အခန်း (၇၅) သူမကို ဘယ်သူပဲကယ်ကယ် ငါ သတ်မယ်
"စကားတွေ အများကြီးပြောမနေနဲ့။ တိုက်ချင်ရင်လည်း တိုက်ကြ ဘာလို့ ဒီလောက် အာပေါင်အာရင်း သန်နေကြတာလဲ"
ဒီသခင်လေးက ရှင်းရှင်းပဲပြောမယ် ငါ ဒီတစ်ခေါက် ပြန်လာတာ ဂိုဏ်းကနေ ထွက်ဖို့ သက်သက်ပဲ မင်းတို့က ငါ့ကိုနှင်ထုတ်ချင်နေတာ မဟုတ်လား အားစိုက်မနေပါနဲ့တော့ စာရွက်စာတမ်းလေး တစ်ခုသာ ရေးပေးလိုက် ငါ့ဘာသာငါ လစ်ပေးမယ်။
ရှောင်ချီသည် ဂိုဏ်းချုပ် ဝူသောက်ကျီကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် လက်ယမ်းပြလိုက်သည်။
ဟွန့်... ငါ့ရဲ့ ဝိညာဉ်ဓားဂိုဏ်းကို မင်းက ဘယ်လိုနေရာမျိုးလို့ ထင်နေတာလဲ မင်း စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာလို့ မှတ်နေလား ဂိုဏ်းရဲ့ စည်းကမ်းအရဆိုရင် ရှောင်ချီ မင်းကို တောင်နောက်ဘက်မှာ နှစ်ပေါင်း တစ်ထောင် ပိတ်လှောင်ထားရင်တောင် နည်းသေးတယ်။
စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ကျန်းချီနင်သည် နောက်မှ ရှေ့သို့ တက်လာပြီး ရှောင်ချီကို လက်ညှိုးငေါက်ငေါက်ထိုးကာ တရားသဖြင့် ဒေါသထွက်နေဟန်ဖြင့် ပြောလိုက်သည်။
"ရှောင်ချီ မင်း အခုပဲအပြစ်ဝန်ခံပြီး ဥပဒေကို နာခံမယ်ဆိုရင် ငါ ဂိုဏ်းချုပ်ဆီမှာ မင်းအတွက် အသနားခံပေးပြီး မင်းရဲ့ခွေးသက်ကို ချမ်းသာပေးလို့ ရသေးတယ်။ မဟုတ်ရင်တော့ ငါ့ကို ဂိုဏ်းသားအချင်းချင်း မညှာတာဘူးလို့ အပြစ်မတင်နဲ့" သို့သော် ကျန်းချီနင် စကားမဆုံးခင်မှာပင် နောက်ထပ် လူတစ်ယောက် ရှေ့သို့ ထွက်လာပြီး ရှောင်ချီကို လက်ညှိုးထိုးကာ သူ၏ ဆိုးသွမ်းမှုအတွက် ဒေါသတကြီး ပြောလိုက်ပြန်သည်။
သူမသည် အပြာရောင် နတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တွင် ကျောက်စိမ်းနက် ဆံထိုး စိုက်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
ထိုအမျိုးသမီး၏ ဝမ်းဗိုက်မှာ အနည်းငယ် ပူနေပြီး သူမတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပုံရသည်။
ရှောင်ချီသည် စိတ်ဝင်တစားဖြင့် ကြည့်လိုက်ရာ စည်းကဲထိန်းသိမ်းရေး အကြီးအကဲ ကျန်းချီနင်နှင့် သူ့ကို ဝေဖန်ရန် ထွက်လာသည့် ထိုလှပသော အမျိုးသမီးကို တွေ့လိုက်ရသည်။
သူမသည် အခြားသူမဟုတ်ဘဲ ရှောင်ချီ သိကျွမ်းခဲ့သည့် သူ၏ စီနီယာအစ်မ လျူချန်းအာပင် ဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ပြန်တွေ့ရသောအခါ စီနီယာအစ်မသည် တော်တော်လေး ရင့်ကျက်သွားကြောင်း ရှောင်ချီ သတိပြုမိလိုက်သည်။ အရင်က သူမတွင် မိန်းကလေးငယ်တစ်ဦး၏ ပွင့်လင်းလွတ်လပ်မှုမျိုး ရှိခဲ့သော်လည်း ယခုအခါ ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ ထွားကျိုင်းလာရုံသာမက စိတ်နေစိတ်ထားမှာလည်း အရင်ကထက် ပို၍တည်ငြိမ်လာပုံရသည်။
သို့သော် ရှောင်ချီကို လူအများက ဝိုင်းဝန်း ရှုတ်ချနေကြသော်လည်း မည်သူမျှ လက်တွေ့ တိုက်ခိုက်ရန် မဝံ့ရဲကြပေ။
အကြောင်းရင်းတစ်ခုသာ ရှိသည် ရှောင်ချီ လျှပ်စီးကန်ထဲမှ ရုန်းထွက်လာခဲ့သည့်နေ့က သူပြသခဲ့သော အရှိန်အဝါမှာ အင်မတန် ပြင်းထန်လှသဖြင့် သူတို့၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေသောကြောင့် ဖြစ်သည်။
ဖြောင်း ရှောင်ချီသည် သူ၏ ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် လှည့်ပတ်လိုက်ပြီး လေထဲသို့ လက်ဝါးဖြင့် အသာအယာ ရိုက်ထုတ်လိုက်သည်။ ဖြောင်းခနဲ မြည်သံနှင့်အတူ လျူချန်းအာမှာ လွင့်ထွက်သွားတော့သည်။
ဂျွတ်... စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ကျန်းချီနင်နှင့် ဂိုဏ်းချုပ် ဝူသောက်ကျီတို့ မတုံ့ပြန်နိုင်ခင်မှာပင် ရှောင်ချီ၏ နောက်ထပ် တိုက်ခိုက်မှုမှာ ရောက်ရှိလာခဲ့ပြီ။
ရှောင်ချီ၏ လက်ဝါးထဲမှ လျှပ်စီးတိုင်တစ်ခု ပေါက်ကွဲထွက်လာပြီး အကြီးအကဲ ကျန်းချီနင်၏ ရင်ဘတ်ကို ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ထိုးဖောက်သွားတော့သည်။
လက်မောင်းခန့် တုတ်သော လျှပ်စီးတိုင် သည် အကြီးအကဲ၏ ခန္ဓာကိုယ်ထဲတွင် အရူးအမူး လှည့်ပတ်နေပြီး သူ၏ အတွင်းကလီစာအားလုံးကို ကြေမွလုနီးပါး ဖြစ်သွားစေသည်။
"ဒီကောင်လေး... မင်း ဘယ်လိုတောင် ရဲတင်းရတာလဲ" ဂိုဏ်းချုပ်သည် ရှေ့သို့ အမြန်တိုးလာပြီး အပြာရောင် တောက်ပနေသော လျှပ်စီးတိုင်ကို သူ၏ လက်ဝါးဖြင့် အသာအယာ ဖမ်းဆုပ်လိုက်သည်။
ဝူသောက်ကျီက အားအနည်းငယ် စိုက်လိုက်သည်နှင့် လျှပ်စီးတိုင်မှာ ချက်ချင်းပင် ပျက်စီးသွားပြီး ရွှေရောင် အလင်းတန်းများအဖြစ် ဟာလာဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
ပျောက်ကွယ်သွားသော လျှပ်စီးတိုင်နှင့်အတူ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခုသည် ရှောင်ချီ၏ ခန္ဓာကိုယ်ဆီသို့ ပြန်လည် ရိုက်ခတ်သွားသည်။
"ဝေါ့..." ရှောင်ချီသည် ရုတ်တရက် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။
ရှောင်ချီ... မင်း တကယ်ကို ရဲတင်းလှချည်လား ငါ့ရှေ့မှာတင် ဝိညာဉ်ဓားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို သတ်ရဲတယ်ပေါ့။
ရှောင်ချီကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့သော်လည်း ဂိုဏ်းချုပ် ဝူသောက်ကျီ၏ စိတ်ထဲတွင် ဒေါသမှာ မပြေသေးပေ။ ဒါက တကယ့်ကို အရှက်ရစရာပင်။
ဝူသောက်ကျီသည် ရှောင်ချီကို ထိုနေရာမှာတင် အသေသတ်ပစ်ချင်နေပြီ သို့သော် သူ၏ နောက်က ကျန်းချီနင်မှာ သေအံ့ဆဲဆဲ ဖြစ်နေပြီဖြစ်ရာ အချိန်မီ မကယ်တင်နိုင်ပါက ထိုနေရာမှာတင် သေဆုံးသွားနိုင်ပေသည်။
ဝူသောက်ကျီသည် ရှောင်ချီကို အမုန်းတရားများဖြင့် တစ်ချက်ကြည့်ကာ လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး တောင်သခင် တစ်ဦး၏ လက်ထဲမှ သေအံ့ဆဲဆဲ ကျန်းချီနင်ကို လွှဲပြောင်းယူလိုက်သည်။
ဝိညာဉ်ဓားဂိုဏ်းက တောင်သခင်တွေ အကြီးအကဲတွေနဲ့ တပည့်အားလုံး ငါ့အမိန့်ကို နားထောင်ကြ အခု ငါ့ရဲ့ဝိညာဉ်ဓားဂိုဏ်းချုပ် အာဏာနဲ့ ရှောင်ချီကို သတ်ဖို့ သတ်မိန့်ထုတ်ပြန်လိုက်တယ်။
ငါတို့ ဝိညာဉ်ဓားဂိုဏ်းက ဘယ်တပည့်မဆို ရှောင်ချီကို သတ်နိုင်တယ်။ ရှောင်ချီကို သတ်နိုင်တဲ့သူကို ဝိညာဉ်ကျောက်တုံး သုံးသောင်း၊ ဂိုဏ်းရဲ့ အဆင့်မြင့်ဆုံး ကျင့်စဉ်နဲ့ ဂိုဏ်းရဲ့ အထူးဂုဏ်ဆောင်ရာထူးကို ဆုလာဘ်အဖြစ် ပေးမယ်။
ဝူသောက်ကျီ၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
ဝူသောက်ကျီ၏ ဒေါသကို တုံ့ပြန်သည့်အလား ဝိညာဉ်ဓားဂိုဏ်း၏ အထက်ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများ စုစည်းလာတော့သည်။
ဝူသောက်ကျီသည် ကျန်းချီနင်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားနေရသဖြင့် ရှောင်ချီကို ကိုင်တွယ်ရန် အချိန်မရှိပေ။ ထို့ကြောင့် သူက ဂိုဏ်း၏ သတ်မိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်က တပည့်များနှင့် အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် လောဘဟု ခေါ်သော အလင်းတန်းများ တောက်ပလာကြသည်။
ဝူသောက်ကျီ ကတိပေးထားသော ဆုလာဘ်မှာ တကယ့်ကို ကြီးကျယ်လှသည် သာမန်တပည့်တစ်ဦးအတွက် ထိုအရာများကို ရရှိခဲ့လျှင် ကောင်းကင်သို့ ပျံတက်နိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့် တောင်သခင်များသည် အလွန်ပင် တည်ငြိမ်နေကြသည် ထိုဆုလာဘ်များက သူတို့အတွက်လည်း ဆွဲဆောင်မှုရှိသော်လည်း သူတို့၏ အသက်ကို ရင်းရလောက်သည်အထိတော့ မတန်ဟု ယူဆထားကြသည်။
ရှောင်ချီ၏ ရှေ့တွင် သူများအတွက် အကာအကွယ်အဖြစ် အရင်ပြေးဝင်ပြီး အပစ်ခံရမည့်အစား အခြေအနေကို စောင့်ကြည့်ပြီး အချက်အချာကျသော အချိန်တွင်မှ ရှောင်ချီကို အသေသတ်ရန် အခွင့်အရေးရှာခြင်းက ပိုကောင်းလိမ့်မည်။
"မြန်မြန်... အကြီးအကဲ ဇီယီကို သွားရှာချေ အကြီးအကဲ ကျန်းချီနင်ရဲ့ ဒဏ်ရာက အရမ်းပြင်းထန်နေပြီ ဇီယီတစ်ယောက်ပဲ ကုနိုင်လိမ့်မယ် ထင်တယ်" ဝူသောက်ကျီသည် ကျန်းချီနင်၏ အသက်ကို ဆက်ရန် သူ၏ ဝိညာဉ်စွမ်းအားကို သုံးနေရသည် သို့သော် သူသည် ကုသခြင်းပညာတွင် မကျွမ်းကျင်ပေ။ အကြီးအကဲကို အမှန်တကယ် ကယ်တင်ချင်လျှင် ဇီယီကိုယ်တိုင် လာမှဖြစ်ပေလိမ့်မည်။
"အား... ကယ်ကြပါဦး ကျွန်မရဲ့ ကလေးလေးကို ကယ်ပေးကြပါ"
သို့သော် အခြေအနေမှာ တင်းမာနေပြီး ဝိညာဉ်ဓားဂိုဏ်း တပည့်များက ရှောင်ချီကို တဖြည်းဖြည်း ဝိုင်းရံလာစဉ်မှာပင် နောက်ဘက်မှ သနားစရာကောင်းသော မိန်းမပျိုတစ်ဦး၏ အော်သံ ထွက်ပေါ်လာသည်။
လူတိုင်း ထိုအသံကြောင့် နောက်လှည့်ကြည့်လိုက်ကြသည်။ ခရမ်းရောင်တိမ်တိုက်တောင်၏ ကျောက်တောအုပ်ထဲတွင် လျူချန်းအာသည် မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှ သွေးနီရောင်များ စိမ့်ထွက်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ သူမ၏ ပါးပြင်ပေါ်တွင် လက်ဝါးရာတစ်ခုကို မှိန်ပျပျ တွေ့နေရဆဲဖြစ်ပြီး အင်မတန် သနားစရာကောင်းသော အခြေအနေပင်။
"ကျေးဇူးပြုပြီး... ရှင့်တို့ကို တောင်းပန်ပါတယ်။ မြန်မြန်... ကျွန်မရဲ့ ကလေးလေးကို မြန်မြန် ကယ်ပေးကြပါ"
လျူချန်းအာသည် ကောင်းကင်ယံရှိ ရာနှင့်ချီသော ဂိုဏ်းသားများကို အားနည်းစွာ ကြည့်လိုက်ပြီး သူမ၏ အကြည့်ထဲတွင် အသနားခံမှုများ အပြည့်ပါနေသည်။
ဒါက သူမနဲ့ ယဲ့ဖန်တို့ရဲ့ ချစ်ခြင်းရလဒ် မဟုတ်ပါလား မိခင်တစ်ယောက်အနေနဲ့ သူမရဲ့ ပထမဆုံးရင်သွေးကို ဒီအတိုင်း အဆုံးရှုံးမခံနိုင်ပေ။
ဂလု... အကြီးအကဲများနှင့် တပည့်အများအပြားမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး အခြေအနေမှာ ခဏမျှ တင်းမာသွားသည်။
သူတို့ ရှောင်ချီကို အရင်သတ်ရမလား ဒါမှမဟုတ် လျူချန်းအာကို အရင်ကယ်ရမလား ဆိုတာကို ဝေခွဲမရ ဖြစ်နေကြသည်။
စီနီယာအစ်ကို ယဲ့ဖန်က ကျွန်တော့်ရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်၊ သူ့ရဲ့ ကလေးက ကျွန်တော့်ရဲ့ တူလေးပဲ စီနီယာအစ်မ လျူ... မစိုးရိမ်ပါနဲ့ ကျွန်တော် လာကယ်ပါပြီ။
ရွှေအမြုတေအဆင့်သို့ ခုမှ ရောက်ရှိထားသော တပည့်ပျိုတစ်ဦးသည် တွန့်ဆုတ်မနေဘဲ ကျောက်တောအုပ်ထဲရှိ လျူချန်းအာဆီသို့ တိုက်ရိုက် ဦးတည် ပျံသန်းသွားတော့သည်။
ရှူး... ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။ ထိုတပည့်သည် လျူချန်းအာ၏ ဘေးသို့ မရောက်ခင်မှာပင် ရွှေရောင်အလင်းတန်းက သူ၏ ဦးခေါင်းကို ဖောက်ထွက်သွားတော့သည်။ သူ၏ ခေါင်းမှ သွေးစ၊ အသားစများမှာ ကျောက်တောအုပ် မြေပြင်ပေါ်သို့ ပန်းထွက်သွားတော့သည်။
"သူမကို ဘယ်သူပဲ ကယ်ကယ် ငါ သတ်မယ်" ရှောင်ချီ၏ အေးစက်သော အသံမှာ ခရမ်းရောင်တိမ်တိုက်တောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ သူသည် သူ၏ လည်ပင်းကို စောင်းလိုက်ရာ ရှေးဟောင်းခေတ်က ထွက်ပေါ်လာသော မိစ္ဆာတစ်ကောင်နှင့် တူနေတော့သည်။
ရှောင်ချီ မင်းက လူမှဟုတ်ရဲ့လား မမွေးရသေးတဲ့ ကလေးလေးကိုတောင် မင်းက မညှာဘူးလား။
ဟုတ်တယ် ဒါက မမွေးရသေးတဲ့ ကလေးလေးလေ မိစ္ဆာတစ်ကောင်တောင် ဒီလိုအလုပ်မျိုး မလုပ်ဘူး။
ရှောင်ချီ မင်း တကယ်ပဲယောကျ်ားဖြစ်ရင် စီနီယာအစ်မ လျူကို သွားခွင့်ပြုလိုက်ပါ သူမ ဆေးကုသမှု ခံယူပါရစေ။
ပတ်ဝန်းကျင်က တပည့်များသည် ရှောင်ချီကို ဒေါသတကြီး ကြည့်ကာ ဝိုင်းဝန်း စွပ်စွဲ ပြစ်တင်နေကြသည်။ အချို့က သူ့ကို ကျိန်ဆဲနေကြသလို အချို့ကလည်း ရှောင်ချီ၏ အရှက်မရှိမှုနှင့် ရက်စက်မှုကို ကဲ့ရဲ့နေကြတော့သည်။အခန်း (၇၅) သူမကို ဘယ်သူပဲကယ်ကယ် ငါ သတ်မယ်

ပတ်ဝန်းကျင်က တပည့်များသည် ရှောင်ချီကို ဒေါသတကြီး ကြည့်ကာ ဝိုင်းဝန်း စွပ်စွဲ ပြစ်တင်နေကြသည်။ အချို့က သူ့ကို ကျိန်ဆဲနေကြသလို အချို့ကလည်း ရှောင်ချီ၏ အရှက်မရှိမှုနှင့် ရက်စက်မှုကို ကဲ့ရဲ့နေကြတော့သည်။