အခန်း (၅၉) ယုလင်လုံ ကိုယ်တိုင် တောင်အောက်ဆင်းလာခြင်း
ဒါတွေအားလုံးဟာ ဒီအဘွားကြီးက တပည့်ကို သေသေချာချာ မဆုံးမနိုင်ခဲ့လို့ပါ။
ဂိုဏ်းချုပ်အနေနဲ့ ဒေါသကို လျှော့ပါရှင် ဒါပေမဲ့ကျွန်မရဲ့ တပည့်ဟာအမြဲတမ်း လိမ်မာယဉ်ကျေးခဲ့ပြီး ဘယ်လို အမှားကြီးကြီးမားမားမှ မကျူးလွန်ခဲ့ပါဘူး။
သူမကို တောင်နောက်ဘက်မှာ ဆယ်နှစ်တိတိ ပိတ်လှောင်ထားဖို့ဆိုတာ နည်းနည်းတော့ မသင့်တော်ဘူးထင်ပါတယ်။
ဂိုဏ်းချုပ်အနေနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ဒီအဘွားကြီးကပဲ တပည့်ကိုယ်စား အပြစ်ဒဏ်ကို ခံယူပါရစေ ကျွန်မက အသက်ကြီးနေပြီဖြစ်လို့ အသက်ရှင်ဖို့ နှစ်အနည်းငယ်ပဲ ကျန်ပါတော့တယ်။
တောင်နောက်ဘက်မှာ ဆယ်နှစ်ပိတ်ခံရလည်း နောက်ဆုံးတော့ ခြောက်သွေ့နေတဲ့ အရိုးစုတစ်ခုပဲ တိုးလာမှာပါ။
အကယ်၍ ဂိုဏ်းချုပ်က သဘောတူရင် ကျွန်မကပဲ တပည့်ကိုယ်စား တောင်နောက်ဘက်ကို သွားပါရစေ။
ယုချင်ဟု ခေါ်သော အဘွားအိုသည် ဦးညွှတ်ကာ စိတ်ရင်းမှန်ဖြင့် ပြောဆိုလိုက်သည်။
ယုလင်လုံသည် သူမ၏ ဆရာကို အံ့သြတကြီး ကြည့်လိုက်မိသည် အမြဲတမ်း တင်းမာခက်ထန်ပြီးဘယ်တော့မှ နွေးထွေးမှု မပြခဲ့သော ထိုလူက သူမအတွက် အခုလို ရှေ့ထွက်ပြောပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမကိုယ်စား အပြစ်ဒဏ်ခံဖို့တောင် ကမ်းလှမ်းခဲ့သည် မဟုတ်ပါလား။
ဟမ့် ကျွန်မကိစ္စ ကျွန်မဘာသာ ဖြေရှင်းပါ့မယ် ရှင်ကျွန်မကိုယ်စား လုပ်ပေးစရာ မလိုပါဘူးပြီးတော့ သူမမှာ ကျွန်မကို အကျဉ်းချပိုင်ခွင့်လည်းမရှိဘူး။
ယုလင်လုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ဆရာကို တွဲထူကာ ဘေးတွင် ရပ်နေလိုက်သည်။
သူတော်စင်မ. မင်းရဲ့ဆရာက ဘယ်လောက်တောင် သဘောထားကြီးသလဲဆိုတာ ကြည့်စမ်း ပြီးတော့ မင်းကိုယ်မင်း ပြန်ကြည့်ဦး။
မင်းက ဘယ်လောက်ပဲ ပါရမီထူးထူး ဒီလောက်အထိတော့ မောက်မာစရာ မလိုဘူး
ဒီနေ့ကိစ္စအတွက်တော့ မင်းရဲ့ဆရာ့မျက်နှာကို ထောက်ပြီး ငါ ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။
ချင်းချန်တောင်က ကိစ္စကို ငါတို့ ဒီအတိုင်း ကြည့်မနေသင့်ဘူးလို့ မင်း ခုနက ပြောခဲ့တယ်နော်။ ဒါဆို ဘာလုပ်သင့်တယ်လို့ မင်း ထင်သလဲ။
အောက်က အဘွားအိုက သူမကို မျက်နှာသာ ပေးလိုက်သဖြင့် ဂိုဏ်းချုပ်သည်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ အကြောင်းအရာကို တိုက်ရိုက် ပြောင်းလဲလိုက်တော့သည်။
အခု ဂိုဏ်းက အရေးမယူသေးတာက သူဟာ မျိုးဆက်သစ်လူငယ်တစ်ယောက် ဖြစ်နေလို့ပဲ။
တောင်အောက်မှာ ပြဿနာရှာနေတဲ့ကလေးက ဘယ်သူ့တပည့်ပဲဖြစ်ဖြစ် ငါတို့ဂိုဏ်းက စီနီယာကျွမ်းကျင်သူတွေကို လွှတ်လိုက်ရင် လူကြီးက လူငယ်ကို နှိပ်စက်တယ်ဆိုပြီး လှောင်ပြောင်တာ ခံရလိမ့်မယ်။
ဒါကြောင့် ကျွန်မပဲ သွားပြီး စမ်းကြည့်ပါရစေ သူက ဘယ်လောက်အထိ သန်မာလို့လဲ ယဲ့ဖန်နဲ့ ရင်ပေါင်တန်းနိုင်လောက်တဲ့ အရည်အချင်းရှိလားဆိုတာ ကျွန်မသိချင်တယ်။
သူတော်စင်မသည်လည်း ပါးနပ်သူဖြစ်သဖြင့် ရှေ့က မနှစ်မြို့ဖွယ်ကိစ္စများကို ပြန်မပြောတော့ဘဲ ဂိုဏ်းချုပ်၏ မေးခွန်းကို တိုက်ရိုက် ဖြေကြားလိုက်သည်။
မျိုးဆက်သစ်တွေကြားက ကိစ္စကို မျိုးဆက်သစ်ချင်း ဖြေရှင်းတာက အကောင်းဆုံးပါပဲ။
ဒါပေမဲ့ မင်း ရှုံးသွားရင် ငါတို့ ကျောက်စိမ်းကညာဂိုဏ်းရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာ မဟုတ်ဘူးလား။
ကျွန်မက ကျောက်စိမ်းကညာဂိုဏ်းရဲ့ သူတော်စင်မဖြစ်ပေမဲ့ ရှုံးမှာကို ကြောက်တဲ့သူ မဟုတ်ပါဘူး။ ဂိုဏ်းခုနစ်ဂိုဏ်း ပြိုင်ပွဲတုန်းကလည်း ကျွန်မ ထိပ်တန်းသုံးယောက်ကို ရှုံးခဲ့တာပဲမဟုတ်လား။
ဒါ့အပြင် ကျွန်မက ငယ်ပါသေးတယ်။အကယ်၍ ကျွန်မနိုင်ရင် ကျောက်စိမ်းကညာဂိုဏ်းရဲ့ ဂုဏ်သိက္ခာ တက်လာမယ် ရှုံးရင်လည်း ရှက်စရာမဟုတ်ပါဘူး။
ယုလင်လုံ၏ စကားကို ကြားသောအခါ အထက်ထိုင်ခုံမှ ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်သည်။
ဒါဆိုရင်တော့ ကောင်းပြီ။ ငါကိုယ်တိုင်လည်း မင်းရဲ့နောက်ကနေ လိုက်ခဲ့ပေးမယ်။
အကြီးအကဲ ရှင်လည်း ရှင့်ဘက်ကနေ မြန်မြန်လုပ်ပါ။ သုံးရက်အတွင်း အဲ့ဒီကလေးရဲ့ နောက်ခံကို စုံစမ်းပေးပါ။
အချိန်ကျရင် သူ့ရဲ့ ဂိုဏ်းကို အကြောင်းကြားပြီး သူတို့ဘာသာ ဖြေရှင်းခိုင်းမယ် ငါတို့ကတော့ ဘေးကနေ အေးအေးဆေးဆေး ကြည့်နေရုံပဲ။
ဆုံးဖြတ်ချက် ချပြီးနောက် ဂိုဏ်းချုပ်နှင့် ယုလင်လုံတို့သည် ခမ်းမထဲမှ အတူတူ ထွက်လာကြပြီး တောင်အောက်သို့ ပျံသန်းသွားကြတော့သည်။
ခမ်းမထဲတွင် ကျန်ရစ်ခဲ့သော တပည့်မလေးများကတော့ တိုးတိုးတိုးတိုးဖြင့် အတင်းပြောနေကြတော့သည်။
"ဂိုဏ်းချုပ်နဲ့ သူတော်စင်မက အခုတစ်ခါ ဘာတွေ ကြံစည်နေကြတာလဲ"
"သူတို့က နေ့တိုင်း ရန်ဖြစ်နေကြတာပဲ ရန်ဖြစ်လို့ ဘာထူးမှာလဲ"
"ဂိုဏ်းချုပ်ရော သူတော်စင်မရော နှစ်ယောက်လုံးက ပါးနပ်တဲ့သူတွေပါ။ ဒါဟာ သူတို့ တစ်ယောက်ကိုတစ်ယောက် စမ်းသပ်နေကြတာပဲ ဖြစ်မှာပါ"
မိန်းမသုံးယောက်ရှိလျှင် ပွဲဖြစ်သည်ဟု ဆိုရိုးရှိရာ ခမ်းမထဲတွင် အမျိုးသမီး ဆယ်ဂဏန်းခန့် စုဝေးနေခြင်းမှာ ပြဇာတ်ကြီး တစ်ခုကဲ့သို့ပင်။
"စီနီယာအစ်ကို... ကျွန်မတို့ ဒီကနေ အမြန်ထွက်သွားရင် မကောင်းဘူးလား ဒီနေရာက သိပ်မကောင်းသလိုပဲ။
ပြီးတော့ အစ်ကိုက ကျောက်စိမ်းကညာဂိုဏ်း တစ်ခုလုံးကို စိန်ခေါ်ပြီး အရမ်း မောက်မာနေတာပဲ!သူတို့ ပြန်တိုက်ခိုက်လာရင် ကျွန်မတို့ ထွက်ပြေးဖို့တောင် အချိန်ရမှာမဟုတ်ဘူး။
စီနီယာအစ်ကိုက ဒီနှစ်တွေမှာ လျှပ်စီးရေကန် ထဲမှာ အပြစ်ပေးခံနေရတာဆိုတော့ ကျောက်စိမ်းကညာဂိုဏ်းအကြောင်း သိပ်မသိလောက်ဘူး။
ကျောက်စိမ်းကညာဂိုဏ်းဆိုတာ ဘယ်သူမဆို လာပြီး နှိပ်စက်လို့ရတဲ့ ဂိုဏ်းသေးလေး မဟုတ်ဘူး အမျိုးသမီးတွေချည်းပဲ တည်ထောင်ထားပြီး ဝေနိုင်ငံတော်ရဲ့ ဂိုဏ်းကြီး (၇) ဂိုဏ်းထဲမှာ ပါဝင်နိုင်တာကိုကြည့်ရင် သူတို့ရဲ့ အစွမ်းက ဘယ်လောက်ရှိမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။
အတိတ်မှာပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ် ကျောက်စိမ်းကညာဂိုဏ်းဟာ ကျွန်မတို့ ဝိညာဉ်ဓားဂိုဏ်းထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။
အရင်တုန်းက ကျွန်မတို့ဂိုဏ်းက စေတီကိုပဲ အားကိုးပြီး နာမည်ထိန်းထားခဲ့ရတာ။ လွန်ခဲ့တဲ့ ၁၀ နှစ်မှာ ဆရာသခင်လင်ယွီ လူမြင်ကွင်းကို ပြန်ထွက်လာပြီး လူယုတ်မာတချို့ကို နှိမ်နင်းလိုက်တော့မှ အခြေအနေ ပြန်ကောင်းလာတာ။
ပြီးတော့ ယဲ့ဖန်ဆိုတဲ့ အကောင်က အပြင်မှာ နာမည်ကြီးလာတော့မှ ကျွန်မတို့ ဝိညာဉ်ဓားဂိုဏ်းက ဂိုဏ်းကြီး (၇) ဂိုဏ်းထဲမှာ နာမည်ပြန်ရလာတာ။
ထိုစားသောက်ဆိုင်၏ မျက်စိတစ်ဆုံးရှိ တည်းခိုခန်းတစ်ခုတွင် လင်ယုရှုသည် ကုတင်ဘေးတွင် ထိုင်ကာ ကုတင်ပေါ်တွင် တရားမှတ်နေသော ရှောင်ချီကို ကြည့်ပြီး လေးလေးနက်နက် ပြောနေရှာသည်။
"ဪ... ညီမလေးက ကျောက်စိမ်းကညာဂိုဏ်းအကြောင်း အတော်လေး သိတာပဲလား" ရွှေယွမ်၏ စကားကို ကြားသောအခါ ရှောင်ချီက စိတ်ဝင်တစား ရှိလာသည်။
သူ ဒီကို လာရခြင်း ရည်ရွယ်ချက်က ကျောက်စိမ်းကညာဂိုဏ်း၏ တောင်စောင့် မှော်ရတနာကို ရယူရန်ဖြစ်သည်။
ယခု ကျောက်စိမ်းကညာဂိုဏ်း၏ အတွင်းရေးများကို သိထားရခြင်းမှာ သူ၏ အနာဂတ် အစီအစဉ်များအတွက် သေချာပေါက် အထောက်အကူ ဖြစ်ပေလိမ့်မည်။
"သတင်းတွေအရဆိုရင် ကျောက်စိမ်းကညာဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ နီးပါးက တည်ထောင်ခဲ့တာတဲ့ သူတို့ရဲ့ ဘိုးဘေးဟာ အချစ်ကြောင့် နှလုံးသားကွဲကြေပြီး ချင်းချန်တောင်ကို တစ်ယောက်တည်း ရောက်လာပြီး ဒီဂိုဏ်းကို တည်ထောင်ခဲ့တာ။
မူလကတော့ သူမဟာ ဒီမှာအေးအေး ဆေးဆေး နေထိုင်ပြီး ကျင့်ကြံဖို့ပဲ ရည်ရွယ်ခဲ့တာပါ။
ဒါပေမဲ့ သူမချင်းချန်တောင်ကို ရောက်ပြီးတဲ့နောက် ကျင့်ကြံသူတွေက သူမရဲ့နာမည်ကို ကြားပြီး တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြရာကနေ အင်အားစုလေး တစ်ခု ဖြစ်လာခဲ့တာ။
နှစ်ပေါင်း ၃၀၀ ကြာတော့ သူမဟာ နတ်သက်ကြွေသွားခဲ့တယ်။ မသွားခင်မှာ ဒီနေရာကို သူမရဲ့ အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး သူမရဲ့ ကျင့်စဉ်တွေကို တပည့်တွေထံ လက်ဆင့်ကမ်းခဲ့တယ်။
ဒါပေမဲ့ သူမမှာ စည်းကမ်းတစ်ခု ရှိတယ် အဲ့ဒါကတော့ တပည့်တွေကို လက်ခံလို့ ရပေမဲ့ အမျိုးသားတပည့်ကိုတော့ လုံးဝ လက်မခံရဘူးဆိုတာပဲ။ ပြီးတော့ ဂိုဏ်းရဲ့ နာမည်ကိုလည်း ကျောက်စိမ်းကညာဂိုဏ်းလို့ ပြောင်းလဲလိုက်တယ်။
နှစ်ပေါင်း ၅၀၀ နီးပါး ဖွံ့ဖြိုးတိုးတက်လာပြီးတဲ့နောက်မှာတော့ ကျောက်စိမ်းကညာဂိုဏ်းဟာ အင်အားတောင့်တင်းလာပြီး အမျိုးသမီးတပည့်ပေါင်း များစွာကို မွေးထုတ်ပေးနိုင်ခဲ့တယ်။
မိစ္ဆာလမ်းစဉ်နဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာလည်း သူတို့ရဲ့ အစွမ်းကို ပြသနိုင်ခဲ့ကြတယ်။ တချို့က ကျောက်စိမ်းကညာဂိုဏ်းဟာ ဂိုဏ်းကြီး (၇) ဂိုဏ်းထဲမှာ ထိပ်တန်း သုံးခုထဲမှာ ပါတယ်လို့တောင် ပြောကြတယ်။
လင်ယုရှုက သူမ သိသလောက်ကို ရှောင်ချီအား အကျဉ်းချုံး ရှင်းပြလိုက်သည်။
မင်းလို မိန်းကလေးငယ်လေးက ငါတို့ ကျောက်စိမ်းကညာဂိုဏ်းအကြောင်းကို ဒီလောက်အထိ သိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကြည့်ရတာ မင်းမှာ ပါရမီရှိပုံပဲ ငါတို့ ကျောက်စိမ်းကညာဂိုဏ်းကို ဘာလို့ ဝင်မလာတာလဲ။
သို့သော် ရှောင်ချီ ပြန်မပြောနိုင်သေးမီမှာပင် တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချီနှင့်လင်ယုရှုက တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ လှပသော အမျိုးသမီးနှစ်ဦး တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ဝင်လာသည်ကို တွေ့လိုက်ရသည်။
သူတို့၏ အလှမှာ ရှောင်ချီ မြင်ဖူးသမျှ အလှပဆုံးသော သူများထဲတွင် ပါဝင်ပေလိမ့်မည်!
သူ၏ အစ်မကြီး လျိုချင်းအာ သို့မဟုတ် အစ်မလတ် မူဝမ်အာတို့သည် ထိပ်တန်း အလှပဂေးများ ဖြစ်ကြသော်လည်း ဤနှစ်ဦးနှင့် ယှဉ်လျှင် အနည်းငယ် အရောင်မှိန်သွားပုံရသည်။
သူတို့နှင့် ယှဉ်နိုင်မည့်သူမှာ သူ၏ ဆရာသခင် လင်ယွင် နှင့် သူ၏ အရွယ်ရောက်လာသော ညီမလေး လင်ယုရှုတို့သာ ရှိပေလိမ့်မည်။
သူတို့၏ အလှအပအပြင် အဆွဲဆောင်နိုင်ဆုံး အရာမှာ သူတို့၏ အရှိန်အဝါနှင့် စရိုက်ပင် ဖြစ်သည်။
သူတို့သည် လူအုပ်ကြားတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော ဘုရင်မများကဲ့သို့ပင်။ ထိုအဆင့်အတန်းမြင့်မားသော ခံစားချက်က လူတစ်ဦးကို အလိုလို လက်ညှိုးထိုးခံချင်စိတ် ပေါက်စေသည်။
သို့သော် သန်မာသူများအဖို့မူ ထိုကဲ့သို့သော မောက်မာမှုကို အောင်နိုင်လိုစိတ်သာ ဖြစ်ပေါ်လာပေလိမ့်မည်။
"ခင်ဗျားတို့က ကိစ္စတွေကို အပြတ်ရှင်းဖို့ ရောက်လာတာလား" ရှောင်ချီက ထိုနှစ်ဦးကို ကြည့်လိုက်သည်။ သူ သူတို့ကို မသိသော်လည်း သူတို့၏ အဆင့်အတန်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
"မှန်တယ် ဒီနေ့ သူတော်စင်မက ကိစ္စတွေကို အပြတ်ရှင်းဖို့ လာခဲ့တာမင်းက ငါ့ရဲ့ချင်းချန်တောင်မှာ အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေတာဟာ ကျောက်စိမ်းကညာဂိုဏ်းကို မလေးစားတာပဲ။
ဒီနေ့တော့ မင်းထက် တော်တဲ့သူ ရှိသေးတယ်ဆိုတာ မင်းကို ငါပြပေးမယ်!ကျောက်စိမ်းကညာဂိုဏ်း၏ သူတော်စင်မ ယုလင်လုံသည် ခါးကို ထောက်ကာ ရှောင်ချီကို အထက်စီးမှ ကြည့်ရင်း ပြတ်ပြတ်သားသား ပြောလိုက်တော့သည်။