ယဲ့ဖန်၏ မျက်နှာမှာ ပို၍ တည်ကြည်လာပြီး ပို၍ပင် ခန့်ညားလာသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း သူသည် အရာများစွာကို ကြုံတွေ့ခဲ့ရသည်။ သူ၏ မျက်နှာမှာ အသက်အရွယ်ထက် ပိုမို ရင့်ကျက်ပုံ ပေါက်နေပြီး လောကဓံကို ကောင်းကောင်း ခံနိုင်ရည်ရှိသည့် လူလတ်ပိုင်းတစ်ဦးနှင့် တူနေသည်။
ဤရင့်ကျက်မှုနှင့် သူ၏ ငယ်ရွယ်ခန့်ညားသော ရုပ်ရည်မှာ သိသာထင်ရှားသော ခြားနားချက် ဖြစ်နေသည်။ ဤပေါင်းစပ်မှုက အမျိုးသမီးများကို ပို၍ပင် ဆွဲဆောင်နိုင်စေသည်။
"တွေ့တွေ့ချင်း အော်မနေပါနဲ့ မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်ကုန်တာလဲ" ယခုအချိန်တွင် ယဲ့ဖန်၌ အထက်လူကြီး တစ်ဦး၏ အရှိန်အဝါများရှိနေသည်။ သူ၏ သာမန် လှုပ်ရှားမှုများပင်လျှင် တခြားသူများကို ကြောက်ရွံ့ ရိုသေစိတ် ဖြစ်ပေါ်စေသည်။
"ယဲ့ဖန်... မင်းက တကယ် ရက်စက်တဲ့ လူပဲ ငါ မင်းကို ဂိုဏ်းမှာငါးနှစ်တောင် စောင့်ခဲ့တာကို မင်းက ငါ့ကိုဒီလိုပြောတယ်ပေါ့" လင်းကျောက်လန်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ ယဲ့ဖန်၏ ခန့်ညားမှုကို ငေးမောသွားတာလား သို့မဟုတ် သူ၏ အရှိန်အဝါကြောင့် ကြောက်သွားတာလား သူမ မသိပေ။
သို့သော် လင်းကျောက်လန်သည် ချက်ချင်း သတိပြန်ဝင်လာကာ ဂူအတွင်းရှိ ကျောက်စားပွဲတွင် ထိုင်ပြီး ငိုရှိုက်ကာ ပြောလိုက်သည်။
"မင်းက ငါ အယုံကြည်ရဆုံးလူပဲ ချင်းအာမှာ ငါ့ရဲ့ကလေးရှိနေတာကို မင်း ကောင်းကောင်း သိသားပဲ ဒါပေမဲ့ ရှောင်ချီက သူမကို တိုက်ခိုက်တဲ့အချိန်မှာ မင်း ဘာလို့ မတားခဲ့တာလဲ ဒီအတွက် ငါ့ကို ရှင်းပြဖို့ မလိုဘူးလား" ယဲ့ဖန်သည် လင်းကျောက်လန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်စွာ ကြည့်နေသည်။
"မင်း ဘာတွေ ပြောနေတာလဲ ငါက မင်းရဲ့ တာအိုလက်တွဲဖော်လေ ငါတို့ စေ့စပ်ထားတာလေ အခု မင်းက မင်းရဲ့တခြားမိန်းမကို မကာကွယ်ပေးရကောင်းလားဆိုပြီး ငါ့ကို လာမေးခွန်းထုတ်နေတာလား" လင်းကျောက်လန်သည် မယုံနိုင်စရာ အကောင်းဆုံး အရာတစ်ခုကို ကြားလိုက်ရသကဲ့သို့ ယဲ့ဖန်ကို ကြည့်လိုက်သည်။
"ငါလို အမျိုးသားတစ်ယောက်က ကောင်းကင်က တောက်ပနေတဲ့ နေမင်းကြီးလိုပဲ။ လူတစ်ယောက်တည်းကပဲ ပိုင်ဆိုင်လို့ ဘယ်ရပါ့မလဲ မင်းငါနဲ့ စတွေ့ကတည်းက ငါ့မှာ မိန်းမတစ်ယောက်တည်း ရှိမှာ မဟုတ်ဘူးဆိုတာ မင်း သိပြီးသား ဖြစ်မှာပါ။ အခုမှ ဘာလို့ ဟန်ဆောင်နေရတာလဲ"
ငါ့ရဲ့ အမျိုးသမီးတွေဆိုတာ ငါ့ရဲ့ အကျိုးစီးပွားကိုပဲ တွေးပေးရမှာ။ ချင်းအာမှာ ငါ့ရဲ့သားသမီး ရှိနေတယ်ဆိုတာ ငါတို့ရဲ့ မျိုးဆက်ကို လွယ်ထားတာပဲလေ မင်းအနေနဲ့ သူမကို ကာကွယ်ပေးသင့်တာ မဟုတ်ဘူးလား။
ယဲ့ဖန်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးစက်သော လေသံဖြင့် မေးလိုက်သည်။