အခန်း (၈၈) ဂူအတွင်းမှ အော့နှလုံးနာဖွယ် မြင်ကွင်း
ရှောင်ချီသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျားနက်ကို အသက်စွန့်တားဆီးနေသည့် လူအုပ်ထဲသို့ ဝင်မပါခဲ့ပေ။
သူသည် ကျားနက်၏ လက်အောက်ငယ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ ၎င်းမှာ သူ့အသက်ကို ကယ်ခဲ့ဖူးသည့် ချန်ရှင်းဟေ ၏ ကျေးဇူးကို ဆပ်လိုက်ခြင်းဟု သူ မှတ်ယူလိုက်သည်။
ယခုအချိန်တွင် ချန်မိသားစု၏ သခင်မလေးနှစ်ဦးကို ကာကွယ်ရန် သူ၏အသက်ကို လောင်းကြေးထပ်ဖို့ မလိုတော့ပေ။ အဆုံးတွင်တော့ သူသည် ချန်မိသားစု၏ အသေခံ တိုက်ခိုက်ရေးသမား မဟုတ်ပါလား။
ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ရှောင်ချီသည် လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီး တောင်နောက်ဘက်တွင် သွားရောက် ပုန်းအောင်းနေလိုက်သည်။
ချန်မုန့်မုန့် ၊ ချန်နန်းနန်း ၊ ကျန်းချင်းရှန်းနှင့် သူ၏ အဘိုးဖြစ်သူတို့သည် လူအုပ်ထဲမှ လွတ်မြောက်သွားခဲ့ကြသည်။ သို့သော် သူတို့ကို ကာကွယ်ရန် အသက်စွန့် တိုက်ခိုက်ခဲ့ကြသည့် အစောင့်များမှာမူ ကံမကောင်းခဲ့ကြပေ။
ချန်မိသားစု ညီအစ်မနှစ်ဦး အချိန်ရစေရန်အတွက် သူတို့အားလုံးမှာ ကျားနက်၏ လက်ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံလိုက်ကြရသည်။
"တောင်ပေါ်မှာ လိုက်ရှာကြစမ်း အရှင်မိရင် အရှင်၊ အသေမိရင် အသေပဲ။ ဒီည အဲ့ဒီ မိန်းမနှစ်ယောက်ကို ငါ့အိပ်ရာပေါ်မှာ မြင်ချင်တယ်" ကျားနက်သည် သူ၏ ပါးစပ်ထောင့်ကို လျှာဖြင့် သပ်လိုက်ပြီး ချန်ရှင်းဟေ၏ အလောင်းကို ရိုင်းစိုင်းစွာ ကန်ကျောက်ရင်း အလွန်အမင်း ဘဝင်မြင့်စွာ ပြောလိုက်သည်။
သူသည် ဤခံစားချက်ကို တကယ်ပင် နှစ်သက်နေမိသည်။ အားလုံး၏ အထက်တွင် ရှိနေရသည့် ခံစားချက် တခြားလူများ၏ အသက်ကို စိတ်ကြိုက် ဆုံးဖြတ်နိုင်သည့် ခံစားချက်မှာ တကယ်ပင် ကောင်းလှသည်။
သူသည် ဤကျွန်းပေါ်မှ ဘယ်တော့မှ မထွက်ရလျှင်ပင် ကောင်းမည်ဟု တွေးနေမိသည်။
ကျွန်းပေါ်တွင် လူနည်းနေခြင်းကသာ သူ၏ ဧကရာဇ်ကဲ့သို့ ပျော်ရွှင်မှုကို အပြည့်အဝ မခံစားရစေခြင်း ဖြစ်သည်။
ချန်နန်းနန်းနှင့် ချန်မုန့်မုန့် ညီအစ်မနှစ်ဦးမှလွဲ၍ ချန်မိသားစု၏တခြား အမျိုးသမီး အဖွဲ့ဝင်များမှာ ထိုသင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့ကြသည်။ ဤကိစ္စအတွက် ကျားနက်မှာ အတော်လေး နောင်တရနေမိသည်။ ဒါမျိုး ဖြစ်လာမှန်းသိလျှင် ချန်ရှင်းဟေကို ဖျောင်းဖျပြီး လူအားလုံးကို ကျွန်းပေါ် ခေါ်လာခဲ့သင့်သည်ဟု တွေးနေမိသည်။
တစ်ချိန်တည်းမှာပင် ကျားနက်သည် သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်ခဲ့မိသည်မှာ မှန်ကန်သည်ဟု ဂုဏ်ယူနေမိသည်။ ထို့ကြောင့်သာ ယခုကဲ့သို့ ဧကရာဇ်တစ်ပါးလို ပျော်ရွှင်မှုကို ခံစားနိုင်ခြင်း မဟုတ်ပါလား။
ကျားနက်သည် သူ၏ ဘယ်ဘက်လက်မောင်တွင် ချန်နန်းနန်း၊ ညာဘက်လက်မောင်တွင် ချန်မုန့်မုန့်တို့ကို ဖက်ထားကာ သူ၏ အမိန့်ကို နာခံမည့် လက်ပါးစေ အယောက် တစ်ဒါဇင်ကျော်ဖြင့် စိတ်ကြိုက် ခြယ်လှယ်နေရသည့် ဘဝကို စတင် စိတ်ကူးယဉ်နေတော့သည်။
ကျားနက်၏ ကျင့်စဉ်အဆင့်ဖြင့်ဆိုလျှင် လူ့လောကတွင် ဤကဲ့သို့ နေထိုင်လိုပါက မခက်ခဲလှပေ။
သို့သော် သူသည် ထိုအမျိုးသမီးနှစ်ဦးကို ရယူလိုသည်မှာ ရမ္မက်ဇောကြောင့်သာ မဟုတ်ပေအရင်က ထိုလှပသော သခင်မလေးနှစ်ဦးကို မြင်တိုင်း သူသည် ခေါင်းငုံ့အရိုအသေ ပေးခဲ့ရသည်။
သူတို့၏ အဆင့်အတန်း မြင့်မားမှုကို ဖော်ပြရန် သူသည် ဒူးထောက် ဦးချခဲ့ရသည်။ ယခုအခါ အဆင့်အတန်းများ ပြောင်းပြန် ဖြစ်သွားခြင်းက သူ့ကို မကြုံစဖူးသော ကျေနပ်မှုကို ပေးစွမ်းနေသည်။
ဤတိုက်ပွဲအပြီးတွင် ကျားနက်၏ လက်အောက်၌ လူပေါင်း ၂၀ ခန့်သာ ကျန်တော့သည်။ ထို့အပြင် တိုက်ပွဲကို ဘေးမှ ကြည့်နေခဲ့သည့် အယောက် ၂၀ ကျော်မှာလည်း ကျားနက်၏ အုပ်စုထဲသို့ ဝင်ရောက်လာကြသည်။
ယခုအခါ ကျားနက်သည် ဤကျွန်းပေါ်တွင် အရှိန်အဝါ အကြီးမားဆုံးနှင့် အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့သည်။
လူပေါင်း ၄၀ ကျော်သည် တစ်ညလုံး ကျွန်းပေါ်တွင် လိုက်လံ ရှာဖွေခဲ့ကြသော်လည်း နောက်ဆုံးတွင် ချန်နန်းနန်းနှင့် ချန်မုန့်မုန့် ညီအစ်မနှစ်ဦးကို ရှာမတွေ့ဘဲ လက်ချည်းဗလာဖြင့် ပြန်လာခဲ့ကြရသည်။
ဘုန်း
"အမှိုက်တွေ မင်းတို့အားလုံးက အမှိုက်တွေပဲ မင်းတို့ကို ငါက ဘာအတွက် ဆက်ထားရဦးမှာလဲ သွားရှာကြစမ်း ရှာမတွေ့မချင်း ပြန်မလာနဲ့"
ကျားနက်သည် သူ၏ လက်အောက်ငယ်သား တစ်ဦးကို ကန်ချလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ထိုလက်အောက်ငယ်သားမှာ တုန်တုန်ယင်ယင်ဖြင့် ပြန်ထရပ်ကာ ဘာမှ မပြောဝံ့ရှာပေ။
"အစ်ကိုကျား... ကျွန်တော်တို့ တောင်ကို မီးရှို့လိုက်ရင်ကော ဘယ်လိုလဲမီးတွေ တောက်နေတဲ့ကြားထဲ သူတို့တွေ တောင်ပေါ်မှာ ပုန်းနေနိုင်ဦးမလား ကြည့်ကြတာပေါ့" ကျားနက်၏ အနားရှိ အစောင့်လေးတစ်ဦးက အနားသို့ တိုးကပ်ကာ တိုးတိုးလေး အကြံပေးလိုက်သည်။
သူ၏ အမည်မှာ ကျားသုံးဖြစ်ပြီး ကျားနက်၏ လူယုံတစ်ဦး ဖြစ်သည်။ ထို့ကြောင့်သာ ကျားနက် စိတ်ဆိုးနေချိန်တွင် ယခုကဲ့သို့ အကြံပေးဝံ့ခြင်း ဖြစ်သည်။
"ဖယ်စမ်း ငါတို့က ဒီတောင်ကို မှီခိုပြီး အသက်ဆက်နေရတာ။ မင်းက မီးရှို့ချင်တယ်ပေါ့ မီးရှို့လိုက်ရင် နောက်ကျရင် ငါတို့ ဘာစားပြီး ဘာသောက်ရမှာလဲ"
ကျားနက်က ကျားသုံးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဒီကောင်က သူ့လူယုံ ဖြစ်နေလို့သာ တော်တော့သည်။ မဟုတ်လျှင် ဓားဖြင့် တစ်ချက်တည်း ပိုင်းသတ်လိုက်မိမည် ဖြစ်သည်။
"ဒီကျွန်းက ဒီလောက်ပဲ ရှိတာ။ သူတို့တွေ ကမ္ဘာဆုံးအောင် ပြေးနိုင်ပါ့မလား အခုကစပြီး အစားအစာ ရှာတာနဲ့ တဲထိုးတာကလွဲရင် အားလုံး တောင်ပေါ်မှာ မနားတမ်း လိုက်ရှာကြစမ်း"
ကျားနက်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"အဘိုး အဆင်ပြေရဲ့လား" ကျန်းချင်းရှန်းသည် ဖြူဖျော့နေသော ကျန်းခွမ်းကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
ရှည်လျားလှသော မှောင်မိုက်သည့် ညဉ့်နက်သန်းခေါင်ယံသည် တောင်တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ကျဉ်းမြောင်းသော ဂူတစ်ခုအတွင်းမှ ဝမ်းနည်းကြေကွဲဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။
"ချင်းရှန်း အဘိုး မရတော့ဘူး နောက်ဆိုရင် မင်းကိုယ်မင်း ဂရုစိုက်တတ်အောင် သင်ရမယ်" အဘိုးအိုသည် ကျန်းချင်းရှန်းကို ပြောစရာ စကားများစွာရှိနေပုံရသော်လည်း သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း တိုတောင်းလာသည်။ ကိစ္စအချို့ကို မှာကြားပြီးနောက် သူသည် ကွယ်လွန်သွားခဲ့ပြီး ဤလောကကြီးကို ထာဝရ နှုတ်ဆက်သွားတော့သည်။
"အဘိုး" ကျန်းချင်းရှန်း၏ ရင်ကွဲမတတ် အော်ဟစ်သံမှာ ဂူအတွင်း ပဲ့တင်ထပ်သွားသည်။ သို့သော် သူ့ကို တစ်ချိန်က နွေးထွေးမှုပေးခဲ့သည့် အဘိုးဖြစ်သူမှာ ပြန်လည် ထူးနိုင်စွမ်း မရှိတော့ပေ။
"ကျားနက်ဒီကမ္ဘာမှာ ငါကျန်းချင်းရှန်း ရှိနေသရွေ့ ဒီကလဲ့စားကို မချေရရင် ငါ လူမဟုတ်တော့ဘူး" ကျန်းချင်းရှန်း၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေသည်။
"အစ်ကိုချင်းရှန်း ကျွန်မတို့ နောက်ဆိုရင် ဘယ်လိုလုပ်ကြမလဲ" ချန်နန်းနန်းသည် ကွယ်လွန်သွားသော အဘိုးအိုနှင့် နီမြန်းနေသော ကျန်းချင်းရှန်း၏ မျက်လုံးများကို ကြည့်ကာ ဝမ်းနည်းမိသည်။ သို့သော် လက်ရှိ ရင်ဆိုင်နေရသော ပြဿနာမှာ အသက်ရှင်သန်ရေးပင် မဟုတ်ပါလား။
"စိတ်မပူပါနဲ့ ငါရှိနေသရွေ့ မင်းတို့ကို ဘယ်သူမှ လာနှောင့်ယှက်လို့ မရစေရဘူး မင်းနဲ့ မုန့်မုန့် အရင် အိပ်လိုက်ကြပါ ငါ အပြင်မှာ ကင်းစောင့်ပေးမယ်"
ကျန်းချင်းရှန်းက မှိုင်တွေနေသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် အဘိုးအို၏ ရုပ်အလောင်းကို မကာ ဂူအပြင်ဘက်သို့ လျှောက်သွားတော့သည်။
ကျင်းတူးပြီး အဘိုးကို မြှုပ်နှံပြီးနောက် ကျန်းချင်းရှန်းသည် သူ၏ ကျန်ရှိသော ဝိညာဉ်စွမ်းအား အနည်းငယ်ကို အသုံးပြုကာ သစ်သားတိုင်ပေါ်တွင် အမည်ရေးထွင်း၍ အုတ်ဂူမှတ်တိုင် ပြုလုပ်ပေးလိုက်သည်။
ထို့နောက် ဂူဝတွင် တစ်ယောက်တည်း ထိုင်ကာ ညလေကို ခံရင်း သူရဲကောင်းတစ်ဦးကဲ့သို့ စောင့်ကြပ်နေတော့သည်။
နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်း သူတို့သည် နေ့စဉ် ဤကဲ့သို့ပင် ဖြတ်သန်းခဲ့ကြသည်။ ကျန်းချင်းရှန်းသည် ညီအစ်မနှစ်ဦးကို ဂူအတွင်း၌သာ ပုန်းခိုင်းထားပြီး အပြင်သို့ ပေးမထွက်ပေ။ သူတို့၏ အစွမ်းမှာ အင်မတန် အားနည်းလှသဖြင့် တောထဲတွင် လမ်းလျှောက်ခြင်းက ရန်သူနှင့် ထိပ်တိုက်တိုးနိုင်ခြေ အလွန်များသောကြောင့် ဖြစ်သည်။
ဝိညာဉ်စွမ်းအား အနည်းငယ်သာ ကျန်တော့သော်လည်း ကျန်းချင်းရှန်းသည် သာမန် မျက်လှည့်အဆောင်အချို့ကို ရေးဆွဲကာ အမျိုးသမီးနှစ်ဦး၏ လုံခြုံရေးအတွက် ဂူဝတွင် ကပ်ထားပေးခဲ့သည်။
သူကိုယ်တိုင်မှာမူ နေ့ဘက်တွင် စားနပ်ရိက္ခာအတွက် အမဲလိုက်ထွက်ရပြီး ညဘက်တွင် အမျိုးသမီးများကို ကာကွယ်ရန် ဂူဝ၌ ကင်းစောင့်ရသည်။ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် ကျန်းချင်းရှန်းမှာ အတော်လေး နွမ်းနယ် အိုစာသွားခဲ့သည်။
"အား... ကယ်ကြပါဦး"
ထိုနေ့တွင် ကျန်းချင်းရှန်း အမဲလိုက်ရာမှ ပြန်လာချိန်၌ ဂူဝမှ ရင်ကွဲမတတ် အော်ဟစ်သံကို ကြားလိုက်ရသည်။
ကျန်းချင်းရှန်းသည် ပခုံးပေါ်ရှိ သမင်ငယ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး လေပြင်းတစ်ဆင်နှင်သကဲ့သို့ ဂူအတွင်းသို့ ပြေးဝင်သွားတော့သည်။
"ဟားဟားဟား မင်းတို့ကို ရှာနေတာ နှစ်ပတ်ကျော်ပြီ ဒီဂူထဲမှာ ပုန်းနေမယ်လို့ မထင်ထားဘူး"
ဝုန်း...
အတွင်းမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် အဝတ်အစားများ ဆုတ်ဖြဲခံရသည့် အသံ ထွက်ပေါ်လာသည်။
"အစ်ကိုကျား ဒီမိန်းမနှစ်ယောက်က တကယ်ကို မွှေးတာပဲ။ ကျွန်တော်တို့ကိုလည်း နည်းနည်းလောက် မြည်းစမ်းခွင့် ပေးပါဦးလား"
မိန်းမနှင့် မတွေ့ရသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သော လက်ပါးစေများမှာ အသားစလေးများကို မြင်လိုက်ရချိန်တွင် သွားရည်များ တမြဲမြဲ ကျလာတော့သည်။
"ဖယ်စမ်း မင်းတို့က ငါ့မိန်းမတွေကို လာလုချင်တာလား သေချင်နေတာလား" ကျားနက်သည် ခုနက စကားပြောလိုက်သည့် လက်ပါးစေကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ဤအမျိုးသမီးနှစ်ဦးမှာ ဤကျွန်းပေါ်တွင် သူ၏ တစ်ခုတည်းသော ပျော်ရွှင်မှု အရင်းအမြစ် ဖြစ်သည်။ သူက တခြားလူများကို အလွယ်တကူ ပေးနိုင်ပါ့မလား။
ဟောဟဲ... ဟောဟဲ...
"ကျားနက်... မင်းလို လူယုတ်မာ အခုချက်ချင်း ရပ်လိုက်စမ်း"
ကျန်းချင်းရှန်းသည် မောဟိုက်နေသည်။ သူ ဂူဝသို့ ရောက်ရှိချိန်တွင် အတော်လေး နွမ်းနယ်နေပြီ ဖြစ်သော်လည်း မျက်ရည်များ ဝဲနေပြီး အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသည့် ညီအစ်မနှစ်ဦးကို မြင်လိုက်ရချိန်တွင်မူ သူ၏ ဒေါသများမှာ ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲထွက်လာတော့သည်။ ကျားနက်ကို အရှင်လတ်လတ် ဝါးစားပစ်ချင်သည့် အထိပင်။