အခန်း (၉) မူလဝိညာဉ်အနှစ်သာရကို စုပ်ယူခြင်း
ဟင်း... နင်ကတော့ တကယ့်ကို အကျိုးအကြောင်းမသိတဲ့သူပဲ နင့်လိုလူကို ငါက မောင်လေးတစ်ယောက်အနေနဲ့ အရေးလုပ်နေတယ်လို့ ထင်နေတာလား အရင်တုန်းက ဆရာရယ်၊ ငါရယ်၊ ဒုတိယညီမလေးရယ်ကို အရှက်မရှိ မျက်နှာချိုသွေးခဲ့တာ ဘယ်သူလဲဆိုတာ မမေ့နဲ့ဦး။
ငါတို့အတွက် လက်ဖက်ရည်ဖျော်ဖို့ မိုးမလင်းခင် တောင်အောက်ဆင်းပြီး နှင်းရည်တွေ သွားစုပေးခဲ့တာ ဘယ်သူလဲ။
ငါတို့ရဲ့ စိတ်ကျေနပ်မှုကို ရဖို့အတွက် အရသာမရှိတဲ့ လူသားတွေစားတဲ့ အစားအစာတွေနဲ့ ဖားခဲ့တာ ဘယ်သူလဲ။
ဆရာနဲ့ ငါတို့ရဲ့ အာသီးဖြေဖို့အတွက် တောင်ထိပ်တွေပေါ် တက်ပြီး ဝိညာဉ်သစ်သီးတွေ ခူးပေးခဲ့တာ ဘယ်သူလဲ။
နင့်ကို အဲဒါတွေလုပ်ပေးဖို့ ငါတို့ တစ်ခါမှ မတောင်းဆိုခဲ့ဘူး။ ငါ့စကားကတော့ အခုထိ အတည်ပဲ။ နင် ငါ့ကိုစီနီယာမမအဖြစ် အသိအမှတ်ပြုချင်ရင် ပြု၊ မပြုချင်ရင်လည်း ဒီနေ့ကစပြီး နင့်လို မောင်လေးမျိုး ငါ့မှာ မရှိတော့ဘူး။
သူမ တစ်ချိန်က အထင်သေးခဲ့သော မောင်ငယ်လေးထံမှ တန်ဖိုးမရှိသူကဲ့သို့ ဝေဖန်ခံလိုက်ရသဖြင့် လျူချင်းအာလည်း ဒေါသပေါက်ကွဲသွားတော့သည်။ သူမသည် စူးရှသောအသံဖြင့် သူမ၏ရပ်တည်ချက်ကို ပြတ်သားစွာ ပြောဆိုလိုက်သည်။
ဒီတတိယမောင်လေးက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ။ သူသာ ငါ့အနားမှာ တစ်နေ့ကုန် ဖားတဲ့မျက်နှာနဲ့ လည်ပတ်မနေခဲ့ရင် သူ့လိုလူမျိုးရှိတာကိုတောင် ငါ မှတ်မိနေမှာ မဟုတ်ဘူး လျူချင်းအာက စိတ်ထဲမှနေ၍ ရှောင်ချီကို တတွတ်တွတ် ဆဲရေးနေမိသည်။
"ရပါတယ်..." ရှောင်ချီက ခေါင်းညိတ်လိုက်သည်။ သူသည် ခေါင်းကိုလှည့်၍ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လျူချင်းအာအပေါ် စိတ်ဝင်စားမှု အားလုံးရုတ်တရက် ပျောက်ဆုံးသွားတော့သည်။
လျူချင်းအာမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့သည်။ သူမသည် ဂွမ်းလုံးတစ်ခုကို လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ အားမပါဘဲ ပျော့ခွေသွားသည့် ခံစားချက်မျိုး ရလိုက်သည်။
ဒါက ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ရဲ့ တောင်နောက်ဘက်ပဲ။ ဒီမှာပဲ ငြိမ်ငြိမ်လေးနေ (၃) နှစ် မပြည့်မချင်း အပြင်ထွက်မလာနဲ့။
မင်းမှာ ကျင့်ကြံခြင်းပါရမီ အနည်းငယ်ရှိရုံနဲ့ ဘာမဆိုလုပ်ပိုင်ခွင့်ရှိတယ်လို့ မထင်နဲ့။ မင်း နတ်သန္ဓေအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် ဘာထူးမှာလဲ အခုတော့ ဒီတောင်နောက်ဘက်မှာပဲ ပိတ်လှောင်ခံထားရတာ မဟုတ်ဘူးလား။
ဒေါသထွက်ခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်း အလျင်းမရှိဘဲ တည်ငြိမ်အေးဆေးနေသော ရှောင်ချီကို ကြည့်ရင်း လျူချင်းအာ အလွန်အမင်း နေရခက်လာသည်။
သူမသည် ရှောင်ချီကို ဒေါသထွက်လာအောင် ဆွပေးပြီး သူ နာကျင်ခံစားနေရသည်ကို မြင်ချင်သဖြင့် နောက်ကနေ ဆက်တိုက် လှောင်ပြောင်နေတော့သည်။
ဒီနေရာက ရှုခင်းက တကယ့်ကို သာယာတာပဲတောင်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့ လူအအုပ်စုနဲ့ မျက်နှာချင်းဆိုင်နေရတာထက်စာရင် ဒီနေရာက နိဗ္ဗာန်ဘုံပဲ။
ရှောင်ချီသည် လျူချင်းအာ၏ သိမ်ဖျင်းသော အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူသည် ဒေါသထွက်မပြသည့်အပြင် ဤနေရာကို အလွန်သဘောကျနေသည့်ပုံစံဖြင့် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
"ဟင်း... ဒီမှာတင် သေသွားလိုက်တော့" အရာအားလုံးက ပွင့်လင်းသွားပြီဖြစ်သဖြင့် လျူချင်းအာသည် နူးညံ့သိမ်မွေ့သော စီနီယာမမအဖြစ် ဟန်ဆောင်မနေတော့ပေ။ ရှောင်ချီအပေါ် ပြောဆိုသော သူမ၏ စကားလုံးများတွင် မုန်းတီးမှုများ ပါဝင်လာသည်။
သူမသည် ရှောင်ချီကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် နောင်တတောင်ကမ်းပါးမှ လှည့်ထွက်သွားတော့သည်။
ဂိုဏ်းချုပ်၏ အဓိကတောင်ထိပ်ပေါ်တွင်
မထင်မရှားသော အခန်းငယ်တစ်ခုအတွင်း၌ ယဲ့ဖန်သည် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေသည် သို့သော် ယခုအချိန်တွင် သူ ဘယ်လိုပင် ကြိုးစားပါစေစိတ်ကို တည်ငြိမ်အောင် မထားနိုင်ဘဲ ဖြစ်နေရသည်။
"တပည့် မင်းရဲ့စိတ်တွေ အရမ်း လှုပ်ရှားနေတယ်" နူးညံ့သိမ်မွေ့သော အမျိုးသမီး အသံတစ်သံက သူ၏ဦးနှောက်အတွင်း ဟိန်းထွက်လာပြီးနောက် ဖြူဖွေးသော ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ယောင်မှာ သူ၏ရှေ့တွင် ပေါ်လာသည်။
အကယ်၍ ပြင်ပလူတစ်ဦးသာ ဤအမျိုးသမီးကို မြင်တွေ့ရပါက နတ်မိမယ်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ မှင်သက်သွားပေလိမ့်မည် ဤကဲ့သို့သော အလှတရားမျိုးမှာ သာမန်လူသားများ နားလည်နိုင်စွမ်းရှိသည့် အတိုင်းအဆကို ကျော်လွန်နေပြီ ဖြစ်သည်။
သူမကို ဖော်ပြရန် စကားလုံးတစ်လုံးတည်း သုံးရမည်ဆိုလျှင် "နတ်ဘုရားမ" ဟုသာ ခေါ်ဆိုနိုင်ပေလိမ့်မည်။
"ဆရာ... အဲဒီကောင်က ကျွန်တော့်ကို စော်ကားခဲ့တာ။ ကျွန်တော် လက်စားမချေရရင် ကျွန်တော့်စိတ်က ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး" ယဲ့ဖန်သည် သွားကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်၍ ပြောလိုက်သည်။
ငါ မင်းကို ဘယ်လို သင်ပေးထားလဲ အရာရာမှာ တည်ငြိမ်ရမယ် စိတ်ခံစားချက်နောက်ကို မလိုက်ရဘူးလို့ မပြောထားဘူးလား မင်းမှာ ထူးကဲတဲ့ ပါရမီနဲ့ အခွင့်အရေးကောင်းတွေ ရှိတယ် မင်းက ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံ ဖြစ်လာမှာ။
ဒါပေမဲ့ မင်းရဲ့စိတ်နေစိတ်ထားနဲ့ တာအိုနှလုံးသားက အားနည်းနေသေးတယ်။ အနာဂတ်မှာ ဒါကို မပြုပြင်ဘူးဆိုရင်တော့ ပြဿနာတွေ ကြုံရလိမ့်မယ်လို့ ငါစိုးရိမ်တယ် ဖြူဖွေးသော ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းခါလျက် သက်ပြင်းချလိုက်သည်။
"မရဘူး... ကျွန်တော် ဒါကို လုံးဝ သည်းမခံနိုင်ဘူး ဆရာ့မှာ သူ့ကို သတ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိမလား" ယဲ့ဖန်၏ နဖူးမှ အကြောများမှာ ဖောင်းတက်နေပြီး သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်။
ငါ အခုမင်းအတွက် ဟောက်ထျန်းစေတီကို ခိုးယူပေးဖို့ စီစဉ်နေတယ်။ မင်းသာ ဟောက်ထျန်းစေတီကို ရပြီဆိုရင် မင်းရဲ့ ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်ရေးစွမ်းရည်က သိသိသာသာ မြင့်တက်လာမှာပဲ အဲဒီအချိန်ကျရင် အဲဒီလို ပုရွက်ဆိတ်တစ်ကောင်ကို နှိမ်နင်းဖို့က လက်တစ်ဖက် လှန်လိုက်သလောက် လွယ်သွားလိမ့်မယ်။
ဒါပေမဲ့ သတ်ပစ်တာက အနိမ့်ဆုံး လမ်းစဉ်ပဲ သူ့ကို သေချင်စိတ်ပေါက်သွားအောင် လုပ်တာက ပိုကောင်းတယ်။
ဟောက်ထျန်းစေတီထဲမှာ မူလဝိညာဉ်အနှစ်သာရအစိတ်အပိုင်းတစ်ခု ပါရှိတယ်။ အဲဒါကို မင်းရဲ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တာနဲ့ ကျင့်ကြံဆင့် တိုးတက်ရုံတင်မကဘဲ အဲဒီအနှစ်သာရကို မှော်ရတနာတစ်ခုအဖြစ် ပြောင်းလဲပစ်လို့ ရတယ်။
အဲဒါရဲ့ စွမ်းအားက မူလဟောက်ထျန်းစေတီကို မမီနိုင်ပေမဲ့ ထိပ်တန်းအဆင့် မှော်ရတနာတစ်ခုတော့ အသေအချာ ဖြစ်လာလိမ့်မယ်။ အတိုချုပ်ပြောရရင် ဒီမူလဝိညာဉ်အနှစ်သာရက အသုံးဝင်ပုံတွေ အများကြီးပဲ။
မင်း အနှစ်သာရကို စုပ်ယူပြီးသွားရင် ဟောက်ထျန်းစေတီကို ရှောင်ချီရဲ့ကျင့်ကြံရေးဂူထဲမှာ သွားထားလိုက်။
အဲဒီအချိန်ကျရင် သူ့မှာ ပါးစပ် ဆယ်ပေါက်ရှိရင်တောင် ရှင်းပြနိုင်မှာ မဟုတ်တော့ဘူး ဒီနည်းလမ်းနဲ့ဆိုရင် မင်း လက်စားချေနိုင်ရုံတင်မကဘဲ မင်းအပေါ် သံသယရှိတာတွေကိုပါ ရှင်းလင်းပြီးသား ဖြစ်သွားလိမ့်မယ်။
"ဆရာ့ရဲ့ အစီအစဉ်က တကယ့်ကို ပြောင်မြောက်တာပဲ ကျွန်တော့်စိတ်ကြိုက်ပဲ" ယဲ့ဖန်၏ မျက်လုံးများ လင်းလက်သွားပြီး သူသည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
သူ ပြန်လည်ကျင့်ကြံသည့်အခါတွင် ခုနက ဒေါသတရားများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရက်အနည်းငယ် ကြာလာသည်နှင့်အမျှ ဂိုဏ်းခန်းမဆောင်ကြီးထဲတွင် ဖြစ်ပျက်ခဲ့သော ရယ်စရာကောင်းသည့် ကိစ္စရပ်မှာ အကြီးအကဲများနှင့် တပည့်များကြားတွင် တဖြည်းဖြည်း မေ့ပျောက်သွားပုံရသည်။
သို့သော် ယနေ့ညတွင်မူ ထူးဆန်းသော အရှိန်အဝါတစ်ခုသည် ဂိုဏ်း၏ ရတနာတိုက် အတွင်း၌ ရုတ်တရက် ပေါ်ပေါက်လာသည်။
ဤအရှိန်အဝါမှာ အလွန်ပင် လျှို့ဝှက်လှသဖြင့် ရတနာတိုက်ကို စောင့်ကြပ်နေသော အကြီးအကဲပင် သတိမထားမိခဲ့ပေ။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အကြာတွင် ရတနာတိုက်အတွင်းမှ ဝိညာဉ်အလင်းတန်းတစ်ခု လွင့်ထွက်သွားသည်။ အတွင်းမှ အကြီးအကဲမှာမူ ဘာမှမသိဘဲ သူ၏ကျင့်ကြံခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေသည်။
တစ်ချိန်တည်းမှာပင် တောင်နောက်ဘက်တွင် ကျင့်ကြံနေသော ရှောင်ချီသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ မကြာသေးမီက သူသည် မှော်ရတနာများ၏ ဝိညာဉ်အနှစ်သာရကို လုယူနိုင်မည့် ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ရှောင်ချီသည် တစ်စုံတစ်ခုနှင့် ချိတ်ဆက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ရောက်လာပြီ" ရှောင်ချီ၏ မျက်လုံးများမှာ တောက်ပနေပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်ကို အရှိန်အဟုန်ဖြင့် လည်ပတ်လိုက်သည်။
ဤကျင့်စဉ်မျိုးမှာ မိမိ၏ကျင့်ကြံအဆင့်အတွက် ဘာမှအကျိုးမရှိသော်လည်း အကွာအဝေးနှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မှော်ရတနာများ၏ဝိညာဉ်အနှစ်သာရကို လုယူနိုင်စွမ်းရှိသည်။
ယခင်က ဟောက်ထျန်းစေတီမှာ ရတနာတိုက်အတွင်းရှိ တားမြစ်ချက်များအောက်တွင် ရှိနေသဖြင့် ရှောင်ချီမှာ စုပ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ယဲ့ဖန်က ရတနာတိုက်ထဲကနေ ဟောက်ထျန်းစေတီကို ဘယ်လိုနည်းလမ်းနဲ့ ခိုးယူခဲ့သလဲဆိုတာ သူ မသိသော်လည်း ရှောင်ချီသည် ထိုစေတီ၏အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် အငမ်းမရ စတင်လုယူတော့သည်။
မိနစ်၊ စက္ကန့်များ ကုန်ဆုံးသွားသည်နှင့်အမျှ ရှောင်ချီသည် ဝိညာဉ်စွမ်းအင်အားလုံးကို ကျော်လွန်သော မူလစွမ်းအင်များ သူ၏ ဒန်ထျနအတွင်းရှိ ချီစွမ်းအင်ပင်လယ်ထဲသို့ စီးဝင်လာသည်ကို ရှင်းလင်းစွာ ခံစားနေရသည် ၎င်းသည် သူ၏ နတ်သန္ဓေနှင့် ပေါင်းစပ်သွားပြီး တစ်သားတည်း ဖြစ်လာတော့သည်။
"ဆရာ... ပြန်လာပြီလား"
"ဆရာ အဆင်ပြေရဲ့လား"
"ဟောက်ထျန်းစေတီကိုတော့ ယူလာနိုင်ခဲ့ရဲ့လား"
သွေးနီရောင်အလင်းတန်းများ ဝန်းရံထားသော ဝိညာဉ်ပုံရိပ်ကို ကြည့်ရင်း ယဲ့ဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
ဟောက်ထျန်းစေတီကိုတော့ ရခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့်လဲမသိဘူး၊ စေတီထဲက မူလဝိညာဉ်အနှစ်သာရတွေ လျော့နည်းသွားသလို ခံစားနေရတယ်။
တစ်စုံတစ်ယောက်က စေတီထဲက ဝိညာဉ်အနှစ်သာရကို စုပ်ယူနေပုံရတယ်။ ငါက အဲဒီလူကို ရှာဖို့ သဲလွန်စနောက်ကို လိုက်ချင်ပေမဲ့
ငါ့ရဲ့ အင်အားက ပြန်မပြည့်သေးသလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးတာကြောင့် ချက်ချင်း ပြန်လာခဲ့တာ။
ဒါပေမဲ့ အဲဒီလူရဲ့ စုပ်ယူနိုင်စွမ်းက အကွာအဝေးပေါ် မူတည်နေပုံရတယ်။ ငါ သူနဲ့ ဝေးသွားလေလေ စုပ်ယူမှုက အားနည်းသွားလေလေပဲ။
အချိန်က အရေးကြီးတယ်။ အဲဒီလူရဲ့ စုပ်ယူနိုင်စွမ်းကို ဖြတ်တောက်ဖို့ ငါ ချက်ချင်းပဲ တံဆိပ်ခတ်ခြင်းတစ်ခု ပြုလုပ်ရမယ်။
တပည့်... ငါ့ကို မြန်မြန်ကူညီစမ်း သူသာ ဒီလို ဆက်ပြီး စုပ်ယူနေမယ်ဆိုရင် မူလဝိညာဉ်အနှစ်သာရတွေ အကုန်လုံး ကုန်သွားလိမ့်မယ်။
ဖြူဖွေးသော ဝတ်စုံနှင့် အမျိုးသမီးမှာ အလွန်ပင် စိုးရိမ်နေပြီး ယဲ့ဖန်သည်လည်း သူမ၏ လေသံမှတစ်ဆင့် အခြေအနေ အရေးကြီးပုံကို ခံစားမိသည်။
ဤမူလဝိညာဉ်အနှစ်သာရမှာ သူ၏ အရေးကြီးဆုံး အခွင့်အရေးတစ်ခု ဖြစ်ကြောင်း ယဲ့ဖန် သိထားသည်။
သူသည် မည်သည့်အမှားမှ အဖြစ်မခံဝံ့သဖြင့် သူ၏ဆရာနှင့် ပူးပေါင်းကာ ဝိညာဉ်အစီအရင်တစ်ခုကို ချက်ချင်းပင် ဖော်ဆောင်လိုက်တော့သည်။