အခန်း (၄၉) လွတ်လပ်ခွင့်ကို ပြန်လည်ရရှိခြင်း
"မင်္ဂလာရှိတဲ့ အချိန်အခါကို ရောက်ရှိလို့လာပါပြီ ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနားကို တရားဝင် စတင်လိုက်ပါတယ်" ဝိညာဉ်ဓားဂိုဏ်း၏ ကောင်းကင်ယံထက်တွင် မင်္ဂလာရှိသော အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ရောင်စုံတိမ်တိုက်များကလည်း တစ်ခုပြီးတစ်ခု တက်လှမ်းလာကြသည်။
ဝူသောက်ကျိ ဂိုဏ်းချုပ်ရာထူးကို ပြန်လည်ရယူသည့် ယနေ့ပွဲမှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ ပထမအကြိမ် ရာထူးတက်စဉ်ကထက်ပင် ပိုမိုကြီးကျယ်ခမ်းနားနေတော့သည်။
ဝူသောက်ကျိသည် ဂိုဏ်းချုပ်ပလ္လင်ပေါ်တွင် ထိုင်ကာ အောက်ကလူများကို ဘုရင်တစ်ပါးက သူ၏ လက်အောက်ခံများကို ကြည့်သကဲ့သို့ ငုံ့ကြည့်နေသည်။
"ဒီနေ့မှာ ငါဝူသောက်ကျိဟာ ဂိုဏ်းချုပ်ရာထူးကို ပြန်လည်ဆက်ခံလိုက်ပြီ။ ဝိညာဉ်ဓားဂိုဏ်းကို ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီ ဆောင်ကြဉ်းပေးမယ်လို့ ဒီနေရာကနေ သစ္စာဆိုပါတယ်"
ဝူသောက်ကျိသည် လူအုပ်ကြီးကို ကြည့်ကာ အားပါးတရ မိန့်ခွန်းခြွေနေတော့သည်။
ဒိုင်း... သို့သော် ဝူသောက်ကျိ၏ မိန့်ခွန်းမှာ အရှိန်တက်နေစဉ်မှာပင် တောင်နောက်ဘက်မှ ပြင်းထန်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထို့နောက် တစ်ဂိုဏ်းလုံး တုန်ခါသွားရလောက်အောင် ပြင်းထန်သော လှုပ်ခတ်မှုကြီး ဖြစ်ပေါ်လာတော့သည်!
"ဘာဖြစ်တာလဲ" အကြီးအကဲတစ်ဦးက တောင်နောက်ဘက် အခြေအနေကို လှမ်းကြည့်ကာ ကင်းလှည့်နေသော တပည့်များကို မေးလိုက်သည်။
"ကျွန်တော်တို့လည်း မသိသေးပါဘူး။ အခုချက်ချင်း သွားစစ်ဆေးလိုက်ပါ့မယ်" ကင်းလှည့်တပည့် အချို့ကတောင်နောက်ဘက်သို့ အသည်းအသန် ပြေးသွားကြသည်။
ဒိုင်း... ဒိုင်း... ဒိုင်း... သူတို့ သိပ်မဝေးသေးခင်မှာပင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ တောင်နောက်ဘက်ရှိ တောင်ကုန်းငယ်တစ်ခုမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး ပြင်းထန်လှသော မိုးကြိုးစွမ်းအားများမှာ ဆယ်မိုင်ပတ်လည်အတွင်း ဖုံးလွှမ်းသွားတော့သည်။
တောက်ပလှသော လျှပ်စီးများကြောင့် ထိုဒေသတစ်ခုလုံး လင်းထိန်သွားရသည်။ ကောင်းကင်က နေမင်းပင်လျှင် မှေးမှိန်သွားသလို ခံစားရသည်။
ခမ်းမကြီးနှင့် ကွင်းပြင်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ထိုဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများ ဖြစ်သွားကြသည်။
"ဒါ ဘာတွေ ဖြစ်နေတာလဲ ဟိုဘက်က မိုးကြိုးရေကန်ရှိတဲ့ဘက် မဟုတ်လား"
တောင်ထိပ်သခင်တစ်ဦးမှာ လေထဲသို့ ပျံတက်ကာ ထိုစွမ်းအားများကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဖြောက်... လူတွေ သွားရောက် မစစ်ဆေးရသေးခင်မှာပင် လျှပ်စီးတန်းတစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ခမ်းမကြီး၏ အပေါ်တည့်တည့်သို့ ရောက်ရှိလာတော့သည်။
အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ခန့်ညားသော ရုပ်ရည်ရှိသည့် ရှောင်ချီသည် အောက်က တပည့်ထောင်ပေါင်းများစွာနှင့် ခမ်းမအတွင်း ခန့်ညားစွာ ထိုင်နေသော ဝူသောက်ကျိ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသော တောင်ထိပ်သခင်များကို တည်ငြိမ်စွာ ငုံ့ကြည့်လိုက်သည်။
ဟိုဟာ အရင်ကနတ်ဘုရားသားတော် ရှောင်ချီမဟုတ်လား သူ မိုးကြိုးရေကန်မှာ အကျဉ်းကျနေတာလို့ ကြားတယ်လေ။ အခု ဘယ်လိုလုပ် အပြင်ရောက်နေတာလဲ သူ ပြစ်ဒဏ်ကာလ ပြည့်သွားပြီလား။
အောက်က အကြီးအကဲများနှင့် တပည့်များမှာ လေထဲတွင် ရပ်နေသော ရှောင်ချီကို လက်ညှိုးထိုးကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြတော့သည်။
ရှောင်ချီ... မင်းက ပြစ်ဒဏ်ကျခံနေရတဲ့ လူတစ်ယောက်ပဲ မဟာအကြီးအကဲက သနားလို့ မင်းကို တောင်နောက်ဘက် မိုးကြိုးရေကန်မှာ (၁၃) နှစ်ပဲ ပြစ်ဒဏ်ပေးထားတာ။ အခု မင်းရဲ့ ပြစ်ဒဏ်ကာလ မပြည့်သေးဘူး။ ဘာလို့ ဒီကို ရောက်လာတာလဲ။
ခမ်းမအတွင်းမှ ရွှေရောင်အလင်းတန်းများဖြင့် ဝူသောက်ကျိက တစ်လှမ်းချင်း လျှောက်ထွက်လာသည်။ လေထဲက မိုးကြိုးစွမ်းအားတွေ ဝန်းရံနေသည့် ရှောင်ချီကို ကြည့်ကာ အေးစက်သော အသံဖြင့် မေးလိုက်သည်။
"အဲ့ဒီတုန်းက မဟာအကြီးအကဲ ပြောခဲ့တာက မိုးကြိုးရေကန်မှာ ပြစ်ဒဏ်ခံဖို့ပါ။ အခု မိုးကြိုးရေကန်က ရေတွေက ခမ်းခြောက်သွားပြီ။ အဲ့ဒီမှာ ဆက်နေဖို့ အဓိပ္ပာယ် မရှိတော့ဘူး။ ဒါဟာ ဂိုဏ်းရဲ့ ဥပဒေကို ချိုးဖောက်တာ မဟုတ်ပါဘူး။
ရှောင်ချီသည် ပခုံးပေါ်မှာ ဆံနွယ်ရှည်များ ဝဲကျနေပြီး နဖူးထက်မှာ မိုးကြိုးတံဆိပ်တစ်ခုနှင့်အတူ အပေါ်ယံမှ ဖြည်းည်းချင်း ဆင်းသက်လာသည်။ သူက ဝူသောက်ကျိကို ကြည့်ကာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
နောက်တစ်ခဏမှာပင် ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ အပြာရောင်ဝတ်စုံနှင့် မိန်းကလေးငယ်လေး (လင်ယုရှု) သည် ရှောင်ချီ၏ ဘေးနားမှာ ပေါ်လာသည်။ သူမက ပြုံးပျော်နေပြီး ရှောင်ချီ၏လက်ကို ချိတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် စီနီယာအစ်ကို အစ်ကိုက တကယ်တော်တာပဲ ဗုန်းခနဲဆိုပြီး ထွက်လာတာ။
ဝူသောက်ကျိ မျက်မှောင်ကြုတ်သွားသည်။ ရှောင်ချီ၏ ရှင်းပြချက်ကို သူ အမှန်တကယ် မငြင်းနိုင်ပေ။
အမှန်တကယ်ပင် မဟာအကြီးအကဲက ရှောင်ချီကို မိုးကြိုးရေကန်ထဲမှာပဲ နေခိုင်းခဲ့တာ ဖြစ်သည်။
အကယ်၍ ရှောင်ချီပြောသလို မိုးကြိုးရေကန်က တကယ် ခမ်းခြောက်သွားပြီဆိုလျှင် ပြစ်ဒဏ်ပေးရမည့် အကြောင်းရင်းမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"တတိယ အကြီးအကဲနဲ့ ပဉ္စမ အကြီးအကဲ... မင်းတို့ တောင်နောက်ဘက်ကို သွားကြည့်ကြစမ်း။ မိုးကြိုးရေကန်က တကယ်ပဲ ခမ်းခြောက်သွားတာလားဆိုတာ စစ်ဆေးပါ။ ပြီးတော့ မဟာအကြီးအကဲရဲ့ သဘောထားကိုလည်း မေးမြန်းခဲ့ပါဦး"
ဝူသောက်ကျိ၏ အကျင့်ဟောင်းက ပြန်ပေါ်လာပြန်ပြီ။ သူသည် ဤကိစ္စကို ကိုယ်တိုင် မဆုံးဖြတ်ရဲဘဲ မဟာအကြီးအကဲ၏ သဘောထားကို အရင်တောင်းခံခြင်း ဖြစ်သည်။
ဒါဟာ သူ၏အားနည်းချက်ပင် နတ်ဆရာ လင်းယွီသာဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို ကိုယ်တိုင် ဆုံးဖြတ်လိမ့်မည်။ အကယ်၍ မဟာအကြီးအကဲ မကျေနပ်လျှင် ဂိုဏ်းချုပ်ရာထူးက ဆင်းပေးဖို့ပင် ဝန်လေးသူ မဟုတ်ပေ။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" အကြီးအကဲနှစ်ဦးမှာ တောင်နောက်ဘက်သို့ အမြန် ပျံသန်းသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ခမ်းမရှေ့ရှိ လူများစွာက ရှောင်ချီကို စိုက်ကြည့်နေကြသည်။ ထိုအကြည့်များထဲတွင် အားကျမှု၊ ကြောက်ရွံ့မှု၊ ရွံရှာမှုနှင့် မုန်းတီးမှုများ ရောပြွမ်းနေသည်။
ဆယ်နှစ်တာကာလ... ဆယ်နှစ်ဆိုသည်မှာ အရာအားလုံး ပြောင်းလဲသွားနိုင်သော အချိန်ပင်။ အရင်က တပည့်ဟောင်း အများအပြားမှာ ဂိုဏ်းကနေ ထွက်ခွာသွားကြပြီ ဖြစ်သလို တပည့်သစ် အများအပြားလည်း ရောက်ရှိလာကြသည်။
ရှောင်ချီဆိုသည်မှာ သူတို့အတွက် ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့ပြီ။ အခုလိုမျိုး အခြေအနေမှာ သူ ပြန်ပေါ်လာလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။
ဂိုဏ်းချုပ်သည် ရှောင်ချီ ရှိနေခြင်းက ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်သဖြင့် သူ့ကို ခမ်းမထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားလိုက်သည်။
ရှောင်ချီ ခမ်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူတိုင်း၏ အကြည့်များမှာ စက်ပစ္စည်းတစ်ခုလို သူ၏ခန္ဓာကိုယ်ကို အနုစိတ် စစ်ဆေးနေကြတော့သည်။
ထိုအကြည့်များထဲတွင် အလွန်ထင်ရှားသော အကြည့်အချို့လည်း ပါဝင်သည်။ ထိုသူများမှာ သူတို့၏ ခံစားချက်ကို မဖုံးကွယ်ဘဲ ရှောင်ချီကို အလွန်အမင်း ရွံရှာသော အကြည့်များဖြင့် ကြည့်နေကြသည်။
လင်းကျောင်လန်သည်လည်း ခမ်းမထဲတွင် ရှိနေသည်။ သူမက ရှောင်ချီကို ကြည့်ကာ သွားကို တင်းတင်းကြိတ်ထားပြီး ဘာမှ မပြောသော်လည်း သူမ၏ အကြည့်မှာ ရှောင်ချီကို သတ်ပစ်ချင်နေသကဲ့သို့ ရှိနေသည်။
ထောင့်တစ်နေရာတွင်မူ မူဝမ်အာသည်လည်း ရှောင်ချီကို အလွန်အမင်း ရွံရှာစွာ ကြည့်နေသည်။
ဘာကြောင့် သူမက ဒီလို နိမ့်ကျတဲ့ အခြေအနေမှာ နေနေရပြီး ရှောင်ချီနဲ့ ဟို ရွှေယွမ်ကတော့ လူအများကြားမှာ ဒီလောက်အထိ အေးအေးဆေးဆေးနဲ့ ပေါ်ပေါ်ထင်ထင် ရှိနေရတာလဲ။
"ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ တောင်နောက်ဘက်က မိုးကြိုးရေကန်က တကယ်ပဲ ခမ်းခြောက်သွားပါပြီ။ ရေကန်ရှိတဲ့ ဂူလည်း ပျက်စီးသွားပါပြီ" မကြာမီမှာပင် တတိယအကြီးအကဲ ပြန်ရောက်လာပြီး စိုးရိမ်တကြီး တင်ပြလိုက်သည်။
၎င်းကို ကြားလိုက်ရသောအခါ ဝူသောက်ကျိ၏ မျက်နှာ ပျက်သွားသည်။ ဤမိုးကြိုးရေကန်မှာ ဂိုဏ်း၏ သမိုင်းဝင် နေရာတစ်ခု ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ဒီအတိုင်း ခမ်းခြောက်သွားရတာလဲ။
ဝူသောက်ကျိက ရှောင်ချီကို စစ်ဆေးမေးမြန်းဖို့ ပြင်စဉ်မှာပင် ပဉ္စမအကြီးအကဲလည်း ပြန်ရောက်လာသည်။ သူက နဖူးက ချွေးတွေကို သုတ်ကာ ဝူသောက်ကျိကို တင်ပြလိုက်သည် "ဂိုဏ်းချုပ်... မဟာအကြီးအကဲက ဒီကိစ္စကို သိပြီးသားလို့ မိန့်ပါတယ်။ ပြီးတော့ ရှောင်ချီရဲ့ ဘေးဒုက္ခကာလဟာ ကုန်ဆုံးသွားပြီ ဖြစ်သလို ဒီနေ့ လွတ်လပ်ခွင့် ရတာဟာ ကောင်းကင်ဘုံရဲ့ အလိုတော်အတိုင်းပဲလို့ ဆိုပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ ရှောင်ချီကို အခက်အခဲ မလုပ်ဖို့လည်း မှာကြားလိုက်ပါတယ်။
ထိုစကားကို ကြားရသောအခါ ဝူသောက်ကျိ၏တင်းထားသော လက်သီးမှာ အသာအယာ ပြေလျော့သွားသည်။ ဂိုဏ်းချုပ်ရာထူးကို အခုမှ ပြန်ရကာစ ဖြစ်သဖြင့် မဟာအကြီးအကဲနှင့် ထိပ်တိုက် မတွေ့ချင်ပေ။
"အဲ့လိုဆိုရင်လည်း မင်းအတွက် နေရာတစ်ခုမှာ သွားထိုင်လိုက်ဦး။ ဒီနေ့က ငါ့ရဲ့ ဂိုဏ်းချုပ်ရာထူး ပြန်လည်ဆက်ခံတဲ့ မင်္ဂလာပွဲပဲ။ မင်းရဲ့ ကိစ္စကိုတော့ နောက်မှ ငါဆုံးဖြတ်မယ်" ဝူသောက်ကျိက ရှောင်ချီကို မောက်မာစွာ ပြောလိုက်ပြီး သူ၏ ပလ္လင်ပေါ်သို့ ပြန်တက်သွားသည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများမှာ ပိုမို တောက်ပလာတော့သည်။
ဂိုဏ်းချုပ်၏ ဘေးနားရှိ အဖြူရောင် ထိုင်ခုံပေါ်တွင် ထိုင်နေသော နတ်သမီး လင်ယွင်သည်လည်း ဤအချိန်တွင် မတ်တပ်ရပ်လိုက်သည်။ သူမက ရှောင်ချီနှင့် လင်ယုရှုတို့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချီအာ... မြန်မြန်လာပြီး ဆရာမ ဘေးမှာ ထိုင်ပါဦး လွတ်လပ်ခွင့် ရသွားတဲ့အတွက် ဝမ်းသာပါတယ်။ အခမ်းအနား ပြီးသွားရင် ခရမ်းရောင်တိမ်တိုက်တောင်ကို ပြန်ပြောင်းလာခဲ့နော်။
ဆရာမကမင်းအတွက်ကျင့်ကြံမယ့်ဂူကိုပြင်ဆင်ထားပြီးသားပါယနေ့တွင်နတ်သမီးလင်ယွန်းမှာခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးအလွန်ပင်လှပတင့်တယ်နေသည်။သူမကရှောင်ချီကိုပြုံးကာဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။