အခန်း (၉၂) ပြတ်သားရက်စက်လှသော ချန်ရှင်းဟေ
မင်းလေးကတော့ တကယ်ကို ထူးဆန်းတဲ့ကောင်လေးပဲ။ တခြားသူတွေက ငါတို့ကမ္ဘာထဲ ဝင်နိုင်ဖို့ ခေါင်းချင်းရိုက်ပြီး ကြိုးစားနေကြတာ။ မင်းကျတော့ အခွင့်အရေးက ရှေ့တည့်တည့် ရောက်နေတာတောင် အဖက်မလုပ်ဘူးပေါ့။
လူသားမျိုးနွယ်ဆိုတာ တကယ်ပဲ နားလည်ရခက်တဲ့ မျိုးနွယ်ပဲ" ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်သည်။
ကျွန်တော်က ဒီအစီရင်ထဲမှာ အတော်လေး ဒုက္ခခံခဲ့ရပြီးမှ အခုမှ ခက်ခက်ခဲခဲ ဖျက်နိုင်ခဲ့တာ။ အနည်းဆုံးတော့ တစ်ခုခု ပေးသင့်တာပေါ့ ဒီတိုင်းကြီး လွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ။
အကယ်၍ ကျွန်တော် နောက်ကျရင် ယွမ်ကျူးတိုက်ကြီးကနေ တကယ် ထွက်သွားချင်တယ်ဆိုရင်တောင် အခုလာတဲ့ လမ်းအတိုင်း ပြန်သွားလို့ရတာပဲ။ ဒီအခွင့်အရေးကြီးကို အလဟဿ အဖြစ်မခံနိုင်ဘူး။
ရှောင်ချီက လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ ဒီအမျိုးသမီးက သူ့ကိုအူကြောင်ကြောင်ကောင်ဟု ထင်နေသလား ဤမျှ ရှုံးနိမ့်လွန်းသော အရောင်းအဝယ်မျိုးကို သူ လုံးဝ သဘောတူမည် မဟုတ်ပေ။
"လူသားတွေရဲ့လောဘကို ငါ ကောင်းကောင်း သိပြီးသားပါ အဲ့ဒီလိုဆိုမှတော့ မင်း ဘာလိုချင်လဲဆိုတာ ပြောစမ်းပါဦး" ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ သူမအတွက် ဤအပြုအမူမှာ အံ့သြစရာ မဟုတ်ပေ။
"ဒါကတော့..."
"ကျွန်တော်က ဘယ်လိုလုပ်ပြီး တိုက်ရိုက် တောင်းဝံ့မှာလဲ စီနီယာပေးသမျှကိုပဲ ကျွန်တော် ယူပါ့မယ်" ခုနက ရဲရဲတောက် ပြောနေသော ရှောင်ချီမှာ ယခုတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြန်သည်။
သူ့မျက်နှာက ဘယ်လောက်ပင် ထူပါစေဦးတော့ သူတစ်ပါးဆီကနေ လက်ဖြန့်တောင်းရမှာကိုတော့ အနည်းငယ် ရှက်မိသည် မဟုတ်ပါလား။
"ကောင်းပြီ မင်းရဲ့ကိုယ်ပေါ်မှာ ကြာပန်းရဲ့ အရှိန်အဝါကို ငါခံစားမိတယ်။ အဲ့ဒါကြောင့် ငါ မင်းကို ဒီကြာစေ့လေး လက်ဆောင်ပေးမယ်။ ဒါက မင်းအတွက် အသုံးဝင်လာလိမ့်မယ်" အမျိုးသမီးက ခပ်ခါးခါး ရယ်မောရင်း မတတ်သာသလို ပြောလိုက်သည်။
ထို့နောက် သူမ၏ လက်ချောင်းလေးဖြင့် ခပ်ဖွဖွ တို့လိုက်ရာ ရှောင်ချီ၏ ရှေ့တွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ကြာစေ့တစ်စေ့ လေထုထဲမှ ရုတ်တရက် ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ချီ၏ ဒန်ထျန် အတွင်းရှိ ကြာပန်းမှာ တစ်စုံတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသကဲ့သို့ အဆက်မပြတ် စတင် လည်ပတ်လာတော့သည်။
နောက်ဆုံးတွင် ၎င်းသည် ရှောင်ချီ၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် ထွက်ပေါ်လာပြီး ထိုကြာစေ့နှင့် သွားရောက် ထိတွေ့လိုက်တော့သည်။
ခမ်းနားထည်ဝါလှသော ဝိညာဉ်စွမ်းအားဒီရေလှိုင်းများမှာ ရှောင်ချီ၏ ဒန်ထျန်ချီပင်လယ်ဆီသို့ တိုးဝင်လာတော့သည်။ သူ၏ ဒန်ထျန်အတွင်း တင်ပျဉ်ခွေ ထိုင်နေသော နတ်ဝိညာဉ် မှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများကို ရူးသွပ်မတတ် စုပ်ယူနေတော့သည်။
ငါ့ရဲ့အမည်က ပိရှောင်လို့ ခေါ်တယ်။ ဒီနေ့ မင်းကို ဒီကြာစေ့ ပေးလိုက်တာက ကောင်းမွန်တဲ့ ရေစက်တစ်ခုလို့ပဲ မှတ်ယူလိုက်ပါ။
အကယ်၍ တစ်နေ့မှာ မင်းက ကိုယ့်အစွမ်းနဲ့ကိုယ် ဟုန်ဟွမ်ကမ္ဘာကို တကယ် ရောက်လာနိုင်ခဲ့ရင် ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်။
နူးညံ့သိမ်မွေ့သော အသံမှာ ရှောင်ချီ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ထိုလှပသော ပုံရိပ်မှာ စိမ်းလွင်သော အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
"ပိရှောင်..."
"ပိရှောင်..."
"ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ တစ်နေရာရာမှာ ကြားဖူးသလိုပဲ"
"နေဦး သူမ ခုနက ဟုန်ဟွမ်ကမ္ဘာလို့ ပြောသွားတယ် ပြီးတော့ ပိရှောင် ဆိုတဲ့နာမည် ဒါက ကမ္ဘာမြေက ဒဏ္ဍာရီတွေထဲမှာ ရှိတဲ့ နာမည်ပဲ"
ရှောင်ချီ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှေးဟောင်းမှတ်ဉာဏ်များစွာ ပေါ်ထွက်လာပြီး ဒဏ္ဍာရီများမှာ သူ၏ စိတ်ထဲတွင် ရုပ်ရှင်ပြနေသကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ဟုန်ဟွမ်ကမ္ဘာ စန်းရှောင် နတ်သမီးသုံးဖော်၊ နတ်ဘုရားဘွဲ့နှင်းသဘင်စာရင်း သူမပြောတဲ့ မဟာလောကဆိုတာ ဟုန်ဟွမ်ကမ္ဘာကို ပြောတာလား ဟုတ်သားပဲ သူမ ခုနက နွီဝါးအကြောင်းလည်း ပြောသွားသေးတယ်။ အဲ့ဒါ မြေစေးကနေ လူသားတွေကို ဖန်တီးခဲ့တဲ့ နတ်ဘုရားမ နွီဝါးမဟုတ်ဘူးလား။
ရှောင်ချီ၏ ဦးနှောက်ထဲတွင် ပိတ်ဆို့နေသမျှ အရာအားလုံးမှာ ရုတ်တရက် ပွင့်ထွက်သွားသကဲ့သို့ လွန်စွာ ကြည်လင်သွားတော့သည်။ ခဏချင်းမှာပင် သူ၏ အတွေးစများကို ပြန်လည် စုစည်းနိုင်ခဲ့သည်။
ဝုန်း... သို့သော် ရှောင်ချီ နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ်မှာပင် ဤဟင်းလင်းပြင် ကမ္ဘာကြီးမှာ ရုတ်တရက် ပြိုလဲသွားပြီး သူ၏ အသိစိတ်မှာ ဂူအတွင်းရှိ ခန္ဓာကိုယ်ဆီသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားတော့သည်။
ရှောင်ချီ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ဂူအတွင်းရှိ ဟင်းလင်းပြင်မှာလည်း ထပ်မံ ပြိုလဲသွားပြန်သည်။ သူ၏ ဝိညာဉ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အစီရင်၏ အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်!
"အား ခေါင်းကိုက်လိုက်တာ" ရှောင်ချီသည် ခေါင်းမူးဝေစွာဖြင့် မျက်လုံးဖွင့်လိုက်ပြီး ထိုးကိုက်နေသော သူ၏ နဖူးကို ပွတ်ရင်း ဖြည်းဖြည်းချင်း ထရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
"ဒါ... ငါ ပြန်ရောက်လာတာလား" ရှောင်ချီ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဤနေရာမှာ ထိုအမည်မဲ့ကျွန်း၏ ကမ်းခြေပင် ဖြစ်သည်။
ကျွန်းပေါ်တွင် အသတ်ခံလိုက်ရသည့် ကျင့်ကြံသူများမှာ ယခုအခါ ဘာဒဏ်ရာမှ မရှိဘဲ သူ့ရှေ့တွင် လဲလျောင်းနေကြသည်ကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် လူအတော်များများ နိုးလာကြပြီ ဖြစ်သည်။ သူတို့မှာ တစ်ဦးကိုတစ်ဦး မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့ လိုက်ရှာနေသည့် သင်္ဘောကြီးမှာလည်း ကမ်းခြေတွင် ဆိုက်ကပ်ထားဆဲပင်။ မည်သည့်နေရာကိုမှ မရွေ့လျားခဲ့သကဲ့သို့ပင်။
လွန်ခဲ့သော နှစ်လအတွင်း ကြုံတွေ့ခဲ့ရသော ဝေဝါးလှသည့် ဘဝကြီးနှင့် သူ၏ချီပင်လယ်ထဲတွင် ကြယ်တာရာတစ်ခုလို တောက်ပနေသည့် ကြာစေ့သာ မရှိလျှင် ရှောင်ချီမှာ ၎င်းကို အိပ်မက်ဆိုးတစ်ခုဟုပင် ထင်မှတ်မိမည် ဖြစ်သည်။
"ငါ... ငါ မသေဘူး"
"ဟားဟားဟား... ဒါတွေ အကုန်လုံးက အိပ်မက်တွေပဲကိုး ငါ့မှာတော့ တကယ် သေပြီမှတ်လို့ လန့်သွားတာပဲ"
"ဘာလဲ မင်းလည်း အိပ်မက်ဆိုး မက်တာလား ငါ့အိပ်မက်ထဲမှာ မင်းက ငါ့ကိုနှစ်ပိုင်းပိုင်းပြီး သတ်လိုက်တာကွ"
"ဒီလောက်တောင် တိုက်ဆိုင်သလား ငါ့အိပ်မက်ထဲမှာလည်း ငါက မင်းကို နှစ်ပိုင်းပိုင်းလိုက်တာပဲ"
ငါဆိုရင် ကျားနက်ကြီးက မျိုးနွယ်စုခေါင်းဆောင်ချန် ကို သစ္စာဖောက်တာတောင် အိပ်မက်မက်တယ် နောက်ဆုံးမှာ နှစ်ဖက်စလုံး အကြီးအကျယ် တိုက်ခိုက်ကြတာလေ။
လူအားလုံး နိုးလာပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ အစပိုင်းတွင် သူတို့မှာ အိပ်မက်မက်သည်ဟု ထင်မှတ်ကာ သူငယ်ချင်းများအကြား ဟာသလုပ်ပြီး စကားပြောနေကြသည်။
သို့သော် ခဏအကြာတွင် အခြေအနေမှာ တင်းမာသွားကာ အားလုံးမှာ အနေခက်သွားကြသည်။ သူတို့အားလုံး မက်သည့် အိပ်မက်များမှာ ထပ်တူကျနေခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ခုတည်းကိုသာ ဆိုလိုသည်။ ၎င်းမှာ အိပ်မက် မဟုတ်ဘဲ စိတ်အာရုံကို လှည့်စားသည့် သတ်ဖြတ်ခြင်း အစီရင်တစ်ခုသာ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ထိုအိပ်မက်ထဲမှ အရာများမှာ တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ကျားနက်သည် ချန်ရှင်းဟေကို တကယ်ပင် သစ္စာဖောက်ခဲ့သည်။
သူတို့အားလုံးလည်း တကယ်ပဲ တစ်ကြိမ် သေဆုံးခဲ့ကြသည်။ ထိုသွေးပျက်ဖွယ် မြင်ကွင်းများမှာ စိတ်ကူးယဉ် မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းပင်။
သို့သော် သူတို့ နားမလည်နိုင်သည်မှာ ဒါတွေအားလုံးက အစစ်အမှန် ဖြစ်နေပါလျက်နှင့် သူတို့ ဘာကြောင့် အသက်ရှင်နေကြသေးသနည်း ဆိုခြင်းပင်။
"ကိုယ့်ခေါင်းက ကိုယ့်ပခုံးပေါ်မှာ ရှိနေသေးတာ တကယ်ပဲ ကောင်းတာပဲ" လူအုပ်ကြားမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်ရှင်းဟေသည် သူ၏လည်ပင်းကို လှည့်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူ၏ အကြည့်မှာ တစ်ကိုယ်လုံး တုန်ရီနေသော ကျားနက်ဆီသို့ ချက်ချင်း ရောက်သွားတော့သည်။
"ကျားလေး... မင်း ပြောစရာ ဘာရှိသေးလဲ" ချန်ရှင်းဟေသည် တစ်လှမ်းချင်း လျှောက်သွားကာ ကျားနက်ရှေ့တွင် ရပ်ပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။
ချန်ရှင်းဟေ၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ သူငယ်ချင်းကောင်းတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ပင် တည်ငြိမ်နေသည်။
မျိုးနွယ်စုခေါင်းဆောင် ကျွန်တော် မှားခဲ့ပါတယ်။ အခုချိန်မှာ စကားတွေ ပြောနေလည်း နောက်ကျသွားပြီဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ မိသားစုကိုတော့ ချမ်းသာပေးပါ။
သူတို့မှာ အပြစ်မရှိပါဘူး ကျားနက်သည် မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့လျက် မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။
ဖုန်း... ချန်ရှင်းဟေသည် ကျားနက်၏ ဦးခေါင်းကို သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်စွမ်းအားများက ကျားနက်၏ ဦးခေါင်းကို တိုက်ရိုက် ကြိတ်ခြေပစ်လိုက်တော့သည်။
"မင်းလို လူစားမျိုးက မိသားစုရှိဖို့တောင် ထိုက်တန်လို့လား" ချန်ရှင်းဟေသည် သူ၏ ဝတ်ရုံထဲမှ အဖြူရောင် လက်ကိုင်ပုဝါကို ထုတ်ကာ သူ၏ လက်ပေါ်ရှိ သွေးများကို သုတ်လိုက်သည်။
ထို့နောက် ကျားနက်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ကမ်းခြေရှိ သင်္ဘောကြီးဆီသို့ တိုက်ရိုက် လျှောက်သွားတော့သည်။
"မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်တို့မှားခဲ့ပါတယ် ကျားနက်က ကျွန်တော်တို့ကို အတင်းအကျပ် ခိုင်းခဲ့လို့ပါ" ကမ်းခြေရှိ လူများမှာ ဟာသလုပ်လိုစိတ်များ ပျောက်ကွယ်သွားကြသည်။
ခုနက ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်မဟုတ်ဘဲ အစစ်အမှန် ဖြစ်ကြောင်း သူတို့ ခုမှ ကောင်းကောင်း သဘောပေါက်သွားတော့သည်။
အခုကတော့ မျိုးနွယ်စုခေါင်းဆောင်၏ အပြစ်စီရင်မည့် အချိန်ပင် အကယ်၍ သူတို့သာ တစ်ခုခုမလုပ်လျှင် ကျားနက်ကဲ့သို့ပင် ရက်ရက်စက်စက် အသတ်ခံရပေလိမ့်မည်။
ကျန်းအိုကြီးပြောတာ မှန်တယ်။ ငါက တကယ်ကို စိတ်ပျော့လွန်းနေသေးတာပဲ ဒါနဲ့ စကားမစပ် မင်းတို့အားလုံးကို ကျေးဇူးတင်သင့်တယ် မင်းတို့က ငါ့ကို တစ်သက်လုံး မှတ်မိနေမယ့် နက်နက်ရှိုင်းရှိုင်း သင်ခန်းစာတစ်ခု ပေးခဲ့တာပဲ။
ချန်ရှင်းဟေသည် လှည့်ကြည့်လိုက်ပြီး ကမ်းခြေမှာ ဒူးထောက်နေကြသော အစောင့်များကို အေးစက်စွာ ကြည့်လိုက်သည်။
သူသည် လက်ဝါးကို မြှောက်ကာ လည်ပင်းလှီးသည့် ပုံစံမျိုး ပြုလုပ်လိုက်ပြီး သူတို့အားလုံးကိုသတ်ပစ်လိုက်ကြ ငါ အခုသူတို့ကို မမြင်ချင်တော့ဘူး ဟု အေးအေးဆေးဆေး ပြောလိုက်သည်။