အခန်း (၇၂) မင်းဆရာကို မြင်တာတောင် ဘာလို့ လမ်းမဖယ်ပေးတာလဲ
"မင်း ဒီမှာလာပြီး စောင်းမြောင်းပြောနေစရာ မလိုဘူး ငါ ဘာလုပ်နေလဲဆိုတာ ငါအသိဆုံးပဲ"
ငါနဲ့ ညီမလေး မူဝမ်အာက စကားပြောလို့ တည့်သွားလို့ မောင်နှမအဖြစ် ကတိသစ္စာ ပြုထားကြတာ။ ငါ ဒီနေ့ ဒီကိုလာတာက ကျင့်စဉ်ရေးရာတွေ ဆွေးနွေးဖို့ပဲရှိတယ်။
"ဒါနဲ့ မင်းကရော ဂိုဏ်းချုပ် ရာထူးဆက်ခံတဲ့နေ့တုန်းက ဝူသောက်ကျီဘိုးဘေးရဲ့ မျက်နှာကို မထောက်ဘဲ လူအများရှေ့မှာ ဂိုဏ်းကနေ ထွက်သွားခဲ့တာလေ။ အခုမှ ဘယ်မျက်နှာနဲ့ ပြန်လာတာလဲ။
ဘိုးဘေး ဝူသောက်ကျီက မင်းကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီလို့ လူသိရှင်ကြား ကြေညာထားပြီးသား အခု မင်းက လေလွင့်နေတဲ့ အခြေအနေမဲ့ တစ်ယောက်ပဲ။ ငါနဲ့ ညီမလေးကို ငြင်းခုံဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ။
ကျန်းယွမ်ဟု အမည်ရသော တပည့်အရင်း သည် ရှေ့သို့ တစ်လှမ်းတက်ကာ မူဝမ်အာကို အခိုင်အမာ ကာကွယ်ပေးလိုက်သည်။ သူသည် ရှောင်ချီကို ရန်လိုသော အမူအရာဖြင့် စိုက်ကြည့်နေပြီး အကယ်၍ ရှောင်ချီက မူဝမ်အာအပေါ် မကောင်းသတင်း တစ်ခွန်းထပ်ပြောလျှင် ချက်ချင်း တိုက်ခိုက်တော့မည့်ပုံပင်။
"စီနီယာအကိုကျန်း အာဏာပြပုံက တကယ့်ကို ကြီးကျယ်ပါပေတယ် ဂိုဏ်းချုပ်က ငါ့ကို ဂိုဏ်းက ထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ မင်းနဲ့ ဘာဆိုင်လို့လဲ"
ဒါက ခရမ်းရောင်တိမ်တိုက်တောင်ပဲ ငါ ဒီတောင်ကနေ မထွက်သွားခင်အထိ ဒါက ငါ့နယ်မြေပဲ။ ငါ့နယ်မြေပေါ်မှာ ငါ့ကို ဒီလိုစကားပြောရင် ဘာဖြစ်မလဲဆိုတာ မင်းစဉ်းစားဖူးလား။
ပြီးတော့ ငါမှတ်မိသလောက်ဆိုရင် ဒီမူဝမ်အာက ယဲ့ဖန်ရဲ့ မိန်းမမဟုတ်လား သူဂိုဏ်းမှာ မရှိတဲ့အချိန်မှာ မင်းက သူ့ကို ဦးချိုတပ်ပေးနေတာ (ဖောက်ပြန်နေတာ) ပေါ့လေ။
အကယ်၍ ငါသာ မင်းတို့ရဲ့ ဖောက်ပြန်မှုကို လူတကာ သိအောင် ဖြန့်လိုက်ရင် ယဲ့ဖန်က မင်းကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စဉ်းစားကြည့်ဖူးလား။
ရှောင်ချီသည် ကျန်းယွမ်ကို အေးဆေးသော မျက်နှာထားဖြင့် ကြည့်ကာ နောက်ပြောင်ကျီစယ်သော အမူအရာဖြင့် မေးလိုက်သည်။
မလုပ်ပါနဲ့ ဂျူနီယာမောင်လေး စီနီယာအစ်ကိုကျန်းယွမ်နဲ့ ကျွန်မကြားမှာ တကယ်ပဲ ဘာမှမရှိပါဘူး ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ယဲ့ဖန်ကို သွားမပြောပါနဲ့နော်။
ကျန်းယွမ် တစ်ခုခု မပြောနိုင်ခင်မှာပင် မူဝမ်အာမှာ ပျာပျာသလဲ ဖြစ်သွားသည်။ သူမသည် ရှောင်ချီ၏ အင်္ကျီလက်ကို အမြန်ဆွဲကာ စိုးရိမ်တုန်လှုပ်သော မျက်နှာဖြင့် အသနားခံတော့သည်။
မူဝမ်အာအတွက် ယဲ့ဖန်သည် သူမ၏ အရာအားလုံး ဖြစ်သည် သူမ သူ့ကို လုံးဝ အဆုံးရှုံးမခံနိုင်ပေ။
ဒါပေမဲ့ မကြာသေးခင်က သူမမှာ ရန်သူတွေ အရမ်းများလာပြီး လူတိုင်းက သူမကို နင်းခြေချင်နေကြသည်။ ယဲ့ဖန်ကလည်း ဂိုဏ်းကို ခဏခဏ ပြန်မလာသဖြင့် မူဝမ်အာသည် အားကိုးရမည့် နောက်ခံအသစ်တစ်ခုကို ရှာဖွေရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
သို့သော် ဤသည်မှာ ကျင့်စဉ်လောက ဖြစ်သည် တစ်ခုခု ရချင်လျှင် အရင်ဆုံး အဖိုးအခ ပေးရမည် မဟုတ်ပါလား။
ထို့ကြောင့် မူဝမ်အာသည် ဂိုဏ်းတွင် အဆင့်အတန်း အရှိဆုံးဖြစ်သော စီနီယာအစ်ကိုကျန်းယွမ်ကို ရှာဖွေကာ သူမ၏ ခန္ဓာကိုယ်ကို အဖိုးအခအဖြစ် ပေး၍ သူ၏ အကာအကွယ်ကို လဲလှယ်ယူခဲ့ခြင်း ဖြစ်သည်။
ဒါက သူမ၏ အလုံခြုံဆုံး လျှို့ဝှက်ချက်ဖြစ်သော်လည်း သူမ အမုန်းဆုံးဖြစ်သည့် တတိယဂျူနီယာမောင်လေးရှောင်ချီက တွေ့သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဝမ်အာ မင်း သူ့ကို ကြောက်နေစရာ မလိုဘူး။ ငါတို့က အပြစ်ကင်းတာပဲ တခြားသူတွေရဲ့ အတင်းအဖျင်းကို ဘာလို့ ကြောက်နေမှာလဲ။
ပြီးတော့ ရှောင်ချီ မင်းက မင်းကိုယ်မင်း ဘယ်လောက် အလေးချိန်ရှိတယ်လို့ ထင်နေတာလဲ။
ငါ ကျင့်စဉ်မှာ အောင်မြင်မှုတွေ ရနေတဲ့ အချိန်တုန်းက မင်းက သူတောင်းစားပုံထဲမှာ လူးလိမ့်နေတုန်းပဲ။
မင်းက ဂိုဏ်းရဲ့နတ်ဘုရားသားတော် ခဏ လုပ်ခဲ့ရရုံနဲ့ အခု ဒီမှာ ငါ့ကို လာပြီးဆရာကြီး လုပ်နေတာလား နောက်ဆုံးတော့လည်း မင်းက အမှိုက်လို အပယ်ခံလိုက်ရတာပဲ မဟုတ်လား မင်းကို ဘယ်သူက ဒီလောက် သတ္တိတွေ ပေးထားတာလဲ။
ပြောပြောဆိုဆိုဖြင့် ကျန်းယွမ်၏ ခန္ဓာကိုယ်မှ ဝိညာဉ်အသွင်ပြောင်းအဆင့်၏ ဖိအားများ ပေါက်ကွဲထွက်လာပြီး ရှောင်ချီကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
တပည့်အရင်း များသည် အကြီးအကဲရာထူးကို မယူထားကြပေ။ သူတို့ တစ်ဦးချင်းစီမှာ သက်ဆိုင်ရာ တောင်များ၏ ရတနာများ ဖြစ်ကြပြီး အများစုမှာ သူတို့ ဆရာ၏ ရာထူးကို ဆက်ခံကာ နောက်ထပ် တောင်သခင်ဖြစ်လာမည့်သူများ ဖြစ်သည်။
ထို့ကြောင့် ကျန်းယွမ်သည် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း သူသည် တပည့်အရင်း အဆင့်အတန်းမှာပင် ရှိနေဆဲ ဖြစ်သည်။
"ဟက်... ဘယ်သူက ငါ့ကို သတ္တိတွေ ပေးထားတာလဲ ဟုတ်လား မေးခွန်းကောင်းပဲ" ရှောင်ချီသည် သူ၏မျက်နှာကို လက်ဖြင့် အသာအုပ်ကာ ခပ်တိုးတိုး ရယ်လိုက်သည်။
ထို့နောက် သူ၏ လက်ဝါးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ရာ မမြင်ရသော စွမ်းအားတစ်ခုက ကျန်းယွမ်၏လည်ပင်းကို ရစ်ပတ်သွားသည်။
၎င်းက ကျန်းယွမ်၏ လည်ချောင်းကို တင်းကျပ်စွာ ညှစ်ထားသဖြင့် ကျန်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တစ်စုံတစ်ခု၏ ဆွဲတင်ခြင်းကို ခံရကာ လေထဲသို့ ဖြည်းဖြည်းချင်း မြောက်တက်သွားတော့သည်။
ကျန်းယွမ်၏ ခန္ဓာကိုယ်မှာ ဟာလာဟင်းလင်း ပြင်ပတွင် အဆက်မပြတ် ရုန်းကန်နေပြီး သူ၏ လက်များဖြင့် လည်ပင်းနားက လေထုကို အသည်းအသန် ကုတ်ခြစ်နေမိသည်။
"ဂျူနီယာမောင်လေး ဘာလုပ်နေတာလဲ ရူးသွားပြီလား ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တာက ဘယ်လောက်ကြီးတဲ့ အပြစ်လဲဆိုတာသိရဲ့လား"
"ပြီးတော့ စီနီယာအစ်ကို ကျန်းယွမ်က ဘာမှ အများကြီး ပြောတာ မဟုတ်ပါဘူး သူက ပုံမှန်အတိုင်း စကားပြောနေတာလေ။ဘာလို့ ဒီလောက် ဒေါသကြီးနေရတာလဲ"
သူမ အားကိုးရမည့် နောက်ခံအသစ်မှာ ရှောင်ချီ၏ တစ်ကွက်တည်းဖြင့်ပင် မခံနိုင်သည်ကို မြင်သောအခါ မူဝမ်အာ၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။
သို့သော် သူမ ချက်ချင်း သတိပြန်ဝင်လာကာ ရှောင်ချီ၏ ဘေးသို့ ပြေးသွားပြီး တားဆီးရန် ကြိုးစားတော့သည်။
ဖြောင်း... ပြင်းထန်သော လက်ဝါးရိုက်သံနှင့်အတူ မူဝမ်အာမှာ ရှောင်ချီ၏ အခြားလက်တစ်ဖက်ဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရပြီး လွင့်ထွက်သွားတော့သည်။
မင်းတို့ နှစ်ယောက်လုံးက တစ်ယောက်က အမှိုက် နောက်တစ်ယောက်က အရှက်မရှိတဲ့ မိန်းမမင်းတို့ ဘာပဲလုပ်လုပ် ငါနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ငါ့လမ်းကို ပိတ်ဖို့ ဘယ်သူက မင်းတို့ကို အခွင့်အာဏာ ပေးထားလို့လဲ။
မင်းတို့ရဲ့ ဒီရွံစရာကောင်းတဲ့ ကိစ္စတွေကို ယဲ့ဖန် ဖြေရှင်းဖို့ပဲ ချန်ထားလိုက်ပါ အစကတည်းက ငါနဲ့မဆိုင်ဘူး နောက်တစ်ခါကျရင် မျက်လုံးကို သေချာသုံးဖို့မှတ်ထားပါ။
မင်းတို့ ဆရာ တောင်ပေါ်ကို တက်လာတာ မြင်ရင် ဘေးမှာကပ်ရပ်ပြီး အသက်ဘေးက လွတ်ဖို့အမြီးနန့်ပြီး တောင်းပန်တာက ပိုကောင်းလိမ့်မယ်။
ရှောင်ချီသည် လေထဲတွင် မြောက်နေသော ကျန်းယွမ်ကို အနီးအနားရှိ တောင်ကမ်းပါးယံများဆီသို့ အားပြင်းပြင်းဖြင့် လွှဲပစ်လိုက်သည်။ တောင်ကုန်းငယ် သုံးခုကို ဆင့်ကဲ ရိုက်မိပြီးနောက်တွင်မှ သူ ရပ်တန့်သွားတော့သည်။
ကျန်းယွမ်သည် သွေးတစ်လုတ် ထွေးထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းကာ ရှောင်ချီကို မယုံကြည်နိုင်သလို ကြည့်နေမိသည်။
ရှောင်ချီက အစွမ်းထက်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ပါသည် သူထက်တောင် ပိုစွမ်းကောင်း စွမ်းလိမ့်မည် ဘာပဲဖြစ်ဖြစ် ရှောင်ချီက ဂိုဏ်းရဲ့သူတော်စင်ဖြစ်ခဲ့ဖူးပြီး ပါရမီလည်း ရှိသည် မဟုတ်ပါလား။ ဒါပေမဲ့ ရှောင်ချီက ဒီလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရှောင်ချီနှင့် ရင်ဆိုင်ရသည်မှာ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်မှာ အကြာကြီး ရပ်တန့်နေတဲ့ တောင်သခင်တွေနဲ့ ရင်ဆိုင်ရသလိုပဲ အနှိုင်းမဲ့တဲ့ စွမ်းအားကြီးကို ခံစားနေရသလိုပင်။
ကျန်းယွမ်သည် ရှောင်ချီ၏ မျက်လုံးများကို မကြည့်ရဲတော့ဘဲ ခေါင်းလွှဲထားလိုက်သည်။
ကျင့်စဉ်လောကသည် အမြဲတမ်း အစွမ်းထက်သူကိုသာ ရိုသေကြသည်။ အကယ်၍ ရှောင်ချီက သူထက် အနည်းငယ်သာ သာလွန်လျှင် သူ တိုက်ခိုက်ဖို့ ဒါမှမဟုတ် စကားပြောဖို့ ခွန်အား ရှိနေပါသေးသည်။
ဒါပေမဲ့ အခု ရှောင်ချီ ပြသလိုက်တဲ့ စွမ်းအားက သူ့ရဲ့ဆရာနဲ့ အဆင့်တူလောက် ဖြစ်နေပြီ။ သူ ငြိမ်ငြိမ်လေး နေနေတာကပဲ အကောင်းဆုံး ဖြစ်လိမ့်မည်။
ရှောင်ချီသည် သူတို့နှစ်ဦးကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။ သူသည် လင်ယုရှု၏ လက်ကလေးကို ဆွဲကာ သူ၏ နတ်ဘုရားဂူဆီသို့ လျှောက်သွားတော့သည်။
သူသည် ဂူထဲမှ အသုံးအဆောင်ဟောင်း အချို့ကို အရင်ဆုံး သိမ်းဆည်းရန် စီစဉ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူ ထိုနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် စွန့်ခွာရမှာ နှမြောစရာကောင်းသည့် ပစ္စည်းအချို့ ရှိနေသည် မဟုတ်ပါလား။
ထို့နောက်မှ သူသည် လင်ယွင်၏ ဂူသို့ သွားကာ အခြေအနေကို ရှင်းပြပြီး ဆရာတပည့် ဆက်ဆံရေးကို အပြတ်ဖြတ်မည် ဖြစ်သည်။ အနာဂတ်တွင် သူသည် ရန်ငြိုးများကို ဖြေရှင်းပြီး ကျေးဇူးရှိသူကို ကျေးဇူးဆပ်မည် ဖြစ်သည်။
သူ၏ အတိတ်ဘဝက နာကျည်းချက်တွေနဲ့ ဒီဘဝက ဆယ်နှစ်ကြာ အကျဉ်းကျခဲ့ရတဲ့ ကိစ္စတွေအတွက် တစ်နေ့နေ့မှာ စာရင်းရှင်းရမည် ဖြစ်သည်။ သူ ရှောင်ချီက သူတော်စင်လည်း မဟုတ်ဘူး အနစ်နာခံမယ့်သူလည်း မဟုတ်ဘူး ရန်ငြိုးရှိရင် ကလဲ့စားချေရမှာက သူ့ရဲ့ လမ်းစဉ်ပဲ။
လင်ယွမ်က သူ့အပေါ် ထားခဲ့တဲ့ ကျေးဇူးတွေကို သူ အတိတ်ဘဝတုန်းက အသက်နဲ့ လဲပြီး ဆပ်ခဲ့ပြီးပြီ ဒီဘဝမှာတော့ သူ လင်ယွင်နတ်သမီးအပေါ် ဘာမှ အကြွေးမတင်တော့ဘူး။
"စီနီယာအစ်ကို... ဒါတွေက အစ်ကို သူတောင်းစားဘဝတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေလား တကယ်ကို စုတ်ပြတ်နေတာပဲ ဘာလို့ အခုထိ သိမ်းထားတာလဲ"
ရှောင်ချီ၏ ဂူအတွင်းတွင် လင်ယုရှုသည် ဟောင်းနွမ်းနေသော သေတ္တာတစ်ခုထဲမှ စုတ်ပြတ်နေသော သူတောင်းစား အဝတ်အစားတစ်စုံကို ထုတ်ယူလိုက်သည်။
သူမသည် ထိုအဝတ်အစားများကို ကိုင်ကာ အမြဲတမ်း စစ်ဆေးကြည့်နေပြီး ရှောင်ချီ၏ ခန္ဓာကိုယ်နှင့်လည်း တစ်ခါတစ်ရံ တိုင်းကြည့်နေမိသည်။
"ကိုယ်ဘယ်ကလာသလဲဆိုတာကို အမြဲ သတိရနေမှသာ ကိုယ့်ရဲ့ မူလရည်မှန်းချက်တွေကို မမေ့မှာပေါ့" ရှောင်ချီသည် ထိုအဝတ်အစားများကို ယူကာ သေချာကြည့်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။
ရှောင်ချီသည် ဝိညာဉ်ဓားဂိုဏ်းတွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့သော်လည်း ကိုယ်ပိုင် သိုလှောင်လက်စွပ် တစ်ကွင်းတောင် မရှိခဲ့ဖူးပေ။
ရှင်းယွဲ့ ဘိုးဘေးကြီးဆီမှာ တပည့်ခံပြီးပြီးချင်းမှာပဲ သူမက သူ့ကို မိုင်တစ်ရာ ပတ်လည် ကျယ်ဝန်းတဲ့ သိုလှောင်လက်စွပ်တစ်ကွင်း လက်ဆောင်ပေးခဲ့သည် မဟုတ်ပါလား။
နှိုင်းယှဉ်ကြည့်လျှင် သူသည် အတိတ်တုန်းက ဘယ်သူမှ ဂရုမစိုက်တဲ့ သနားစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့ရသည်မှာ တကယ်ကို ရင်နာစရာပင်။