အခန်း (၇၉) လျူချန်းအာ ရူးသွပ်သွားခြင်း
"လွန်ခဲ့တဲ့ဆယ်နှစ်က ဝူချန်းဂိုဏ်းရဲ့ ဂုဏ်သရေရှိ ကျိုယိုက နယ်နိမိတ်ဖြတ်ကျော် ကျောက်စိမ်းအဆောင်တစ်ခုကို တကယ်ပဲလုပ်ခဲ့တာပဲ"
သူ့ရဲ့မြေးဖြစ်သူက မှော်လက်နက်တစ်ခုကို သဘောကျနေလို့ ဝိညာဉ်ကျောက်တုံး လိုအပ်နေတာနဲ့ ဒီအဆောင်ကို ဈေးတစ်ခုမှာ လေလံတင်ခဲ့တယ်လို့ ကြားဖူးတယ်။
အဲ့ဒီတုန်းက ကျင့်ကြံခြင်းလောကမှာ တော်တော်လေး ဂယက်ရိုက်သွားခဲ့တာလေ လူပေါင်းများစွာက လုယူဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ လူငယ်တစ်ယောက်က ဝိညာဉ်ကျောက်တုံး တစ်သိန်းနဲ့ ရသွားခဲ့တာ။
ကျိန်းချီ ပညာရှိသည် မျက်မှောင်ကြုတ်ကာ သူသိထားသော အတိတ်က အဖြစ်အပျက်များကို သူ၏ စီနီယာအစ်ကိုအား တစ်ခုချင်း ပြန်ပြောပြနေသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ သူက ဒီအဆောင်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ပိုင်ဆိုင်ထားတာပေါ့ သူက ဒီအဆောင်ကိုဆယ်နှစ်လုံးလုံး အမြတ်တနိုး သိမ်းထားခဲ့တာလား လျှပ်စီးကန်ထဲမှာ ဒီလောက် ဒုက္ခခံနေရတာတောင် သူ ဒါကိုမသုံးခဲ့ဘူး။ အဲ့ဒါက သူ့ကိုယ်သူ နှိပ်စက်ပြီး လျှပ်စီးစွမ်းအင်တွေကို စုပ်ယူဖို့အတွက်ပဲလား။
ဒီလိုပါရမီ ဒီလိုဇွဲလုံ့လနဲ့ ဒီလိုမျိုးသည်းခံနိုင်စွမ်းရှိတဲ့စရိုက်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ ငါ့ရဲ့ဝိညာဉ်ဓားဂိုဏ်းမှာ ဒီလို ပါရမီရှင်မျိုးနဲ့ ရေစက်မပါခဲ့တာ တကယ့်ကို နှမြောစရာပဲ။
အကြီးအကဲချုပ် ယွီရှောင်ကျီသည် ရှောင်ချီထွက်သွားသည့် ဘက်ကို ကြည့်ကာ ငေးငိုင်နေမိသည်။ သူသည် အားအင်အားလုံး ကုန်ခမ်းသွားသကဲ့သို့ ဟာလာဟင်းလင်းပြင်ထဲတွင် နုံးချိစွာ ထိုင်ချလိုက်မိသည်။
ရှောင်ချီ မထွက်သွားခင်ပြောခဲ့သည့် စကားများကို သူပြန်တွေးမိပြီး လျှပ်စီးအပစ်ခံရသကဲ့သို့ တစ်ကိုယ်လုံး တုန်ရင်သွားရသည်
အခု ဝိညာဉ်ဓားဂိုဏ်းမှာ ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်ပြီး တရားမျှတမှု မရှိတဲ့ ဝူသောက်ကျီလို ဂိုဏ်းချုပ်မျိုးရှိနေသည်။
ပြီးတော့ မိမိတပည့်ရဲ့ အသက်ကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့သိက္ခာကိုပဲ ကြည့်တဲ့ လင်ယွင်လို ဆရာမျိုးလည်း ရှိနေပြန်သည်။
သူကိုယ်တိုင်လည်း အရေးကြီးတဲ့ အချိန်ကျမှ ထွက်လာပြီး အခြေအနေကို ထိန်းကျောင်းဖို့ ကြိုးစားပေမဲ့ တကယ်တမ်းမှာတော့ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးအောင်ပဲ လုပ်ခဲ့တာ မဟုတ်လား။
ရှောင်ချီ ပြောသလိုပဲ ဒီလိုအချက်တွေ ရှိနေမှတော့ ဝိညာဉ်ဓားဂိုဏ်းက ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။
ဝိညာဉ်ဓားဂိုဏ်းက အခု အရမ်းကို ဆွေးမြည့်နေပြီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတော့မယ် မဟုတ်ရင် ပြင်ပရန်သူတွေ လာတိုက်စရာတောင် မလိုဘူး ဝိညာဉ်ဓားဂိုဏ်းက သူ့ဘာသာသူ ပျက်စီးသွားလိမ့်မယ်။
အကြီးအကဲချုပ် ကျွန်တော် ရှောင်ချီကို ဖမ်းဖို့ အမိန့်ထုတ်ထားပြီးပါပြီ။ အခုကစပြီး ဝိညာဉ်ဓားဂိုဏ်းက ဘယ်တပည့်မဆို ရှောင်ချီကို မြင်တာနဲ့ သတ်ရမယ်။
အခု အကြီးအကဲချုပ်အနေနဲ့ မဟာဝေနိုင်ငံ ရဲ့တခြား ဂိုဏ်းကြီး ခြောက်ခုကို ရှောင်ချီကို သတ်ဖို့ ပူးပေါင်းပေးဖို့ အမိန့်ထုတ်ပေးပါ။ ဒီလိုလုပ်ရင် တခြားဂိုဏ်းတွေကို ကျေးဇူးတင်စကား ပြောရမှာ မှန်ပေမဲ့ အောင်မြင်မှုနှုန်းကတော့ အများကြီး ပိုများသွားမှာပါ။
ယွီရှောင်ကျီ တစ်ယောက် စိတ်မကောင်းဖြစ်နေစဉ်မှာပင် ဝူသောက်ကျီက သူ၏ရှေ့သို့ အပြေးအလွှား ရောက်လာပြီး ရိုသေသော မျက်နှာဖြင့် အကြံပြုလိုက်သည်။
"မင်းလို အသုံးမကျတဲ့ကောင်ကို ဂိုဏ်းချုပ်အဖြစ် ရွေးခဲ့မိတာ ငါ့အတွက်တော့ ရှစ်ဘဝစာ ကံဆိုးတာပဲ" အကြီးအကဲချုပ်က ဝူသောက်ကျီ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်သည်။
အစွမ်းထက်သော မှော်စွမ်းအား လှိုင်းတစ်ခုက ဝူသောက်ကျီ၏ ရင်ဘတ်ကို ဖြတ်ပြီး တစ်ကိုယ်လုံးသို့ စီးဝင်သွားသည်။
ဝူသောက်ကျီ၏ ခန္ဓာကိုယ်မှာ မိုင်ပေါင်း ရာနှင့်ချီ၍ လွင့်ထွက်သွားပြီး ဝိညာဉ်ဓားဂိုဏ်း နယ်မြေပြင်ပသို့ပင် ရောက်ရှိကာ တောင်ကုန်းတစ်ခုကို ရိုက်မိမှသာ ရပ်တန့်သွားတော့သည်။
ဟူး... ဟူး... ဟူး...
ငါ့အမိန့်ကို ကြေညာလိုက် ဝိညာဉ်ဓားဂိုဏ်းက ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်အောက်မှာရှိတဲ့ ဘယ်သူမဆို ရှောင်ချီကို မြင်ရင် တတ်နိုင်သမျှ ရှောင်ကြဉ်ကြ သူ့ကို သွားပြီး ရန်မစကြနဲ့။
အကြီးအကဲချုပ် ယွီရှောင်ကျီမှာ အသက်ကို ပြင်းပြင်းရှူကာ ဒေါသတကြီးဖြင့် ဝူသောက်ကျီ လွင့်ထွက်သွားသည့် ဘက်ကို ကြည့်ပြီး ပြောလိုက်သည်။
အခု ရှောင်ချီက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ သာမန်တပည့်တွေကို သတ်တာက ခွေးသတ်သလောက်ပဲ လွယ်လိမ့်မယ် ဝိညာဉ်အသွင်ပြောင်းအဆင့်က လူတွေတောင် သူ့ရှေ့မှာ ပုရွက်ဆိတ်လိုပဲ။ သူ့ကို ယှဉ်နိုင်ဖို့ဆိုတာ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် အလယ်ပိုင်းက ပညာရှင်တွေမှ ဖြစ်မှာ။
ဒါကို ဝူသောက်ကျီက ရှောင်ချီကို ဖမ်းမိန့် ထုတ်နေသေးတယ်။ ဝိညာဉ်ဓားဂိုဏ်း တပည့်တွေ သေတာနည်းနေသေးလို့လား။
ရှောင်ချီက ဂိုဏ်းက ထွက်သွားတဲ့ အချိန်မှာ ဝိညာဉ်ဓားဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းဘူးလို့ ပြောခဲ့ပေမဲ့ ဘယ်တပည့်မဆို သူ့ရှေ့ကို လာပြီး အသေခံမယ်ဆိုရင်တော့ ရှောင်ချီက သူ့ဓားကို နှမြောနေမှာ မဟုတ်ဘူးလို့ ယွီရှောင်ကျီ ယုံကြည်နေသည်။
"ဒီနေ့ကစပြီး ဂိုဏ်းရဲ့ကိစ္စတွေကို ငါကိုယ်တိုင် ကိုင်တွယ်မယ်။ ဝူသောက်ကျီလို လူယုတ်မာမျိုးကို ဝိညာဉ်ဓားဂိုဏ်းကို ထပ်ပြီး ဖျက်ဆီးခွင့် မပေးနိုင်တော့ဘူး"
ယွီရှောင်ကျီသည် သူ၏ ခန္ဓာကိုယ်ထဲမှ မသန့်ရှင်းသော လေများကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
မဖြစ်ပါဘူး စီနီယာအစ်ကို စီနီယာက ကျွန်တော်တို့ဂိုဏ်းမှာ ကျင့်စဉ်အမြင့်ဆုံး ပုဂ္ဂိုလ်ပဲ စီနီယာသာ အဲ့ဒီအဆင့်ကို တက်လှမ်းနိုင်မှ ကျွန်တော်တို့ ဝိညာဉ်ဓားဂိုဏ်းက မဟာဝေနိုင်ငံရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာဖြစ်ပြီး တော်ဝင်မိသားစုနဲ့လည်း ယှဉ်ပြိုင်နိုင်မှာလေ။
ယွီရှောင်ကျီ၏ စကားကို ကြားသောအခါ နတ်ရှင် လင်ယွီမှာချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားသည်။ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာပဲ အာရုံစိုက်နေသူ ဖြစ်သော်လည်း ဝိညာဉ်ဓားဂိုဏ်းအပေါ် ထားရှိသည့် သူ၏ သံယောဇဉ်မှာ ဘယ်သူ့ထက်မဆို မလျော့ပေ။
ဒါကြောင့်လည်း သူက ဂိုဏ်းကို ပြန်လည် စုစည်းဖို့အတွက် သူ၏ကျင့်ကြံချိန် ဆယ်နှစ်ကို အနစ်နာခံခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ ယွီရှောင်ကျီက ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးရဲ့ မျှော်လင့်ချက်ပင်။ သူသာ ထိုဒဏ္ဍာရီလာ အဆင့်ကို တက်လှမ်းနိုင်မှ ဝိညာဉ်ဓားဂိုဏ်းကို နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးနိုင်ပြီး အရင်က ဂုဏ်သိက္ခာကို ပြန်လည် ရရှိစေမှာ ဖြစ်သည်။
"အခု ဝိညာဉ်ဓားဂိုဏ်းကို ကြည့်ပါဦး အကုန်လုံး ဖရိုဖရဲ ဖြစ်နေပြီ ငါသာ ဝင်မပါရင် ဝိညာဉ်ဓားဂိုဏ်းဟာ ဝူသောက်ကျီတို့ မျိုးဆက်လက်ထဲမှာတင် ပျက်စီးသွားလိမ့်မယ်လို့ ငါ စိုးရိမ်မိတယ်" ယွီရှောင်ကျီသည် သက်ပြင်းချကာ ဝိညာဉ်ဓားဂိုဏ်း၏ လှပသော မြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိသည်။
ဒါက သူ၏ဆရာက သူ့လက်ထဲ အပ်နှံခဲ့သည့် အခြေခံ မဟုတ်ပါလား သူ၏ ဆရာကို သူ ပေးခဲ့ဖူးသည့် ကတိတွေကို သူမှတ်မိနေဆဲပင်။
"စီနီယာအစ်ကို စီနီယာက သိပ်ပြီး စိုးရိမ်လွန်နေတာ မဟုတ်ဘူးလား ကျွန်တော်တို့ဝိညာဉ်ဓားဂိုဏ်းက သြဇာအာဏာကြီးမားပြီး တပည့်ပေါင်း ထောင်နဲ့ချီ ရှိတယ် အားအကောင်းဆုံး အချိန်မှာ ရှိနေတာလေ ကောင်လေး တစ်ယောက်ရဲ့ စကားအချို့ကြောင့် ဘာလို့ စီနီယာရဲ့ တာအိုနှလုံးသားကို အထိခိုက်ခံမှာလဲ စီနီယာ စိတ်စွဲလမ်းနေပြီနော်"
စီနီယာအစ်ကို၏ စိတ်စွဲလမ်းနေသော ပုံစံကို ကြည့်ပြီး ကျိန်းချီ ပညာရှိက ဟိန်းဟောက်သော အသံဖြင့် သတိပေးလိုက်သည်။
"အား..."
"ကျွန်မရဲ့ ကလေးလေး..."
သို့သော် အထက်တွင် လူကြီးအချို့က ဝိညာဉ်ဓားဂိုဏ်း၏ အနာဂတ်အတွက် ငြင်းခုံနေစဉ်မှာပင် အောက်ဘက်မှ အင်မတန် သနားစရာကောင်းသော အော်ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
အခြေအနေကို လာကြည့်ကြသည့် အကြီးအကဲများနှင့် တပည့်များသည် အထက်ကောင်းကင်ယံတွင် အကြီးအကဲချုပ်များ ဆွေးနွေးနေကြသည်ကို မြင်ရရုံသာမက ဂိုဏ်းချုပ်ကြီး ကန်ထုတ်ခံရသည်ကိုပါ မြင်လိုက်ရသဖြင့် အားလုံးမှာ ဆောင်းတွင်းက ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်သက်နေကြပြီး စကားတစ်ခွန်းတောင် မဟဝံ့ကြပေ။
ထို့ကြောင့် ဤအော်သံမှာ အလွန်ပင် ထင်ရှားနေတော့သည် ဟာလာဟင်းလင်းပြင်ထဲတွင် ရှိနေသော အကြီးအကဲချုပ်များပင် မျက်မှောင်ကြုတ်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဤအချိန်တွင် လျူချန်းအာသည် ခရမ်းရောင်တိမ်တိုက်တောင်၏ ကျောက်တုံးများကြားတွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် သွေးကွက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး သူမ၏ ပုံရိပ်ကို ဝန်းရံထားသည်။
အကြီးအကဲ ဇီယီက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအားများကို ထည့်ပေးနေသည်။
သို့သော် အရာအားလုံး နောက်ကျသွားပြီ အကြီးအကဲဇီယီသည် ကျန်းချီနင်ကို အရင်ကယ်တင်နေရသဖြင့် အချိန်အနည်းငယ် ကြာသွားခဲ့သည်။ အခုမှသာ လျူချန်းအာကို လာရောက် ကုသပေးနိုင်ခြင်း ဖြစ်သည်။
လျူချန်းအာသည် သွေးများစိုရွှဲနေသော အရာတစ်ခုကို ရင်ခွင်ထဲပိုက်ထားပြီး ထိန်းမနိုင် သိမ်းမရ ငိုကြွေးနေတော့သည်။
"မင်းရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး ဒါပေမဲ့ ကလေးကိုတော့ မကယ်နိုင်ခဲ့ဘူး" လျူချန်းအာကို ရိုးရှင်းသော ကုသမှုများ ပြုလုပ်ပေးပြီးနောက် အကြီးအကဲ ဇီယီက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
ဒါတွေ အကုန်လုံးက နင့်ကြောင့်ပဲ နင်က မိန်းမယုတ်ပဲ ဘာလို့စောစောက ငါ့ကိုအရင်မကယ်ခဲ့တာလဲ ဘာလို့ အဲ့ဒီအဖိုးကြီးကိုပဲ အရင်ကယ်ရတာလဲ သူကအိုနေပြီလေ။
နောက်ထပ် ဘယ်နှစ်နှစ်လောက် နေရဦးမှာမို့လို့လဲ ငါ့ကလေးက မမွေးရသေးဘူး ဒီလောကကြီးရဲ့ အလှကိုတောင် မမြင်ရသေးဘူး။ ဒါတွေ အကုန်လုံးက နင့်ကြောင့်ပဲ နင့်ကြောင့် ငါ့ကလေး အသက်ကို ပြန်ပေး"
လျူချန်းအာသည် ရုတ်တရက် ရူးသွပ်သွားသူတစ်ဦးကဲ့သို့ ထရပ်လိုက်ပြီး အကြီးအကဲ ဇီယီ၏ ပေါင်ကို အားကုန် ကိုက်လိုက်တော့သည်။
"အား" အကြီးအကဲ ဇီယီမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူမ၏ ပေါင်မှ သွေးများ ပန်းထွက်လာပြီး အသားတစ်စမှာ လျူချန်းအာ၏ ပါးစပ်ထဲတွင် ပါသွားတော့သည်။