အခန်း (၉၁) ယွမ်ကျူးတိုက်ကြီး၏ မူလဇစ်မြစ်အမှန်
ရှောင်ချီပြန်နိုးလာသည့်အခါ သူသည် ဝေဝါးမှိုင်းပြပြ ဖြစ်နေသော မီးခိုးရောင် ဟင်းလင်းပြင်တစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤနေရာရှိ အရာအားလုံးမှာ ရပ်တန့်နေပြီး လေစီးဆင်းမှုကိုပင် ရှောင်ချီ မခံစားရပေ။
"ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်လောက်ပဲ ရှိတဲ့ ကောင်လေးတစ်ယောက်က ငါ့ရဲ့ စိတ်အာရုံလှည့်စားတဲ့ အစီရင်ကို တကယ်ပဲ ဖျက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး" ရှောင်ချီ ပတ်ဝန်းကျင်ကို ကြည့်နေစဉ်မှာပင် သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီးအသံတစ်ခု သူ၏ စိတ်ထဲ၌ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
"ဘယ် ဘယ်သူလဲ ဘယ်သူ စကားပြောနေတာလဲ" ရှောင်ချီသည် ကြက်သီးမွေးညင်းများ ထသွားကာ လေးနက်သော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"ငါ ဒီမှာရှိတယ်" ရှောင်ချီ၏ ရှေ့တွင် စိမ်းလွင်သောဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာတော့သည်။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှ မှိန်ပျပျ အလင်းတန်းများ ထွက်ပေါ်နေပြီး သူမကို အင်မတန် ထူးမြတ်မြင့်မြတ်သော နတ်ဘုရားမတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။
ရှောင်ချီသည် ထိုအမျိုးသမီးထံမှ မကြုံစဖူးသော အစွမ်းထက်မှုကို ခံစားနေရသည်။ သူမရှေ့တွင် ဒူးထောက် ကိုးကွယ်လိုစိတ်၊ ပူဇော်လိုစိတ်များပင် ပေါ်ပေါက်လာတော့သည်။
"မင်းက ဘယ်သူလဲ ဘာဖြစ်လို့ ဒီလို စိတ်အာရုံလှည့်စားတဲ့ အစီရင်ကို ခင်းကျင်းထားရတာလဲ" ရှောင်ချီသည် မိမိကိုယ်ကို သတိပြန်ဝင်စေရန် လျှာဖျားကို ခပ်ဖွဖွ ကိုက်လိုက်ပြီးနောက် ထိုအမျိုးသမီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ဤအမျိုးသမီးသည် ကျွန်းပေါ်တွင် အစီရင်တစ်ခု ခင်းကျင်းကာ ရောက်ရှိလာသူများကို တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်မိအောင် လုပ်ဆောင်ခဲ့သဖြင့် သူမသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။
သူမသည် မည်သူပင်ဖြစ်စေ ထွက်ပေါ်နေသော အရှိန်အဝါများက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းစေကာမူ ရှောင်ချီသည် သူမအပေါ် ကောင်းသော အမြင် မရှိပေ။
"သတ္တဝါတွေက အသိဉာဏ်ကင်းမဲ့ကြတယ် သူတို့မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းနဲ့ လောဘပဲရှိကြတာ။ ငါက သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးရုံပါပဲ" ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက ရှောင်ချီကို အေးစက်စွာ ကြည့်လိုက်သည်။ အထက်တန်းလွှာ ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါက ရှောင်ချီအပေါ် ဖိနှိပ်လာတော့သည်။
သူမထံမှ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်မလာသော်လည်း ဤအရှိန်အဝါ တစ်ခုတည်းကပင် ရှောင်ချီ၏ ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။
ရွှမ်း... ရှောင်ချီသည် တစ်နေရာမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ သူ၏ လက်ဖမိုးပေါ်သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ သွေးများ ပန်းထွက်သွားကာ နာကျင်မှုကြောင့် သူ၏ အသိစိတ်မှာ ချက်ချင်း ပြန်လည် ကြည်လင်လာတော့သည်။
"ဟဲဟဲ မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ ကိုယ့်ကိုယ်ကိုယ်တောင် ဒီလောက် ရက်စက်နိုင်တယ်ပေါ့"
ရှောင်ချီက မဆိုင်းမတွ လုပ်ဆောင်လိုက်သည်ကို မြင်သောအခါ ဝတ်ရုံစိမ်းနှင့် အမျိုးသမီး က အနည်းငယ် ပြုံးလိုက်သည်။ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ပင်။
ထားပါတော့ ငါ မင်းကိုဆက်ပြီး မစတော့ပါဘူး ငါ ခင်းကျင်းထားတဲ့ ဒီအစီရင်က ဝိညာဉ်ကိုပဲ ဖမ်းချုပ်ထားတာ ရုပ်ခန္ဓာကိုတော့ မထိန်းချုပ်ထားဘူး။ ဒါကြောင့် ကျွန်းပေါ်က လူတွေက သေကုန်ကြတာ မဟုတ်ဘူး။ သူတို့ရဲ့ ရုပ်ခန္ဓာတွေက အစီရင်ရဲ့ အပြင်ဘက်မှာ ရှိနေတုန်းပဲ။
ငါ ဘာလို့ ဒီအစီရင်ကို လုပ်ရလဲဆိုတာကတော့ ငါ့မှာလည်း ခက်ခဲတဲ့ အကြောင်းရင်းတွေရှိလို့ပါ။
ငါ့ရဲ့ အစ်မဖြစ်သူက ပန်ကူးကမ္ဘာသစ်ကို ဖန်တီးသလို နွီဝါးလူသားတွေကို ဖန်တီးသလိုမျိုး ကမ္ဘာသစ်တစ်ခုကို ဖန်တီးချင်ခဲ့တာ။
"ဒါပေမယ့် နောက်ဆုံးမှာ မှော်စွမ်းအား မလုံလောက်တာကြောင့် ကမ္ဘာငယ်တစ်ခုကိုပဲ ဖန်တီးနိုင်ခဲ့တယ်။ အဲ့ဒါက အခု မင်းတို့ခေါ်နေတဲ့ ယွမ်ကျူးတိုက်ကြီးပေါ့"
လူသားတွေကို ဖန်တီးတဲ့ အတတ်ပညာက ပိုလို့တောင် ခက်ခဲပါသေးတယ်။ စီနီယာ နွီဝါးရဲ့ စံနမူနာ ရှိပေမယ့်လည်း လူသားမျိုးနွယ်ရဲ့ ကံကြမ္မာဆိုတာက အတည်တကျ ဖြစ်ပြီးသားလေ။ စိတ်တိုင်းကျ ပုံဖော်လို့ရတဲ့ အရာ မဟုတ်ဘူး။
အစ်မက တခြားသတ္တဝါတွေကို ဖန်တီးချင်ခဲ့ပေမယ့် အပင်တွေနဲ့ တိရစ္ဆာန်အချို့ကလွဲရင် အသိဉာဏ်ရှိတဲ့ သတ္တဝါတွေကို ဖန်တီးဖို့ ခက်ခဲခဲ့တယ်။ နောက်ဆုံးမှာတော့ ဒီကမ္ဘာငယ်ကို စွန့်ပစ်လိုက်ရတော့တာပေါ့။
ကမ္ဘာဦးကပ်ဘေးကြီးအတွင်းမှာ လူသားမျိုးနွယ်အချို့က ဘေးလွတ်ရာကို ထွက်ပြေးရင်း ဒီကမ္ဘာငယ်ကို တွေ့ရှိသွားပြီး ဒီမှာ အခြေချ နေထိုင်ခဲ့ကြတယ်။
လူရှိတဲ့နေရာမှာ မိစ္ဆာတွေလည်း ရှိတာပဲ။ အစာနံ့ကို ရသွားတဲ့ မိစ္ဆာမျိုးနွယ်တွေကလည်း ဒီကမ္ဘာငယ်ထဲကို တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာခဲ့ကြတယ်။
အစ်မက လူသားမျိုးနွယ်တွေ မိစ္ဆာတွေရဲ့ အစာ ဖြစ်နေရတာကို မကြည့်ရက်တာကြောင့် ဖီးနစ်သွေးမျိုးဆက်ပါတဲ့ တပည့်တစ်ယောက်ကို စေလွှတ်ပြီး ဝေနိုင်ငံတော်ကြီးကို တည်ထောင်စေခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဖြစ်လာတဲ့ ဝေနိုင်ငံတော်ရဲ့ သမိုင်းကြောင်းကိုတော့ မင်းကြားဖူးလိမ့်မယ် ထင်ပါတယ်။
ဒါပေမယ့် လူသားတွေက ငြိမ်းချမ်းမှုရသွားတဲ့အခါမှာတော့ အေးအေးမနေကြတော့ဘူး သူတို့က ပိုမြင့်မားတဲ့ နယ်ပယ်တွေကို တက်လှမ်းပြီး စစ်မှန်တဲ့ ကမ္ဘာကြီးထဲကို ဝင်ရောက်ဖို့ပဲ အမြဲ တွေးနေကြတယ်။
ဒီကမ္ဘာငယ်ရဲ့ ကျင့်ကြံခြင်း နိယာမတွေက မပြည့်စုံဘူး။ အများဆုံး ကျင့်ကြံနိုင်ရင် မဟာယာနအဆင့်အထိပဲ။ တကယ်တမ်းဆိုရင် ဒီကျင့်ကြံသူတွေက ကမ္ဘာဦး အတားအဆီးကို ချိုးဖျက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဒီအဆင့်ကို ရောက်ရင်တောင် ကမ္ဘာငယ်ထဲမှာပဲ အိုမင်းပြီး သေဆုံးသွားကြရမှာပဲ။
ဒါပေမယ့် အစ်မက စိတ်ရင်းကောင်းတယ် ပြီးတော့ ဒီနေရာက သူမ ဖန်တီးခဲ့တဲ့ ကမ္ဘာငယ် ဖြစ်နေတာကြောင့် ကံကြမ္မာအကျိုးဆက်တွေလည်းရှိနေတယ်။
ဒါကြောင့် မဟာယာန ကျင့်ကြံသူတစ်ယောက်က ကမ္ဘာဦးအတားအဆီးကို ချိုးဖျက်ချင်တဲ့အခါတိုင်း အစ်မက လမ်းကြောင်းတစ်ခု ဖွင့်ပေးလေ့ရှိတယ်။
သူတို့ကို မင်းတို့ခေါ်တဲ့ နတ်ဘုရားနယ်မြေဆိုတဲ့ စစ်မှန်တဲ့ မဟာလောကဆီကို သွားခွင့်ပြုခဲ့တယ်။
ဒါပေမယ့် ယွမ်ကျူးတိုက်ကြီးက လူတွေက ဒါနဲ့တင်အားမရကြဘူး မဟာယာနအဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူအချို့ကလည်း စစ်မှန်တဲ့ နတ်ဘုရားနယ်မြေကို သွားဖို့ ဒီအတားအဆီးကို ဖြတ်ကျော်ချင်နေကြတယ်။
အစ်မရဲ့ကျင့်စဉ်က ပိုမြင့်လာတာနဲ့အမျှ ကမ္ဘာကြီးအပေါ် နားလည်မှုကလည်း ပိုနက်ရှိုင်းလာတယ်။ ယွမ်ကျူးတိုက်ကြီးက ငါတို့နေထိုင်တဲ့ မဟာလောကကြီးနဲ့ သိသိသာသာ ဆက်နွှယ်သွားခဲ့တယ်။
ကမ္ဘာဦး အတားအဆီးက ပိတ်ထားပေမယ့်လည်း အတားအဆီးကို ဖောက်ထွက်ပြီး မဟာလောကဆီကို ရောက်လာနိုင်တဲ့ ကံကောင်းသူတွေ အမြဲရှိနေတတ်တယ်။
ကမ္ဘာနှစ်ခုကြား ကူးလူးသွားလာသူတွေ များလာတဲ့အခါမှာတော့ အစ်မ ကျင့်ကြံနေတဲ့ တာအိုလမ်းစဉ်ကိုပါ ထိခိုက်လာတော့တယ်။
အဆုံးမှာတော့ ဒီကမ္ဘာကို အစ်မ ဖန်တီးခဲ့တာ ဖြစ်လို့ ဒီကမ္ဘာရဲ့ ကံကြမ္မာ အကျိုးဆက်တွေကို သူမ ခံစားရတာပေါ့။
အတားအဆီးကို ဖောက်ထွက်လာသူတွေက သူတော်ကောင်းတွေဆိုရင် ကိစ္စမရှိပေမယ့်၊ လူယုတ်မာတွေ ဖြစ်နေရင်တော့ အစ်မအပေါ်မှာ ကံကြမ္မာ အဟန့်အတားတွေ အများကြီး ဖြစ်ပေါ်စေတယ်။
လူအနည်းငယ်ဆိုရင် ကိစ္စမရှိပေမယ့် နောက်ပိုင်းမှာ ထောင်နဲ့ချီတဲ့ လူတွေက အတားအဆီးကို ဖောက်ထွက်လာကြတယ်။
နောက်ဆုံးမှာတော့ အစ်မက ဒါကိုဆက်ပြီး မခံနိုင်တော့တာကြောင့် ငါနဲ့ ငါ့ရဲ့ ဒုတိယအစ်မကို အမိန့်ပေးပြီး အရှေ့ပင်လယ်မှာ ဒီစိတ်အာရုံလှည့်စားတဲ့ အစီရင်ကို ခင်းကျင်းခိုင်းလိုက်တာပဲ။ ယွမ်ကျူးတိုက်ကြီးက လူတွေ ငါတို့ကမ္ဘာကို မရောက်လာအောင် အထူး တားဆီးထားတာပေါ့။
ဝတ်ရုံစိမ်းနှင့် အမျိုးသမီး ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏ လေသံမှာလည်း အနည်းငယ် နူးညံ့လာသည်။
သူမသည် ရှောင်ချီကို ဤအစီရင်၏ မူလအစကို ပြောပြရင်း ကမ္ဘာကြီး၏ လျှို့ဝှက်ချက်နှင့် ယွမ်ကျူးတိုက်ကြီး၏ သမိုင်းကြောင်းကိုပါ ရှင်းပြနေတော့သည်။
ဒါဆိုရင် အစီရင်ထဲကို မတော်တဆ ရောက်လာတဲ့ လူတွေက ဘယ်လိုဖြစ်သွားမှာလဲ သူတို့ရဲ့ဝိညာဉ်တွေက အစီရင်ထဲမှာ အမြဲတမ်း နှိပ်စက်ခံနေရမယ်ဆိုရင် နောက်ဆုံးမှာ သေသွားကြမှာ မဟုတ်ဘူးလား။
ရှောင်ချီမှာ လုံးဝ မှင်တက်သွားရသည် သူ ယခုတလော ကံကောင်းနေတာလား ကံဆိုးနေတာလား သူ မသိတော့ပေ။ ဒီလို ထူးဆန်းတဲ့ အရာတွေနဲ့ပဲ အမြဲကြုံနေရသည်။
ဤအမျိုးသမီး၏ လေသံအရဆိုလျှင် သူမ၏ အစ်မဖြစ်သူမှာ အနှိုင်းမဲ့ ပညာရှင်ကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။
ယွမ်ကျူးတိုက်ကြီးကို ဖန်တီးနိုင်တဲ့သူက ဘယ်လိုလူမျိုးဖြစ်မလဲ ကမ္ဘာငယ်တစ်ခုပဲ ဖြစ်ပါစေဦးတော့ ကမ္ဘာတစ်ခုကို ဖန်တီးနိုင်တယ်ဆိုတာက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်စဉ်အဆင့်မျိုးလဲ ရှောင်ချီမှာ စိတ်ပင်မကူးရဲတော့ပေ။
အဲ့ဒီလို မဖြစ်ပါဘူး သေဆုံးခြင်းကို ကြုံတွေ့ပြီးတဲ့နောက် သူတို့ရဲ့ ဝိညာဉ်တွေက ကျွန်းပေါ်မှာ ခဏတာ လွင့်မျောနေပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ ရုပ်ခန္ဓာတွေဆီကို ပြန်ရောက်သွားမှာပါ။
လူအားလုံးရဲ့ ဝိညာဉ်တွေ သူတို့ကိုယ်ထဲ ပြန်ရောက်သွားတဲ့အခါ အစီရင်က အလိုအလျောက် ပျက်ပြယ်သွားပြီး သူတို့တွေလည်း သဘာဝအတိုင်း ပြန်နိုးလာကြမှာပါ။
ငါနဲ့ ငါ့အစ်မက ဒီအစီရင်ကို လူတွေကို တားဆီးဖို့ပဲ လုပ်ထားတာ သတ်ဖို့ လုပ်ထားတာ မဟုတ်ဘူး။
ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
"အော်... အဲ့ဒီလိုကိုး။ အခု ငါက အစီရင်ကို ဖျက်လိုက်ပြီဆိုတော့ ငါတို့ကို အပြင်လွှတ်ပေးတော့မှာလား ဆုလာဘ်တွေ ဘာတွေရော မရှိဘူးလား" ရှောင်ချီက နားလည်သွားသလို ခေါင်းညိတ်လိုက်ပြီးနောက် ဝတ်ရုံစိမ်းနှင့် အမျိုးသမီးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းက အစီရင်ကို ဖျက်နိုင်ခဲ့တယ်ဆိုကတည်းက မင်းရဲ့ ပါရမီက မနည်းဘူးဆိုတာ သိသာပါတယ်။ ငါနဲ့အတူ စစ်မှန်တဲ့ မဟာလောကဆီကို လိုက်ခဲ့မလား" ဝတ်ရုံစိမ်းနှင့် အမျိုးသမီးက ရှောင်ချီ ဤသို့ မေးလာမည်ကို ကြိုသိနေသကဲ့သို့ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ငါ အခုလောလောဆယ် စစ်မှန်တဲ့ ကမ္ဘာကြီးဆီကိုမသွားချင်သေးဘူး။ ငါ့မှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ငါ ယွမ်ကျူးတိုက်ကြီးကိုပဲ ပြန်သွားချင်တယ်" ရှောင်ချီသည် သူမ၏ကမ်းလှမ်းချက်ကို တစ်စက္ကန့်ပင် မစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။ ထို
ဝေးကွာလှသော မဟာလောကကြီးထံ သွားမည့်အစား လက်တွေ့ကျကျ မှော်လက်နက်တစ်ခုခု ရလိုက်တာက ပိုကောင်းမည်ဟု ရှောင်ချီ ခံစားနေရသည်။