အခန်း (၆၁) လျှပ်စီးရေကန်၏ နတ်ဘုရားအစွမ်း
ကျောက်စိမ်းကညာဂိုဏ်း၏ လေ့ကျင့်ရေးကွင်းအတွင်း၌ ယခုအချိန်တွင် အမျိုးသမီးကျင့်ကြံသူ တစ်သောင်းနီးပါး စုဝေးနေကြသည်။
ဂိုဏ်းအတွင်းရှိ တပည့်မအားလုံးနီးပါး ရောက်ရှိနေကြပြီး တရားထိုင်နေသည့် တပည့်အချို့ပင် သတင်းကြားသည်နှင့် ချက်ချင်း ပြေးလာကြခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်က ကျောက်စိမ်းကညာဂိုဏ်းကို လာရောက်စိန်ခေါ်နေပြီး ဂိုဏ်း၏ သူတော်စင်မက ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ထိုမောက်မာလှသော လူယုတ်မာကို လေ့ကျင့်ရေးကွင်း၌ သင်ခန်းစာပေးတော့မည် မဟုတ်ပါလား။
ဤကဲ့သို့သော ပွဲမျိုးမှာ တပည့်များစွာ၏ စိတ်ဝင်စားမှုကို ရရှိသည်မှာ မဆန်းပေ။
မင်းတို့ကျောက်စိမ်းကညာဂိုဏ်းရဲ့ တပည့်တွေက တကယ်ကို စည်းလုံးကြတာပဲ ရှောင်ချီက အောက်ဘက်က လူပင်လယ်ကြီးကို ကြည့်ကာ နောက်ပြောင်သလို ပြောလိုက်သည်။
သူတို့အားလုံးက ငါမင်းကို ဘယ်လို သင်ခန်းစာပေးမလဲဆိုတာ ကြည့်ဖို့ လာကြတာ မင်းက ဘယ်သူပဲဖြစ်ဖြစ် ဘယ်ဂိုဏ်းကပဲလာလာ ဒီနေ့ပြီးရင်တော့ မင်း အရှက်တကွဲ ဖြစ်ရတော့မှာပဲ။
ယွီလင်လုံသည် သူမ၏ ကျောက်စိမ်းကညာဓားကို အသာအယာ ပွတ်သပ်ရင်း ရှောင်ချီကို အထင်သေးသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
"မင်းက တော်တော် ယုံကြည်မှုရှိနေတာပဲလား မင်းက အဲ့လောက်တောင် သန်မာလို့လား ယဲ့ဖန်နဲ့ ယှဉ်ရင် ဘယ်လိုနေလဲ" သူမ၏ အောင်နိုင်သူ အမူအရာကို ကြည့်ပြီး ရှောင်ချီက စိတ်ဝင်တစား မေးလိုက်သည်။
ယခုဆိုလျှင် ရှောင်ချီသည် ကိစ္စရပ်တိုင်းနှင့် လူတိုင်းကို ယဲ့ဖန်နှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပေ။
ဤအခြေအနေမှာ ယဲ့ဖန်ကို အပြီးတိုင် သတ်ဖြတ်ပြီး သူ၏ စိတ်ထဲက စိတ်မိစ္ဆာကို ဖယ်ရှားနိုင်မှသာ ပြေလည်သွားပေလိမ့်မည်။
ကောင်းကင်ဘုံ၏ ရွေးချယ်ခံ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှသည်။ သူ့ကို အနိုင်ယူနိုင်သည်ဟု အကြွင်းမဲ့ ယုံကြည်ထားသော်လည်း အမျိုးမျိုးသော အကြောင်းရင်းများကြောင့် လွှမ်းမိုးခံရနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ရှောင်ချီသည် ယဲ့ဖန်ကို သူ၏ စိတ်ကူးယဉ် ပြိုင်ဘက်အဖြစ် အမြဲတမ်း သတ်မှတ်ထားခြင်း ဖြစ်သည်။
ငါက ယဲ့ဖန်ကိုတော့ မယှဉ်နိုင်သေးတာ အမှန်ပဲ။ ပြီးခဲ့တဲ့ ပြိုင်ပွဲတုန်းက သူက ငါ့ကို အကွက် ငါးဆယ်ကျော်မှာတင် အနိုင်ယူခဲ့တာ။
ဒါပေမဲ့ အခု ငါ့ရဲ့ ကျင့်စဉ်က ပိုပြီး တိုးတက်လာပြီ။ ယဲ့ဖန်နဲ့ ပြန်တွေ့ရင်တောင် ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး။
ယွီလင်လုံသည် သူမ၏ ဓားကို တောက်ပြောင်လာသည်အထိ တိုက်ချွတ်လိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်း ထရပ်ကာ ဓားကို ရှောင်ချီထံ ချိန်ရွယ်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်တော့သည်။
ဟက်... ကံကြမ္မာရှင်ရဲ့ အနောက်မှာ ကျန်ခဲ့တဲ့သူက ဘယ်တော့မှ လိုက်မီမှာမဟုတ်ဘူး။ ငါက မင်းနဲ့ တိုက်ခိုက်ပြီး ယဲ့ဖန်ရဲ့ အစွမ်းကို ခန့်မှန်းကြည့်မလို့ပါ။
ဒါပေမဲ့ အခုကြည့်ရတာ မင်းက စမ်းသပ်ကျောက်တုံးလေးတောင် ဖြစ်ဖို့ မထိုက်တန်ပါဘူး ရှောင်ချီက ယွီလင်လုံအပေါ် စိတ်ပျက်သွားကာ နောင်တရသလို ပြောလိုက်သည်။
"နင်..." ယွီလင်လုံ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ရှောင်ချီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမသည် ငယ်စဉ်ကတည်းက ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။
သူမကို စမ်းသပ်ကျောက်တုံးတောင် မထိုက်တန်ဘူးဟု ပြောခံရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
"ကျောက်စိမ်းကညာဓားသိုင်း" ယွီလင်လုံက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူမ လက်ထဲက ဓားရှည်မှာ လက်ဖဝါးထဲတွင် လျင်မြန်စွာ လည်ပတ်နေပြီး ဖျတ်လတ်သော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
ပြင်းထန်လှသော ဓားစွမ်းအင်များမှာ မိုးသက်မုန်တိုင်းကဲ့သို့ ရှောင်ချီထံသို့ ကျဆင်းလာတော့သည်။ ထိုဓားစွမ်းအင်များသည် ရှောင်ချီကို လုံးဝ ပိတ်ဆို့ထားကာ ရှောင်တိမ်းရန် နေရာလပ်မကျန်အောင် ဖန်တီးထားသော ဓားဝင်္ကပါတစ်ခုကဲ့သို့ပင်။
"လင်ရှောင်ဓားသိုင်း တတိယပုံစံ - စွမ်းအင်ဖြင့် ဓားကိုထိန်းချုပ်ခြင်း" ရှောင်ချီက လက်ညှိုးကို အသာအယာ မြှောက်လိုက်ရာ ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။
သူ၏ခါးရှိ ဓားရှည်မှာ ဝူးခနဲ အသံနှင့်အတူ ကောင်းကင်ယံသို့ပျံတက်သွားသည် တစ်ချိန်တည်းမှာပင် လေ့ကျင့်ရေးစင်မြင့် ပတ်ပတ်လည်ရှိ တပည့်များ၏ ခါးမှ ဓားများအားလုံးသည်လည်း အိမ်ထဲမှ လွင့်ထွက်လာကာ ရှောင်ချီ၏ ဓားနှင့်အတူ စီတန်းရပ်တည်လိုက်ကြသည်။
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဓားရိပ်များနှင့် ယွီလင်လုံ၏ ဓားစွမ်းအင်များ ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြတော့သည်။
သူမ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်များမှာ ရေကြီးနေသော မြစ်ထဲက ရွှံ့နွံများကဲ့သို့ ခဏချင်းအတွင်း ပျက်စီးသွားရတော့သည်။
ယွီလင်လုံမှာ အံ့အားသင့်နေစဉ်မှာပင် ဓားပေါင်း တစ်ထောင်နီးပါးက သူမ၏ ခန္ဓာကိုယ်ထံသို့ အမျိုးမျိုးသော ထောင့်များမှ ကျဆင်းလာသည်။
ထိုဓားများက ယုလုံလင်၏ လည်ပင်းလေးကို ဖြတ်တော့မည့် ဆဲဆဲတွင် လေထဲက ပျံသန်းနေသော ဓားများအားလုံးသည် တစ်စုံတစ်ယောက်က မှော်နှင့် တားဆီးထားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" ယွီလင်လုံ၏ လက်များမှာ အားပျော့ကာ ဘေးသို့ ကျသွားပြီး လက်ထဲက ဓားမှာလည်း မြေပြင်ပေါ်သို့ ဒိုင်းခနဲ ပြုတ်ကျသွားတော့သည်။
မင်းရဲ့အရည်အချင်းက မဆိုးပါဘူး ဒါပေမဲ့ မင်းရဲ့ကျင့်စဉ်အဆင့်က နည်းနည်း နိမ့်နေသေးတာ နှမြောစရာပဲ မင်းရဲ့ ကျင့်စဉ်က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှာပဲ ရှိသေးတာ ဒါပေမဲ့ မင်းရဲ့အခြေခံကို ကြည့်ရရင် အဆင့်လတ်ကို တက်ဖို့ နီးစပ်နေပြီပဲ
ဒီအဆင့်နဲ့တော့ ငါ့ကိုမယှဉ်နိုင်ပါဘူး ကျောက်စိမ်းကညာဂိုဏ်းကတော့ တကယ်ကို ဆုတ်ယုတ်သွားပြီပဲ။
ရှောင်ချီက မြေပြင်ပေါ်တွင် ပုံကျနေသော ယွီလင်လုံနှင့် စင်မြင့်ပတ်ပတ်လည်က တပည့်များကို ကြည့်ကာ နောင်တရသလို ပြောလိုက်သည်။
"ဒီလူက ဘယ်သူလဲ ဘယ်လိုတောင် မောက်မာရဲတာလဲ"
"စစ်သည်တော်ဆိုတာ အရှက်ခွဲခံရတာထက် အသေခံတာက ပိုမြတ်တယ် ငါ့ကို မတားနဲ့ ငါ သူ့ကို အသက်နဲ့လဲပြီး တိုက်မယ်"
"ငါတို့ရဲ့သူတော်စင်မက ဘယ်တုန်းက ဒီလောက်အထိ အားနည်းသွားတာလဲ တစ်ကွက်တည်းနဲ့ ရှုံးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး"
အောက်ဘက်ရှိ ကျောက်စိမ်းကညာဂိုဏ်း တပည့်များကြားတွင် အချို့ကရူးသွပ်သလို ဖြစ်နေကြပြီး အချို့က ဒေါသထွက်နေကြကာ အချို့ကတော့ မယုံကြည်နိုင်စွာဖြင့် ခေါင်းကို လက်နှင့်အုပ်ပြီး ငိုင်နေကြသည်။
မင်း ကိုယ့်ကိုယ်ကိုယ် အားမလျှော့ပါနဲ့ မင်းက ငယ်ပါသေးတယ်။ ပြောရရင် မင်းရဲ့ အသက်က ငါ့ညီမလေးနဲ့ သိပ်မကွာဘူး။ ဒီလောက်အထိ စွမ်းဆောင်နိုင်တာဟာ ဂုဏ်ယူစရာ တစ်ခုပါပဲ။
ရှောင်ချီက စင်မြင့်ပေါ်တွင် စိတ်ဓာတ်ကျနေသော ယွီလင်လုံကို အားပေးစကား ပြောရန် ပြင်လိုက်သည်။
ဝူး... ထိုစဉ်မှာပင် ရှောင်ချီ၏ အနောက်ဘက်မှ ဓားရိပ်တစ်ခု လျှပ်ခနဲ ပေါ်လာပြီး သူ၏ နောက်ကျောကို ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
ဒေါင်း ရှောင်ချီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းတစ်ခု ချက်ချင်း ပေါ်လာပြီး ထိုခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
သို့သော် ရှောင်ချီ အနောက်သို့ လှည့်မကြည့်ရသေးမီမှာပင် ဓားရိပ်များစွာက အရပ်မျက်နှာ အသီးသီးမှ သူ့ကို ဝိုင်းဝန်း တိုက်ခိုက်လာကြတော့သည်!
ကျောက်စိမ်းကညာဂိုဏ်း တပည့်များအားလုံး၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသည်။ သူတို့သည် မြေပြင်ပေါ်က ဓားများကို ကောက်ယူကာ ရှောင်ချီထံသို့ ပြေးဝင်လာကြသည်။ သူတို့ဂိုဏ်းကို အရှက်ခွဲခဲ့သော ဤလူကို အပိုင်းပိုင်း ပိုင်းပစ်ချင်နေကြခြင်း ဖြစ်သည်။
ရှောင်ချီမှာ ဤအခြေအနေကြောင့် အံ့အားသင့်သွားရသည်။ သူက သာမန်အတိုင်း ယှဉ်ပြိုင်ခဲ့ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ဤတပည့်မလေးများ၏ စိတ်ဓာတ်များ ဤမျှအထိ ပြိုလဲသွားရသနည်း။
ဘာလို့ ဒီလိုတွေ လုပ်နေကြတာလဲ ငါက မင်းတို့ ကျောက်စိမ်းကညာဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။
ဒါပေမဲ့ ဒီအခြေအနေမှာတော့ ငါလည်း ပြန်တုံ့ပြန်ရတော့မှာပဲ ရှောင်ချီက သက်ပြင်းချလိုက်သည်။ ဒေါသထွက်နေသော မျက်နှာများနှင့် ကောင်းကင်ယံရှိ ဓားရိပ်များကို ကြည့်ပြီး ယနေ့ကိစ္စမှာ ငြိမ်းချမ်းစွာ ပြီးဆုံးမည်မဟုတ်ကြောင်း သူ သိလိုက်သည်။
"တော်စမ်းပါ နင့်ရဲ့ ဟန်ဆောင်မှုတွေကို ငါတို့က စိတ်ပျက်နေပြီ"
"ငါတို့ သူတော်စင်မကို စော်ကားရဲတယ်ပေါ့ ဒီနေ့တော့ နင့်ရဲ့ ခေါင်းနဲ့ ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူမယ်"
"ငါတို့ ဝိုင်းတိုက်တယ်လို့ အပြစ်မတင်နဲ့ ဒါဟာ နင်ကိုယ်တိုင် မောက်မာပြီး စော်ကားတဲ့ စကားတွေ ပြောခဲ့လို့ပဲ"
ဆူညံသံများက လေထုထဲတွင် ပြည့်နှက်သွားသည်။ ကျောက်စိမ်းကညာဂိုဏ်း တပည့်များသည် ရှောင်ချီကို ဓားနှင့်ဝိုင်းရွယ်ထားကြပြီး ပါးစပ်ကလည်း ဆဲဆိုသူက ဆဲဆိုသူတို့၏ လုပ်ရပ်အတွက် အကြောင်းပြချက် ရှာသူက ရှာနှင့် ရှုပ်ထွေးနေတော့သည်။
"လျှပ်စီးရေကန်" ရှောင်ချီက မျက်လုံးကို အသာအယာ ပိတ်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားတော့သည်။
လျှပ်စီးများသည် အပြာရောင်နှင့် ခရမ်းရောင်များ ရောယှက်နေပြီး လှိုင်းထနေသော မြစ်ရေများကဲ့သို့ အပြင်သို့ တိုးထွက်သွားသည်။
ခဏချင်းအတွင်းမှာပင် လေ့ကျင့်ရေးစင်မြင့်တစ်ခုလုံးမှာ လျှပ်စီးရေပြင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
စင်မြင့်အောက်တွင် ကြည့်နေသော တပည့်များမှာ ဘာမှမဖြစ်သော်လည်း သူတော်စင်မအတွက် လက်စားချေရန် စင်မြင့်ပေါ်သို့ ပြေးတက်လာသူများမှာတော့ ဘေးဒုက္ခနှင့် တွေ့ကြတော့သည်။
လျှပ်စီးနှင့် ထိတွေ့မိသည်နှင့် သူတို့၏ ခန္ဓာကိုယ်များမှာ မည်းတူးသွားပြီး အဝတ်အစားများမှာလည်း လျှပ်စီးဒဏ်ကြောင့် မီးကျွမ်းကာ မီးသွေးခဲများကဲ့သို့ ဖြစ်ကုန်တော့သည်။
သို့သော် စင်မြင့်ပေါ်တွင် လှပသော မြင်ကွင်းများအစား မည်းတူးနေသော မြင်ကွင်းများသာ ပြည့်နှက်နေသည်။ တပည့်ပေါင်း တစ်ထောင်နီးပါးမှာ ကျောက်မီးသွေးတွင်းထဲမှ အခုတင် ထွက်လာသော မီးသွေးခဲများကဲ့သို့ ဖြစ်သွားပြီး သူတို့၏ ရုပ်ရည်ကိုပင် ခွဲခြား၍ မရတော့ပေ။