အခန်း (၇၇) လွန်ခဲ့သော ဆယ်နှစ်က အကြံအစည်
အဖိုးကြီး.ခင်ဗျား ဒီနေ့ကျွန်တော့်ကို အမိဖမ်းနိုင်ပြီလို့ ထင်နေတာလား လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ခင်ဗျားတို့ဆီမှာ နောက်တစ်ခါ အဖမ်းမခံတော့ဘူးလို့ ကျွန်တော် ကျိန်ဆိုခဲ့ပြီးသား။
ပြီးတော့... အဲ့ဒီတုန်းက ကျွန်တော် ဘာလို့ ဂိုဏ်းမှာ ဆက်နေခဲ့တယ်လို့ ခင်ဗျား ထင်သလဲ တကယ်ပဲ အပြစ်ဝန်ခံပြီး အပြစ်ဒဏ်ခံဖို့ နေခဲ့တာလား ဝိညာဉ်ဓားဂိုဏ်းရဲ့ လျှပ်စီးကန်စွမ်းအားသာ မရှိရင် ခင်ဗျားတို့ဆီမှာ ဆယ်နှစ်ပတ်လုံး အကျဉ်းစံခံဖို့ ကျွန်တော် နေပါ့မလား။
ရှောင်ချီသည် သူ၏ သိုလှောင်လက်စွပ်ကို အသာအယာ ပွတ်သပ်လိုက်ပြီး ကျောက်စိမ်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ ဂိုဏ်းချုပ် ဝူသောက်ကျီ၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
ဒီကျောက်စိမ်းအဆောင်ကို နယ်နိမိတ်ဖြတ်ကျော် ကျောက်စိမ်းအဆောင်လို့ ခေါ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျင့်ကြံခြင်းလောကရဲ့ ဈေးတစ်ခုမှာ ကျွန်တော်ဝယ်ခဲ့တာ ဒါက အရမ်းဈေးကြီးတယ် အဆောင်တစ်ခုတည်းကို ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးရတယ်။ ဝူချန်းဂိုဏ်းရဲ့ ဘိုးဘေးကိုယ်တိုင် ဖော်စပ်ထားတဲ့ ထိပ်တန်းအဆင့် ဝိညာဉ်အဆောင်ပဲ။
ဒါရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ရှင်းပြနေစရာ မလိုတော့ဘူး ထင်တယ် မိုင်ပေါင်း တစ်သောင်းကို အလွယ်တကူ ဖြတ်ကျော်နိုင်ရုံတင်မကဘူး ဘယ်လို အစအနမျိုးကိုမဆို ဖျောက်ဖျက်နိုင်တယ်။ ဝိညာဥ်နှင့်ခန္ဓာပေါင်းစပ်ခြင်းအဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်တောင် ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။
ရှောင်ချီ၏ လေသံမှာ အလွန်ပင် ပေါ့ပါးနေပြီး ဝိညာဉ်အဆောင်မှာ လေထဲတွင် ယိမ်းနွဲ့နေသည်။ ဒါက ရှောင်ချီ၏ ယုံကြည်ချက်ပင် ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က သူဝိညာဉ်ကျောက်တုံးတွင်းမှာ ဒဏ်ရာ ကုသနေစဉ်အတွင်း ပညာရှင်များစွာ၏ စောင့်ကြည့်ခြင်းကို ခံနေရသဖြင့် ထွက်ပြေးရန် လမ်းစမရှိခဲ့ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ အရင်ဘဝတွင် ကိုယ်ပွားကျင့်စဉ်တစ်ခုကို သူ သင်ယူခဲ့ဖူးသည်။ ထိုကိုယ်ပွားမှာ သူ၏ စွမ်းအား ဆယ်ပုံတစ်ပုံသာ ရှိသော်လည်း ပုန်းကွယ်သည့် နေရာတွင်တော့ အင်မတန် ထူးချွန်လှသည်။
အဲ့ဒီတုန်းက ကျန်းချီနင်က ရှောင်ချီကို ဂိုဏ်းဆီ ပြန်ခေါ်မသွားခင် အချိန်လေးမှာ ရှောင်ချီက ဤကိုယ်ပွားကို ဝိညာဉ်ကျောက်တုံးတွင်းမှ လွှတ်ထုတ်ပြီး အနီးဆုံးက ဈေးဆီကို လွှတ်ကာ ဝယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
မူလက သူသည် ဂိုဏ်းထဲတွင် ပြဿနာရှာပြီးနောက် အဝေးသို့ ထွက်ပြေးရန် စီစဉ်ထားခဲ့သည်။ ဤအဆောင်က လူတစ်ယောက်ကိုပါ ခေါ်သွားနိုင်သဖြင့် အဲ့ဒီအချိန်တုန်းက သူ၏ ညီမလေးကို ဝိညာဉ်ဓားဂိုဏ်းတွင် ဒုက္ခမရောက်စေရန် ခေါ်သွားဖို့ စဉ်းစားခဲ့သည်။
သို့သော် အကြီးအကဲချုပ်ပေါ်လာပြီးနောက် ရှောင်ချီသည် ထွက်ပြေးမည့် အကြံကို လက်လွှတ်ခဲ့သည်။
အကြီးအကဲချုပ်က အရမ်း အစွမ်းထက်နေလို့ မဟုတ်ဘဲ အကြီးအကဲချုပ် ပြောလိုက်သည့် လျှပ်စီးကန်ဆိုသော စကားက သူ့ကို ဆွဲဆောင်သွားခြင်း ဖြစ်သည်။
သူသည် ပြန်လည်မွေးဖွားလာသူဖြစ်သော်လည်း အရင်ဘဝတွင် ပါရမီရှိသော်လည်း အာဏာမရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးနောက်မှာလည်း သူ့မှာ ခိုင်မာတဲ့ အခြေခံမရှိခဲ့ပေ။ သူ ဂုဏ်ယူနိုင်သည်မှာ အနှစ် ၂၀ လုံးလုံး လေ့ကျင့်ခဲ့သည့် လင်ရှောင် ဓားသိုင်းနှင့် ဝိညာဉ်အနှစ်သာရတွေကို လုယူနိုင်သည့်ကျင့်စဉ်တစ်ခုသာ ရှိသည်။
ထို့ကြောင့် ပိုမို အစွမ်းထက်လာရန် သူသည် ယခုဘဝတွင် အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။ လျှပ်စီးကန်ထဲမှာ ဆယ်နှစ်ကြာ အကျဉ်းစံရမည်မှာ သူ ကြိုတင် စီစဉ်ထားသည့်အတိုင်းပင်။
သူသည် ငယ်စဉ်ကတည်းက သူတောင်းစား ဖြစ်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာ ထမင်းတောင်းစားခဲ့ရပြီးမှ ကျင့်ကြံခွင့် ရခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ရှောင်ချီတွင် ပိုမို အစွမ်းထက်လာလိုသည့် ရူးသွပ်သော စွဲလမ်းမှု ရှိနေသည်။
သို့သော် အရင်ဘဝတွင် လူယုတ်မာများ၏ ကြံစည်မှုကြောင့် သူ၏ကျင့်စဉ်အဆင့်မှာ တန့်နေခဲ့ရသည်။ ကံကောင်းသည်မှာ သူသည် လက်မလျှော့ခဲ့ဘဲ ကျင့်ကြံလိုသည့် ဆန္ဒအားလုံးကို ဓားသိုင်းထဲသို့ ပုံအောခဲ့ခြင်းပင်။
နှမြောစရာကောင်းသည်မှာ သူ၏ ဓားသိုင်းက ထိပ်တန်းအဆင့်သို့ ရောက်ခဲ့သော်လည်း ယဲ့ဖန်၏ လက်ဝါးတစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ယခုဘဝတွင် ပိုမို အစွမ်းထက်လာရန် ရှောင်ချီသည် သူ၏ဂုဏ်သိက္ခာ၊ အနာဂတ်၊ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုပါ ရင်းပြီး လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။
အခြားသူများအတွက် လျှပ်စီးကန်ဆိုသည်မှာ ကြားရုံနှင့်တင် မျက်နှာပျက်ရသည့် ဒုက္ခတွင်းကြီး ဖြစ်သော်လည်း ရှောင်ချီအတွက်မူ ကြီးမားသော အခွင့်အရေးဖြစ်သည်။
အရင်ဘဝက ဆယ်နှစ်ကျော်ကြာ ခံစားခဲ့ရသော ဒုက္ခနှင့် အထီးကျန်မှုများက ရှောင်ချီကို ဤလျှပ်စီးတန်းတွေကို အောင်နိုင်ဖို့ ယုံကြည်ချက် ပေးခဲ့သည်။ ရှောင်ချီ တကယ်ပဲ လုပ်နိုင်ခဲ့သည် သူသည် လျှပ်စီးကန်တစ်ခုလုံးကို အောင်မြင်စွာ ခန်းခြောက်သွားစေခဲ့သည်။
ဂိုဏ်းချုပ် ဝူသောက်ကျီသည် ရှောင်ချီ၏ လက်ထဲက ဝိညာဉ်အဆောင်ကို မြင်သောအခါ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
"မင်းလို မျက်နှာသာ မပေးခံရတဲ့ တပည့်တစ်ယောက်က ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်အများကြီး ဘယ်ကရတာလဲ" ဝူသောက်ကျီသည် ရှောင်ချီ၏ လက်ထဲက အဆောင်ကို ကြည့်ပြီး မကောင်းတဲ့ အကြောင်းအရာအချို့ကို တွေးမိသွားသည်။
အဲ့ဒီတုန်းက ဝိညာဉ်ဓားဂိုဏ်းရဲ့ ဝိညာဉ်ကျောက်တုံးတွင်းမှာ ရှိတဲ့ ကျောက်တုံးတွေ အကုန်နီးပါး ပျောက်ဆုံးသွားခဲ့သည်။ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့တာလေ။
ဒါပေမဲ့ အဲ့ဒီတုန်းက သူတို့က လူမိုက်တွေ လာလုသွားတာလို့ပဲ ထင်ခဲ့ကြတာ။ နောက်တစ်စိတ်တစ်ပိုင်းကိုတော့ ယဲ့ဖန်က စုပ်ယူလိုက်တယ်လို့ပဲ ယူဆခဲ့ကြပြီး ရှောင်ချီနဲ့ ပတ်သက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိကြဘူး။
ဒါပေမဲ့ အခုတော့ ဝူသောက်ကျီ တစ်ယောက် ရှောင်ချီကို သံသယဝင်လာရပြီ။ ဘာလို့လဲဆိုတော့ ဤနယ်နိမိတ်ဖြတ်ကျော် ကျောက်စိမ်းအဆောင်က ဝိညာဉ်ကျောက်တုံး တစ်သိန်းတန်တာလေ။ ဒါက ဝိညာဉ်သန့်စင်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တစ်သက်စာ စုဆောင်းမှုပဲပြီးတော့ နယ်ပယ်တစ်ခုကို စိုးမိုးထားနိုင်တဲ့ အစွမ်းထက် ပညာရှင်တစ်ယောက်မှသာ ဒီလောက် ချမ်းသာနိုင်တာ။
ဒါက ဤအဆောင်ရဲ့ တန်ဖိုးကြီးမားမှုကို ပြသနေသည်။ ဘယ်ဝိညာဉ်သန့်စင်ခြင်းအဆင့်ပညာရှင်ကမှ သူတို့ရဲ့ စုဆောင်းထားသမျှ အကုန်လုံးကို အသုံးချပြီး တစ်ခါသုံး အာကာသဖြတ်ကျော် အဆောင်ကို ဝယ်မှာ မဟုတ်ဘူးလေ။
"ဟုတ်တယ် ခင်ဗျား ထင်သလိုပဲ အဲ့ဒီတုန်းက ဝိညာဉ်ကျောက်တုံးတွေကို ဝတ်စုံနက်ဝတ် လူတွေ ယူသွားတာ မဟုတ်ဘူး သူတို့ အကုန်လုံးကို ကျွန်တော်သတ်ပြီး သူတို့ရဲ့ အလောင်းတွေကို ကျွန်တော့်ရဲ့ သိုလှောင်အိတ်ထဲ ထည့်ထားခဲ့တာ" ရှောင်ချီသည် ဝူသောက်ကျီကို ကြည့်ကာ လှောင်ပြုံးပြုံးပြီး အဲ့ဒီတုန်းက ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
အဲ့ဒီတုန်းက မင်းက အသက် ၂၀ တောင် မပြည့်သေးတဲ့ ကလေးပဲရှိသေးတာ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အစီအစဉ်ကျကျ လုပ်နိုင်မှာလဲ မင်းရဲ့ နောက်ကွယ်မှာ ဘယ်သူက အကြံပေးနေတာလဲ။
ဝူသောက်ကျီ၏ မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသည်။ ရှောင်ချီကို မထီမဲ့မြင် ကြည့်သည့် အကြည့်များမှာ လျော့ပါးသွားပြီး အဆင့်တူ ပညာရှင်တစ်ယောက်ကို မေးခွန်းထုတ်သကဲ့သို့ ဖြစ်သွားသည်။
ရှောင်ချီ၏ အကြံအစည်မှာ တကယ့်ကို ပြည့်စုံလွန်းသည်။ အရင်ဆုံး ဝတ်စုံနက်ဝတ် လူတွေဆီကနေ ဝိညာဉ်ကျောက်တုံးတွေကို လုယူခဲ့သည်။ ပြီးနောက် ဝတ်စုံနက်ဝတ် လူတွေရဲ့ အလောင်းတွေကို သိမ်းဆည်းပြီး ဝိညာဉ်ဓားဂိုဏ်း တပည့်အချို့နဲ့ ဝတ်စုံနက်ဝတ် လူအချို့ရဲ့ အလောင်းတွေကိုပဲ ချန်ထားခဲ့သည်။
ဒါက စည်းကမ်းထိန်းသိမ်းရေး ဌာနက လူတွေက ဝတ်စုံနက်ဝတ် လူတွေနဲ့ အတူတူ သေဆုံးသွားခဲ့ကြတာလို့ လူတိုင်းကို အထင်မှားစေခဲ့သည်။ ထို့အပြင် အချိန်ကိုက် အချက်ပြမီးလွှတ်ပြီး ဂိုဏ်းသားတွေကို ခေါ်ခဲ့သေးသည်။
ဂိုဏ်းသားတွေ ရောက်လာတဲ့အခါ တူးဖော်ထားတဲ့ ကျောက်တွင်းဝကို တွေ့သွားပြီး အတွင်းထဲမှာ ဝိညာဉ်စွမ်းအားတွေ စုပ်ယူနေတဲ့ ယဲ့ဖန်ကို တွေ့သွားကြတာပေါ့။
ယဲ့ဖန်က ကျောက်တွင်းက ဝိညာဉ်စွမ်းအားတွေကို စုပ်ယူနေတဲ့ ကိစ္စကို သုံးပြီး လူတိုင်းရဲ့ အာရုံကို လွှဲလိုက်တာ ဒါက ယဲ့ဖန်ကို လူအများရဲ့ပစ်မှတ် ဖြစ်စေရုံတင်မကဘဲ သူ့ဆီက အာရုံတွေကိုပါ လွှဲဖယ်လိုက်တာ ဖြစ်သည်။
ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်အကြံအစည်ပင် ဖြစ်သည်။
ပြီးတော့ ဝိညာဉ်ကျောက်တုံးတွေကို ရပြီးတာနဲ့ ကိုယ်ပွားကို သုံးပြီး အနီးဆုံး ဈေးဆီကို လွှတ်ကာ နယ်နိမိတ်ဖြတ်ကျော် အဆောင်ကို ဝယ်ခိုင်းခဲ့သည်။ ဒါက နောက်ပိုင်း ထွက်ပြေးဖို့အတွက် ခိုင်မာတဲ့ အခြေခံတစ်ခုကို တည်ဆောက်ခဲ့ခြင်းပင်။
ဒါပေမဲ့ အကြီးအကဲချုပ်က သူ့ကို လျှပ်စီးကန်ထဲမှာ ပိတ်လှောင်မယ်လို့ ပြောလိုက်တဲ့အခါ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲနေပြီဖြစ်တဲ့ ရှောင်ချီက မခုခံတော့ဘဲ လျှပ်စီးကန်ထဲကို အသာတကြည် ဝင်သွားခဲ့ခြင်း ဖြစ်သည်။
ဤသတ္တိ၊ ပိုမို အစွမ်းထက်လာဖို့ ဤဆုံးဖြတ်ချက်နဲ့ ဤအကြံအစည်တွေက တကယ်ကို ပြောင်မြောက်လှသည်။
ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်း တစ်ရာကျော် နေလာခဲ့တဲ့ ဤအဖိုးကြီးတောင်မှ ရှောင်ချီရဲ့ လုပ်ရပ်တွေအပေါ်မှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။
"ဟူး..." ထိုစဉ်မှာပင် ဟာလာဟင်းလင်းပြင်ထဲမှ သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာသည်။
"စီနီယာ... ကျင့်စဉ်ကနေ ထွက်လာပြီဆိုရင်လည်း ဘာလို့ ပုန်းနေဦးမှာလဲ" ရှောင်ချီသည် ပုန်းကွယ်နေသော နေရာတစ်ခုကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ ရှောင်ချီ၏ စကားအဆုံးမှာပင် ထိုထောင့်က ဟာလာဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ဝိညာဉ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ယွီရှောင်ကျီပင် ဖြစ်သည်။
သူသည် ဆံပင်ဖြူသော်လည်း လူငယ်တစ်ဦးကဲ့သို့ နုပျိုသော မျက်နှာရှိပြီး အင်မတန် ထက်မြက်သော ဓားတစ်စင်းအလား ခန့်ညားစွာ ရပ်နေဆဲပင် အကယ်၍ သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ ဘိုးဘေးလို့ မပြောရင် သူ၏ အသက်ကို ဘယ်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
ဤအကြီးအကဲချုပ်ကို ထပ်တွေ့ရသောအခါ ရှောင်ချီသည် သူ၏ လက်ရှိဆရာဖြစ်သူ ရှင်းယွဲ့ ဘိုးဘေးကြီးနှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပေ။
ရှင်းယွဲ့ ဘိုးဘေးကြီးမှာ အိုမင်းရင့်ရော်နေပြီး ညှိုးနွမ်းတော့မည့် ပုံစံမျိုး ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများကို ကြည့်လျှင် ရှင်းယွဲ့ ဘိုးဘေးကြီးက ဤယွီရှောင်ကျီထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကြောင်း ရှောင်ချီ ခံစားလိုက်ရသည်။