အခန်း (၇၀) ဝိညာဉ်ဓားဂိုဏ်းသို့ ပြန်လာခြင်း
ရွှေကြာပန်းတွင် ကြာပွင့်ဖတ် (၁၂) ဖတ်ရှိပြီး ၎င်းထံမှ ရွှေရောင်အလင်းစက်များ လွင့်ပျံ့နေကာ ကြည့်ရှုသူကို အလွန်နွေးထွေးပြီး သက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
"စီနီယာအစ်ကို ဒါက ဘာရတနာလဲ ဒီမှော်ရတနာထဲက ဝိညာဉ်စွမ်းအင်က တကယ်ကို သိပ်သည်းလွန်းတယ်။ သူ့ဘေးမှာ ရပ်နေရုံနဲ့တင် ညီမလေးရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေက အရှိန်အဟုန်နဲ့ တိုးတက်လာသလိုပဲ" လင်ယုရှုသည် ရှောင်ချီ၏ လက်ထဲရှိ ရွှေရောင်ကြာပန်းကို မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
ဒါက ကျိသောက်ရွှေကြာပန်းလို့ ခေါ်တယ်။ ကြာပွင့်ဖတ် စုစုပေါင်း (၁၂) ဖတ်ရှိပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်သန္ဓေအဆီအနှစ်တွေနဲ့ ဝိညာဉ်စွမ်းအင်တွေ ကိန်းအောင်းနေတာ။
ဒီရွှေကြာပန်းက ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပြီး တိုက်ခိုက်မှုတွေကို ခုခံနိုင်ရုံတင်မကဘူး၊ ကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအရှိန်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။
ဒါပေါ့ ရွှေကြာပန်းရဲ့ အစွမ်းထက်ဆုံး အချက်ကတော့ တိုက်စစ်ပဲ။ သူ့ရဲ့ ကြာပွင့် (၁၂) ပွင့်က တာအိုလက်နက်(၁၂) ခုအဖြစ် ပြောင်းလဲနိုင်ပြီး ရန်သူကို သဲလွန်စမကျန်ဘဲ ချက်ချင်း သုတ်သင်နိုင်စွမ်း ရှိတယ်။
တိုက်စစ်၊ ခုခံစစ်၊ အထောက်အကူပြု နည်းလမ်းတွေအပြင် ဝိညာဉ်ကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းတွေမှာပါ ဒါက မှော်ရတနာတွေထဲမှာ ထိပ်တန်းအဆင့် ပစ္စည်းတစ်ခုပဲ။
ဒီရွှေကြာပန်းကို အိမ်မှာထားထား ခရီးထွက်ထွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုလို့ သတ်မှတ်လို့ရတယ် တိုက်စစ်ရော ခုခံစစ်ပါ ပေါင်းစပ်ထားတဲ့ ကောင်းကင်ကို ဆန့်ကျင်တဲ့မှော်ရတနာပဲ။
ရှောင်ချီသည် လေထဲတွင် ဝဲပျံနေသော ရွှေကြာပန်းကို လက်မထောင်ပြရင်း အမွှန်းတင် ချီးကျူးနေတော့သည်။
"ခဏလေးပါဦး စီနီယာအစ်ကို ဒီမှော်ရတနာက ကျောက်စိမ်းသန့်စင်ပုလင်းထက်တောင် ပိုတန်ဖိုးရှိတယ်ဆိုရင် ကျောက်စိမ်းကညာဂိုဏ်းက ဒါကို အစ်ကို့ကို ဘာလို့ ပေးရတာလဲ ဒါက သဘာဝမကျဘူး။ တစ်ခုခု ကြံစည်ထားတာများလား" ရွှေယွမ်က သူမ၏ မေးစေ့ကို ကိုင်ကာ အစဉ်တစိုက် စဉ်းစားနေသည်။
သူမ၏ ဦးနှောက်မှာ ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်။
"အဟမ်း..."
ငါက ကျောက်စိမ်းကညာဂိုဏ်းရဲ့ ဘိုးဘေးကြီးကို ဆရာအဖြစ် တပည့်ခံလိုက်ပြီလေ။ အခုဆိုရင် ငါ့ရဲ့ အဆင့်အတန်းက ကျောက်စိမ်းကညာဂိုဏ်းချုပ်နဲ့ အဆင့်တူ ဒါမှမဟုတ် သူထက် တစ်ဆင့်တောင် မြင့်ရင် မြင့်နေဦးမှာ။
ရှောင်ချီသည် အရင်ဆုံး ချောင်းတစ်ချက်ဟန့်ကာ အနေရခက်စွာ ပြောလိုက်သည်။
"ဘာ စီနီယာအစ်ကိုက တခြားဂိုဏ်းကို တကယ် ပြောင်းလိုက်တာလား ညီမလေးကိုလည်း ဘာမှ မပြောဘူး။ အစ်ကိုက ညီမလေးကို စွန့်ပစ်တော့မှာလား" ဤစကားကို ကြားလိုက်ရသောအခါ မိန်းကလေးငယ်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူမ၏ ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ဖြစ်သွားသည်။
သူမသည် ရှောင်ချီကို အလွန်ပင် ဝမ်းနည်းကြေကွဲသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"သီအိုရီအရ ပြောရရင်တော့ ငါက ကျောက်စိမ်းကညာဂိုဏ်းရဲ့ ဘိုးဘေးကြီးကို ဆရာအဖြစ် လက်ခံလိုက်ပြီဆိုတော့ လင်ယွင် နဲ့ ဆရာတပည့် ဆက်ဆံရေးကို ဖြတ်ရမယ် ငါတို့ရဲ့ မောင်နှမတော်စပ်မှုကလည်း ပျက်ပြယ်သွားမှာပေါ့။
"ဒါပေမဲ့ စိတ်ချပါ ငါ့မှာ ဘယ်လိုဆရာပဲ ရှိရှိ ငါ့မှာ ညီမလေး တစ်ယောက်ပဲရှိတယ် အဲ့ဒါက မင်းပဲ လင်ယု"
မိန်းကလေးငယ်၏ အလွန်ဝမ်းနည်းနေသော ပုံစံကို မြင်သောအခါ ရှောင်ချီသည် သူ၏ လက်ကြီးဖြင့် သူမ၏ နုနယ်လှပသော ပါးပြင်လေးကို အသာအယာ ဆွဲလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
ထိုအချိန်တွင် မိန်းကလေးငယ်မှာ မင်သက်ကာ ရပ်နေမိပြီး သူမ၏ စီနီယာအစ်ကိုကို မယုံကြည်နိုင်သလို ကြည့်နေမိသည် -ငါ့စီနီယာအစ်ကိုက ငါ့ကိုအချိုသတ် စကားတွေ ပြောနေတာလား ဒီနေ့က ဘာနေ့မို့လို့လဲ နေက အနောက်ဘက်က ထွက်လာတာလား။
အမြဲတမ်း ထုံထုံအအနဲ့ စကားပြောကြမ်းတဲ့ စီနီယာအစ်ကိုက ဒီနေ့ကျမှ ဘာလို့ ဒီလောက် စကားအပြောကောင်းနေရတာလဲ။
မိန်းကလေးငယ်၏ စိတ်ထဲတွင် မေးခွန်းထုတ်စရာများစွာဖြင့် ပြည့်နှက်နေသော်လည်း စီနီယာအစ်ကို၏ ညင်သာသော စကားများကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို သူ၏ ထူးဆန်းသော အပြုအမူကြောင့်လည်း အံ့သြနေမိသည်။
နောက်ဆုံးတော့လည်း ညီမလေးရဲ့ လက်ရာက အရမ်းကောင်းတာကိုး။ ညီမလေးရဲ့ တစ်နေ့ သုံးနပ်စာ လက်ရာသာ မရှိရင် ငါ့ဘဝက တကယ်ကို တစ်ခုခု လိုအပ်နေသလို ဖြစ်နေမှာ။
သို့သော် ရှောင်ချီ၏ နောက်တစ်ခွန်းက မိန်းကလေးငယ်၏ စိတ်ကူးယဉ်အိပ်မက်ကို ရိုက်ခွဲလိုက်ပြီး လှပသော စိတ်ကူးထဲမှ လက်တွေ့လောကသို့ ဆွဲခေါ်လိုက်ပြန်သည်။
"ဒါပေါ့ စီနီယာအစ်ကိုကတော့ စီနီယာအစ်ကိုပါပဲ အမြဲတမ်း ဘာမှနားမလည်ဘဲ စကားပြောကြမ်းတဲ့ စီနီယာအစ်ကိုပဲ" လင်ယုရှုသည် စိတ်ထဲမှ သက်ပြင်းချကာ လက်လျှော့လိုက်တော့သည်။
"အစ်ကို မှော်ရတနာ ရပြီဆိုတော့ အခု ဘယ်ကို သွားမှာလဲ" လင်ယုရှုက နှုတ်ခမ်းဆူကာ စိတ်ကောက်သလို မေးလိုက်သည်။
ရှောင်ချီသည် သူ၏ ညီမလေးကို အံ့သြစွာ ကြည့်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။ သူမ ခုနလေးတင် ရှက်နေသေးတာလေ အခု ဘယ်လိုလုပ် မျက်နှာက ချက်ချင်း ပြန်အေးစက်သွားတာလဲ။
ဒီညီမလေးမှာ တစ်ခုခု စိတ်ဝေဒနာရှိနေတာလား မသိဘူး နောက်တစ်ခါကျရင် ကျင့်စဉ်လောကထဲက နာမည်ကြီး ဆရာဝန်တစ်ယောက်ကို ခေါ်ပြီး သူမမှာ ဘာရောဂါရှိသလဲဆိုတာ ပြကြည့်ရမယ်ဟု ရှောင်ချီသည် စိတ်ထဲမှ တွေးလိုက်သော်လည်း သူ၏ မျက်နှာပေါ်က အပြုံးမှာမူ မပြောင်းလဲပေ။
အရင်ဆုံး ဝိညာဉ်ဓားဂိုဏ်းကို ပြန်ကြတာပေါ့ ငါက ရှင်းယွဲ့ ဘိုးဘေးကြီးကို ဆရာအဖြစ် တပည့်ခံဖို့ ကတိပေးထားတာဆိုတော့ လင်ယွင်နဲ့ ဆရာတပည့် ဆက်ဆံရေးကို အမြန်ဆုံး ဖြတ်တာ အကောင်းဆုံးပဲ။
ဘာပဲဖြစ်ဖြစ် သူမကို ကြည့်ရတာ ငါ စိတ်ပျက်တယ် သူမရဲ့ တပည့်အဖြစ် တစ်ရက် ပိုနေရတာတောင် ငါ့အတွက် တကယ်ကို နေရခက်စေတယ်။
ပြီးတော့ ဟိုရွံစရာကောင်းတဲ့ စီနီယာအစ်မ နှစ်ယောက်နဲ့လည်း ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး ဒီနေ့ကစပြီး သူတို့က ငါတို့အတွက် နှစ်ခါထက်မက တွေ့ဖူးတဲ့ သူစိမ်းတွေပဲ။
ရှောင်ချီက လက်သီးလက်မောင်းတန်းကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဒါကို တွေးကြည့်ရုံတင် သူ အလွန်ကျေနပ်နေသည် မဟုတ်ပါလာ။
ဒါပေမဲ့... ဒါပေမဲ့ သူတို့က ငါတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား စီနီယာအစ်ကိုရဲ့ စိတ်က အရမ်းမာလွန်းတယ်။ အစ်ကို ဂိုဏ်းက ထွက်လာတုန်းက ဂိုဏ်းချုပ်ကိုလည်း စော်ကားခဲ့တာလေ။ ငါတို့ ပြန်သွားရင် သူတို့က အစ်ကို့ကို ဖမ်းထားမှာကို ညီမလေး စိုးရိမ်တယ်။
မိန်းကလေးငယ်သည် သူမ၏ လက်ချောင်းလေးများကို ပွတ်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ရှောင်ချီ ဂိုဏ်းမှ ထွက်ခွာစဉ်က မောက်မာခဲ့သော အမူအရာကို ပြန်သတိရမိသဖြင့် လင်ယုရှုမှာ ယခုအခါ စိုးရိမ်ထိတ်လန့်နေမိသည်။
လက်ရှိတွင် ရှောင်ချီ၌ ဝိညာဉ်ဓားဂိုဏ်းအတွင်း ရန်သူပေါင်း များစွာ ရှိနေသည်။ ဝိညာဉ်ဓားဂိုဏ်းမှ ထွက်ခွာနိုင်ခြင်းမှာ ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း ဆရာတပည့် ဆက်ဆံရေး ဖြတ်တောက်ရန် ပြန်သွားသည့်အခါ ပြဿနာကြီးကြီးမားမား ကြုံတွေ့ရမည်ကို သူမ ကြောက်ရွံ့နေမိခြင်း ဖြစ်သည်။
"အဲ့ဒါက တကယ်တော့ ပြဿနာပဲ ဒါပေမဲ့ လက်ရှိ ဝိညာဉ်ဓားဂိုဏ်းထဲမှာ အကြီးအကဲချုပ်သာ ဝင်မပါရင် ငါ့အတွက် ဘေးကင်းကင်းနဲ့ ထွက်လာဖို့ဆိုတာ ပြဿနာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ့ဘေးမှာ ဒီမှော်ရတနာ ရှိနေပြီပဲ"
ရှောင်ချီက အလေးအနက် ခေါင်းညိတ်လိုက်သည်။ သူ၏ ညီမလေး စိုးရိမ်နေသော ပြဿနာမှာ တကယ် ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ဒါပေမဲ့ သူပြန်လည်မွေးဖွားလာကတည်းက ဘယ်တုန်းကမှ သာယာတဲ့ လမ်းကို လျှောက်ခဲ့ရတာ မဟုတ်ဘူး။ ပထမ ရက်အနည်းငယ်တုန်းက ကံကြမ္မာရှင်ပိုင်ရှင်ဆီက ဖိအားတွေကြောင့် သူ ညဘက်တောင် အိပ်မပျော်ခဲ့ဘူး။
အခု သူ့မှာ အစွမ်းရော မှော်ရတနာပါရှိနေပြီဆိုတော့ သူ ဘာလို့ကြောက်နေရဦးမှာလဲ ဒါဆိုရင် သူ ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာတွေ ဒုက္ခခံခဲ့တာတွေက ဘာအတွက်လဲ
သေချာပြင်ဆင်ပြီးနောက် မောင်နှမနှစ်ယောက်သည် ဝိညာဉ်ဓားဂိုဏ်းရှိရာဘက်သို့ အမြန် ခရီးနှင်ခဲ့ကြသည်။
ဤတစ်ကြိမ်တွင်လည်း ရှောင်ချီကသာ ဓားကို ထိန်းချုပ်ကာ ပျံသန်းခြင်းဖြစ်သည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ပိုမြင့်မားသဖြင့် ခရီးသွားနှုန်းမှာ သူ၏ ညီမလေးထက် အများကြီး ပိုမြန်သည်။
နှစ်နာရီ မပြည့်ခင်မှာပင် ရှောင်ချီသည် ရွှေယွမ်ကို ဝိညာဉ်ဓားဂိုဏ်း၏ တောင်တံခါးဝသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။
သူတို့ ခရီးထွက်ခဲ့သည်မှာ ရှစ်ရက် ကိုးရက်ခန့် ရှိပြီဖြစ်သည်။ ဝိညာဉ်ဓားဂိုဏ်းမှာ သိသိသာသာ ပြောင်းလဲမှုမျိုး မရှိသေးပေ။
ဂိုဏ်းချုပ် ဝူသောက်ကျီရာထူးပြန်ရပြီးနောက်တွင် သူသည် အချို့သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည်။
ရှောင်ချီ ဂိုဏ်းသို့ ချဉ်းကပ်သွားသောအခါ တပည့်အများစုမှာ လုပ်ငန်းဆောင်တာ အမျိုးမျိုးတွင် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသည်။
အချို့မှာ ဂိုဏ်းချုပ် ဝူသောက်ကျီ၏ ရုပ်တုများကို ကမ်းပါးယံများပေါ်တွင် ထွင်းထုနေကြသည် ဂိုဏ်းချုပ် ဝူသောက်ကျီသည် သူ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူစဉ်က အကြောင်းအရာများကို နောင်လာနောက်သားများ မှတ်မိစေရန် ဤရုပ်တုများဖြင့် မှတ်တမ်းတင်လိုခြင်း ဖြစ်သည်ဟုဆိုကြသည်။
အခြား တပည့်များမှာမူ ဂိုဏ်း၏ အကြီးစား ဝင်္ကပါကို လေ့ကျင့်နေကြသည် ဂိုဏ်းအတွင်း ဝင်္ကပါအသစ်တစ်ခုကို စီစဉ်ထားပုံရသည်။ ဤတပည့်များ လေ့ကျင့်နေကြသည်မှာ ဤဝင်္ကပါ၏ တိုက်စစ်နှင့် ခုခံစစ် နည်းလမ်းများ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆေးဖော်ဆောင် နှင့် လက်နက်သွန်းလုပ်ဆောင်တို့တွင်လည်း လူအများအပြား အလုပ်ရှုပ်နေကြသည်။ ဂိုဏ်းချုပ် ဝူသောက်ကျီ ဂိုဏ်းချုပ်ရာထူး ပြန်ရပြီးနောက်တွင် သူသည် ဝိညာဉ်ဓားဂိုဏ်းအတွက် အော်ဒါအမှာစာများစွာကို ရယူပေးနိုင်ခဲ့ပုံရသည်။
ပြင်ပဂိုဏ်းတပည့်များ ဖော်စပ်ထားသော သာမန် ဆေးလုံးများနှင့် အရည်အသွေးနိမ့် ဝိညာဉ်လက်နက်များမှာ ကျင့်စဉ်လောက၏ ဈေးကွက်များတွင် ရောင်းချရန် ဖြစ်ပေလိမ့်မည်။
ကျင့်စဉ်လောကတွင် လွတ်လပ်သော ကျင့်ကြံသူ အများအပြားသည် ဂိုဏ်းကြီးများမှ ကျင့်ကြံသူများ စွန့်ပစ်လိုက်သော မှော်ရတနာများနှင့် ဆေးလုံးများကို ဈေးကွက်များတွင် လိုက်လံရှာဖွေတတ်ကြသည်။
ထို့ကြောင့် ဤအရည်အသွေးနိမ့် ဆေးလုံးများနှင့် လက်နက်များမှာလည်း ထိုနေရာတွင် ဈေးကောင်းရနိုင်သည် မဟုတ်ပါလား။