အခန်း (၈၇) ချန်ရှင်းဟေ တိုက်ပွဲတွင် ကျဆုံးခြင်း
မိသားစုခေါင်းဆောင် ဒီလူတွေက ခင်ဗျားအပေါ် အသစ္စာဆုံး လက်အောက်ငယ်သားတွေပဲ အခုတော့ သူတို့တွေ ဘယ်လိုသေမှန်းမသိ သေသွားရရှာပြီဆိုတော့ အနည်းဆုံးတော့ ခင်ဗျားအတွက် အသက်ပေးသွားတာလို့ ပြောလို့ရတာပေါ့။ သူတို့ကို မြှုပ်နှံပေးသင့်တယ်လို့ မထင်ဘူးလား။
ကျားနက်သည် မြေပြင်ပေါ်ရှိ အလောင်းတစ်ဒါဇင်ကျော်ကို လက်ညှိုးထိုးပြရင်း ချန်ရှင်းဟေကို လှောင်ပြောင်သရော်သော လေသံဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ရိုင်းလှချည်လား ငါကမင်းရဲ့သခင်ပဲ မင်းက ပုန်ကန်ချင်နေတာလား" ချန်ရှင်းဟေသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်ပြန်သည်။
"ကျွန်တော်တို့တွေ ခင်ဗျားအပေါ် သစ္စာရှိဖို့ အရိုးကြေအောင် အလုပ်လုပ်ခဲ့ကြတာ။ သေသွားတဲ့အချိန်မှာတောင် ဒီလောက်လေးတောင် အလေးအနက်မထားဘူးလား အဲ့ဒီလိုဆိုရင် ခင်ဗျားလို သခင်မျိုးကို ကျွန်တော်တို့က ဘာအတွက် ဆက်ထားရဦးမှာလဲ"
သို့သော် ဤအချိန်တွင် ကျားနက်၏ ပုံစံမှာ အရင်ကလို ရိုကျိုးမနေတော့ပေ။ သူသည် ကျောကို ဆန့်ကာ ချန်ရှင်းဟေကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
ကျားနက်၏ အမူအရာ ပြောင်းလဲသွားမှုကြောင့် ချန်ရှင်းဟေ အံ့သြနေစဉ်မှာပင်
သူ့ဘေးနားရှိ အစောင့်တစ်ဦးမှာ ကျားနက်၏ ဘေးသို့ တိတ်တဆိတ် ကူးပြောင်းသွားပြီး ဘာစကားမှ မပြောဘဲ ကျားနက်၏ နောက်တွင် ငြိမ်ငြိမ်လေး သွားရပ်နေလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ရှင်းဟေ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်မတတ် ဖြစ်သွားသည်။ ခုနက သူတို့ အစီအစဉ် ဆွဲနေကြစဉ်တွင် ထိုသူမှာ အနီးအနား၌ ချောင်းမြောင်း နားထောင်နေခဲ့ခြင်းဖြစ်သည်။ ဤသူမှာ ကျားနက် လွှတ်ထားသော သူလျှိုဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ကျားနက်သည် ချန်ရှင်းဟေ၏ အစီအစဉ်ကို သိသွားသဖြင့် အရာအားလုံးကို ရင်းပြီး ယခုအချိန်တွင် စတင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ကျားနက် စိတ်အေးအေးထားစမ်း ဒီနှစ်တွေတစ်လျှောက် ငါမင်းအပေါ် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ မင်းအသိဆုံးပါ။ အခုလို လုပ်တာက မင်းရဲ့ အသိတရားနဲ့ရောညီရဲ့လား။
ဒီလိုလုပ်ရအောင် ငါတို့ အခုပဲ လမ်းခွဲကြမယ်။ ငါက အနောက်ဘက် ကမ်းခြေကို ယူမယ် မင်းက အရှေ့ဘက် ကမ်းခြေကိုယူ။ အဲ့ဒီလိုဆိုရင် တစ်ယောက်ရဲ့ အကျိုးစီးပွားကို တစ်ယောက် ဝင်မစွက်ဖက်တော့ဘူးပေါ့။
ကျားနက်၏ ဖောင်းကားနေသော ကြွက်သားများနှင့် ကြီးမားလှသော ခန္ဓာကိုယ်ကို ကြည့်ကာ ချန်ရှင်းဟေ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ စတင်လာသည်။
သူသည် မိုးတိမ်ကို အမိန့်ပေးနိုင်သော ချန်မိသားစုခေါင်းဆောင် မဟုတ်တော့ပေ သူ၏ ကျင့်စဉ်နှင့် အစွမ်းများမှာ ဤကျွန်း၏ နိယာမများကြောင့် လုံးဝနီးပါး ကုန်ဆုံးနေပြီ မဟုတ်ပါလား။
ဘုန်း... သို့သော် သူ ပြန်ရလိုက်သော အဖြေမှာ မြေအိုးတစ်လုံးနီးပါး ကြီးမားသော လက်သီးချက်ပင် ဖြစ်သည်။
ချန်ရှင်းဟေသည် ကျားနက်၏ လက်သီးချက်ကြောင့် မြေပြင်ပေါ်သို့ လွင့်စဉ်သွားတော့သည်။ ထိုပြင်းထန်လှသော အရှိန်ကြောင့် ချန်ရှင်းဟေ၏ သွေးလေများ ထန်သွားကာ ပါးစပ်ထောင့်မှ သွေးစိမ်းများ ထွက်ကျလာသည်ယ
"ဟွန့်... ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ ခင်ဗျားမှာ ဝိညာဥ်စွမ်းအား တစ်စက်မှ မကျန်တော့ဘူး အခုတော့ ခင်ဗျားရှေ့မှာ မြေးအလား ဟန်ဆောင်နေဖို့ မလိုတော့ဘူး" ကျားနက်က သူ၏လည်ပင်းကို ဆန့်လိုက်ရာ ကောက်... ကောက်... ဟု အသံများ ထွက်ပေါ်လာသည်။
သူသည် ချန်ရှင်းဟေကို သားကောင်တစ်ကောင်ကဲ့သို့ ကြည့်နေသည်။ ချန်ရှင်းဟေ၏ နောက်ကွယ်ရှိ ချန်မုန့်မုန့် နှင့် ချန်နန်းနန်းတို့ကို မြင်လိုက်ရချိန်တွင်မူ သူ၏ ပါးစပ်ထောင့်မှ သွားရည်များပင် ထွက်ကျလုမတတ် ဖြစ်သွားသည်။
"ငါ ဒီကျွန်းပေါ်မှာ နေလာတာ ရက်သတ္တပတ် နှစ်ပတ်ကျော်ပြီ ငါ့ရင်ထဲက အာသာဆန္ဒတွေက လည်ချောင်းဝအထိ ရောက်နေပြီ ဒီနေ့တော့ အဝစားရတော့မှာပဲ"
"ကျားနက် မင်း သေချင်နေတာပဲ အားလုံး နားထောင်ကြ ကျားနက်ကို သတ်နိုင်တဲ့သူကို ငါက အစောင့်ခေါင်းဆောင် ခန့်မယ့်အပြင် ပြန်ရောက်ရင် ဝိညာဉ်ကျောက်တုံး၃၀ ဆုလာဘ် ပေးမယ်"
ချန်ရှင်းဟေသည် အားယူကာ ထရပ်လိုက်ပြီး ကျားနက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် ကျန်ရှိသမျှသော ဝိညာဉ်စွမ်းအား အနည်းငယ်ကိုခန္ဓာကိုယ်တွင် ပတ်လိုက်ပြီး ကျားနက်ဆီသို့ ပြေးဝင်သွားတော့သည်။
ဘေးနားရှိ လူများမှာ တုံ့ဆိုင်းနေကြသည် ချန်ရှင်းဟေ ပေးသောကတိမှာ ဆွဲဆောင်မှု ရှိသော်လည်း ကျားနက်၏ အစွမ်းကိုလည်း သူတို့ သိကြသည်။
ထို့အပြင် ဤကျွန်းမှ ပြန်ထွက်နိုင်ပါ့မလားဆိုတာပင် မသေချာသေးပေ အခုအချိန်တွင် ကျားနက်ကို သွားပြီး ရန်စခြင်းက မထိုက်တန်ဟု သူတို့ တွက်ဆကြသည်။
သို့သော် ချန်ရှင်းဟေ၏ လူယုံများကတော့ ထိုသို့ မတွေးကြပေ။ သူတို့မှာ ချန်ရှင်းဟေ ကိုယ်တိုင်လေ့ကျင့်ပေးထားသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ သူ အမိန့်ပေးသည်နှင့် တစ်စက္ကန့်ပင် မတုံ့ဆိုင်းဘဲ တိုက်ခိုက်ကြတော့သည်။
ရွှမ်း... ရွှမ်း... ရွှမ်း... ကမ်းခြေရှိ တဲတစ်ဒါဇင်ကျော်မှာ ချက်ချင်းပင် စစ်တလင်း ဖြစ်သွားတော့သည်။ လူပေါင်း ၆၀ ခန့်မှာ ဤနေရာကျဉ်းလေးထဲတွင် အပြန်အလှန် တိုက်ခိုက်နေကြသည်။ တခြားလူ အယောက် ၂၀ ခန့်ကတော့ အခြေအနေကို ကြည့်နေကြရုံသာ ရှိသည်။
ကျန်းခွမ်းနှင့် လီဖုန်းတို့မှာ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူတို့လည်း တိုက်ပွဲထဲ ဝင်ပါကာ ချန်ရှင်းဟေနှင့် ပူးပေါင်း၍ ကျားနက်ကို ရင်ဆိုင်ကြသည်။
သို့သော် သူတို့၏စွမ်းအားမှာ အင်မတန် နည်းပါးလှသည်။ သူတို့ သုံးဦး ပူးပေါင်းလျှင်ပင် ကျားနက်ကို ခဏအတွင်းမှာ ဘာမှ မလုပ်နိုင်ကြပေ။
ဖြောင်း... ကျားနက်၏ ယပ်တောင်ကဲ့သို့ ကြီးမားလှသော လက်ဝါးချက်မှာ ကျန်းခွမ်းကို ပြင်းထန်စွာ ထိမှန်သွားသည်။ ကျန်းခွမ်းမှာ လွင့်စဉ်သွားကာ သစ်သားတဲတစ်ခုကို ရိုက်မိပြီး ပျက်စီးသွားတော့သည်။
ရွှမ်း... ရှောင်ချီ၏ ဓားချက်အောက်တွင် ကျားနက်၏ လက်အောက်ငယ်သား တစ်ဦး ချက်ချင်း အသက်ပျောက်သွားသည်။ သူသည် လူအာရုံမစိုက်မိအောင် အနားသတ်များကနေသာ တိတ်တဆိတ် လှုပ်ရှားနေခြင်း ဖြစ်သည်။
"ဝုန်း" ကျားနက်၏ ကြီးမားလှသော လက်သီးမှာ ချန်ရှင်းဟေ၏ ခေါင်းနှင့် အနီးကပ် ထိတွေ့သွားသည်။
ချန်ရှင်းဟေ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်မှာ သဲပြင်ပေါ်သို့ ဆောင့်ကျသွားသည်။ သွေးများနှင့် ဦးနှောက်အဖြူနှစ်များမှာ သဲပေါ်သို့ ပန်းထွက်သွားသည်မှာ ကြည့်ရသည်မှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းလှသည်!
"အဖေ" ချန်မုန့်မုန့်၏ စူးရှသော အော်ဟစ်သံမှာ ကမ်းခြေတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ သူမသည် ရူးသွပ်သွားသကဲ့သို့ ကမ်းခြေသို့ ပြေးသွားကာ ချန်ရှင်းဟေ၏ အလောင်းကို ဖက်ထားပြီး မျက်ရည်များ တရစပ် ကျဆင်းနေတော့သည်။
ရွှမ်း... လီဖုန်း၏လက်ထဲရှိ ဓားရှည်မှာ ဝေ့ယမ်းသွားပြီး ကျားနက်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစို့ရုံ ဒဏ်ရာတစ်ခု ပေးလိုက်နိုင်သည်။
ကျားနက်သည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး သူ၏ရင်ဘတ်ပေါ်ရှိ သွေးများကို ကြည့်လိုက်သည်။
ထို့နောက် ဘယ်ဘက်လက်ဖြင့် သွေးစက်ကိုတို့ကာ ပါးစပ်ထဲ ထည့်မြည်းလိုက်သည် ဟားဟားဟား တစ်ချိန်က ဟဟင်းလင်းပြန်လည်ရောက်ရှိခြင်းအဆင့်က ပညာရှင်ကြီး သုံးယောက်ဟာ ငါ့လက်ထဲမှာ ဒီလောက်တောင် အားနည်းနေလိမ့်မယ်လို့ မထင်ထားဘူး။
ဒါက တကယ်ကို အရသာ ရှိလှတာပဲ။ မင်းတို့ ဒီလောက် အားနည်းမှန်း သိရင် ငါ ဒီလောက် အကြာကြီး စောင့်နေမှာ မဟုတ်ဘူး။
ချန်နန်းနန်းသည် ချန်ရှင်းဟေ၏ ဘေးသို့ လာကာ သူမ၏ ဖခင်ဖြစ်သူ၏ ကြေမွနေသော ရုပ်အလောင်းကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဘာလုပ်ရမှန်းမသိဘဲ မျှော်လင့်ချက်မဲ့နေရှာသည်။
ချန်ရှင်းဟေ သေပြီ မင်းတို့ အမှိုက်တွေက သူ့အပေါ်သစ္စာရှိနေဦးမှာလား ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပေးမယ် လက်နက်ချပြီး ငါ့ဆီမှာ ခိုလှုံမယ်ဆိုရင် အသက်ရှင်ဖို့ လမ်းပေးမယ်။
ကျားနက်သည် တိုက်ပွဲအတွင်းရှိ လူအုပ်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် သူ၏နှစ်မီတာကျော် မြင့်မားလှသော အရပ်၊ တောင်ပမာ ကြီးမားသော ခန္ဓာကိုယ်၊ ရင်ဘတ်မှ ဒဏ်ရာနှင့် ဓားရှည်ပေါ်ရှိ သွေးများမှာ သူ့ကို အင်မတန် ရက်စက် ကြောက်မက်ဖွယ် ကောင်းသော ပုံစံ ပေါက်စေသည်။
"မင်းကလွဲလို့ပေါ့" ကျားနက်သည် လီဖုန်းကို လက်ညှိုးထိုးပြကာ ယုတ်မာသော အပြုံးဖြင့် ရယ်လိုက်သည်။
"အဘိုး အဆင်ပြေရဲ့လား" ကျားနက်၏ လက်အောက်ငယ်သား နှစ်ဦးကို ရှင်းလင်းပြီးနောက် ကျန်းချင်းရှန်းသည် ကျန်းခွမ်း၏ ဘေးသို့ အမြန်ဆုတ်လာခဲ့သည်။
"မြန်မြန်... နန်းနန်းနဲ့ မုန့်မုန့်ကို ခေါ်ပြီး ပြေးတော့ အွတ်..."
ကျန်းခွမ်းသည် ကျန်းချင်းရှန်း၏ လက်ကို တင်းတင်းဆုပ်ကာ အလောတကြီး ပြောလိုက်ပြီးနောက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။
"ကျွန်တော်တို့ အတူတူ ပြေးကြမယ်" ကျန်းချင်းရှန်းသည် စကားအများကြီး မပြောတော့ဘဲ ကျန်းခွမ်းကို ကျောပိုးကာ ချန်မုန့်မုန့်နှင့် ချန်နန်းနန်းတို့ဆီသို့ ပြေးသွားတော့သည်။
"နန်းနန်း အခုက ဝမ်းနည်းနေရမယ့် အချိန်မဟုတ်ဘူး။ မြန်မြန်ညီမလေးကိုခေါ်ပြီး ငါနဲ့အတူ လွတ်အောင် ပြေးကြစို့"
ကျန်းချင်းရှန်းသည် ချန်နန်းနန်း၏ လက်ကို ဆွဲကာ တောနက်ထဲသို့ ပြေးရန် ပြင်လိုက်သည်။
"ပြေးချင်တာလား" ကျားနက်က ရမ္မက်ဇောအပြည့်ဖြင့် ပြုံးလိုက်သည်။ သူသည် ချန်မုန့်မုန့်နှင့် ချန်နန်းနန်းတို့၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူတို့ ထွက်ပြေးရန် ကြိုးစားသည်ကို မြင်သည်နှင့် လီဖုန်းကို ချက်ချင်း လွှတ်လိုက်ပြီး သူတို့နောက်သို့ လိုက်လေတော့သည်။
"မိသားစုခေါင်းဆောင် သေဆုံးသွားပြီ ငါတို့ သခင်မလေးတွေကို ကာကွယ်ရမယ်"
"မိသားစုခေါင်းဆောင်ရဲ့ကျေးဇူးက ငါတို့အပေါ်မှာ တောင်ကြီးပမာ လေးလံလှတယ်။ အခုက အဲ့ဒီကျေးဇူးကို ဆပ်ရမယ့် အချိန်ပဲ"
ဘေးပတ်ဝန်းကျင်ရှိ အစောင့်များမှာ ဓားရှည်များကို တင်းတင်းဆုပ်ကာ ပြတ်သားသော မျက်နှာထားဖြင့် ကျားနက်၏ လမ်းကြောင်းတွင် ပိတ်ရပ်လိုက်ကြတော့သည်။