အခန်း (၄၆) ဆယ်နှစ်တာ ကာလ
လင်းကျောင်လန်သည် ယဲ့ဖန်၏ အဓိပ္ပာယ်မရှိသော စကားများကို သဘာဝကျကျပင် မယုံကြည်သော်လည်း ယခုအခါ သူမနှင့် ယဲ့ဖန်၏ အဆင့်အတန်းမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ဖခင်မှာ ဂိုဏ်းချုပ် မဟုတ်တော့ဘဲ တောင်နောက်ဘက်တွင် အကျဉ်းကျနေဆဲ ဖြစ်သလို သူမ၏ ကျင့်ကြံဆင့်မှာလည်း ယဲ့ဖန်၏ကျော်တက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ယခုအခါ ယဲ့ဖန်သည် သူမကို အားကိုးရန် မလိုတော့ပေ။ သူ သူမအနားမှာ ရှိနေပေးခြင်းမှာ အတိတ်က သံယောဇဉ်ကြောင့်သာ ဖြစ်တော့သည်။
လင်းကျောင်လန်သည် ရေနစ်နေသူတစ်ယောက် မြက်ပင်ကို ဆွဲကိုင်ထားသကဲ့သို့ ယဲ့ဖန်ကို အလွတ်မပေးဘဲ ဆုပ်ကိုင်ထားပြီး သူ၏ စိတ်ကူးပေါက်ရာ မှားယွင်းမှုများကိုလည်း တဖြည်းဖြည်း လျစ်လျူရှု ခွင့်လွှတ်ပေးလာတော့သည်။
"ဖန်လောင်.. တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့နော်။ ကျွန်မ ဂိုဏ်းမှာ ရှင့်ကို စောင့်နေပါ့မယ်" ဝိညာဉ်ဓားဂိုဏ်း၏ တံခါးဝတွင် လင်းကျောင်လန်သည် ယဲ့ဖန်၏ လက်ကို ဆွဲထားကာ အလွန် လွမ်းဆွတ်တသစွာဖြင့် ပြောလိုက်သည်။
စိတ်မပူပါနဲ့ လန်အာ။ ငါခရီးက ပြန်လာတဲ့အခါ ငါ့ရဲ့ကျင့်ကြံအဆင့်က အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ။ အဲ့ဒီအချိန်ကျရင် ငါ ဂိုဏ်းချုပ် ရာထူးအတွက် ယှဉ်ပြိုင်ပြီး မင်းရဲ့ အဖေကို ကယ်ထုတ်ပေးမယ်။
ယခုအချိန်တွင် ယဲ့ဖန်သည် အရင်ကနှင့်မတူဘဲ အလွန်အမင်း မောက်မာနေတော့သည်။ သူ တစ်ခုခု လုပ်ချင်ပြီဆိုလျှင် ဘာမဆို ဖြစ်မြောက်နိုင်သည်ဟု သူခံစားနေရသည်။
သာမန်လူတွေအတွက် လက်လှမ်းမမီနိုင်သော ဂိုဏ်းချုပ် ရာထူးသည်ပင် သူ့အတွက်တော့ အိတ်ကပ်ထဲက ပစ္စည်းကို နှိုက်ယူသကဲ့သို့ လွယ်ကူနေတော့သည်။
သူသည် လက်ရှိ ဂိုဏ်းချုပ်ဖြစ်သူ လင်းယွီကိုပင် လေးစားမှု မရှိတော့ပေ။ အရင်က နတ်ဘုရားသားတော်ဖြစ်ခဲ့သည့် ရှောင်ချီပင်လျှင် သူ၏ ခြေဖဝါးအောက်မှာ နင်းခြေခံခဲ့ရသည် မဟုတ်ပါလား ရှောင်ချီသည် အခုထိ တောင်နောက်ဘက် မိုးကြိုးရေကန်မှာ အကျဉ်းကျနေဆဲဖြစ်ပြီး ၎င်းမှာ ယဲ့ဖန်ကို စော်ကားခဲ့သည့် တန်ဖိုးပင်ဖြစ်သည်။
လင်းကျောင်လန်သည် လိမ္မာစွာ ခေါင်းညိတ်ပြပြီး ယဲ့ဖန် ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်ကို လွမ်းလွမ်းဆွတ်ဆွတ် ကြည့်နေတော့သည်။
ထောင့်တစ်နေရာတွင်လည်း မူဝမ်အာသည် ထိုပုံရိပ် ထွက်ခွာသွားသည်ကို နှမြောတသစွာဖြင့် ကြည့်နေခဲ့သည်။
သို့သော် နှမြောတသမှုထက် သူမ ယခု ပိုခံစားနေရသည်မှာ ကြောက်ရွံ့တုန်လှုပ်မှုပင်။ ဝိညာဉ်ဓားဂိုဏ်းထဲတွင် သူမ၏ ဂုဏ်သတင်းမှာ ရေမြောင်းထဲ ရောက်လုနီးပါး ဖြစ်နေပြီ။
ယဲ့ဖန်နှင့် သူမတို့၏ ဖောက်ပြန်မှုကို လင်းကျောင်လန် သိသွားကတည်းက သူမကို ဂိုဏ်းအနှံ့မှာ တခြားလူတွေရဲ့ ပတ်သက်မှုကို ကြားဖြတ်နှောင့်ယှက်တဲ့ အရှက်မရှိတဲ့မိန်းမ ဟု လိုက်လံ သတင်းလွှင့် စော်ကားခဲ့သည်။
ယခုဆိုလျှင် ယဲ့ဖန်နှင့် သူမ၏ ကိစ္စကို သူမ၏ ဆရာမ (နတ်သမီး လင်ယွင်) ပင် သိသွားခဲ့ပြီ ဖြစ်သည်။ သူမအတွက် ဂိုဏ်းထဲမှာ နေစရာ နေရာ ရှိတော့မည် မဟုတ်ပေ။ မူလက သူမသည် ယဲ့ဖန်နှင့်အတူ တောင်အောက်သို့ လိုက်သွားချင်ခဲ့သည်။
ဒါပေမဲ့ ယဲ့ဖန် တောင်အောက်ဆင်းရခြင်း၏ အဓိက ရည်ရွယ်ချက်က ဘာလဲ အသစ်အသစ်သော မိန်းကလေးတွေကို လိုက်လံ ငမ်းဖို့ပဲဖြစ်သည်။
သူ့ရဲ့ လုပ်ငန်းစဉ်တွေကို လာနှောင့်ယှက်မည့် တခြားမိန်းမတစ်ယောက်ကို သူ ဘယ်လိုလုပ် ခေါ်သွားပါ့မလဲ။
မူဝမ်အာသည် သူမလည်း တောင်အောက်ဆင်းပြီး ခရီးထွက်ရမလားဟု စဉ်းစားနေစဉ်မှာပင် သူမ၏ နောက်ကွယ်မှ ဂိုဏ်းတပည့် တစ်ဒါဇင်ခန့်က ဝိုင်းထားလိုက်ကြပြီ ဖြစ်သည်။
"ဖန်လောင်း ထွက်သွားပြီဆိုတော့... အခုက နင့်လို မိန်းမယုတ်ကို ငါ သေသေချာချာ ဆုံးမရမယ့် အချိန်ပဲ"
စောစောက ဂိုဏ်းတံခါးဝတွင် မျက်ရည်စမ်းစမ်း ဖြစ်နေသည့် လင်းကျောင်လန်သည် မူဝမ်အာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ သူမသည် လက်ကို သုတ်လိုက်ပြီး မူဝမ်အာကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
"လန်အာ... ယဲ့ဖန်က ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ဇာတ်လိုက် ကောင်းကင်ကိုးထပ်ကကြယ်တစ်ပွင့်ပဲ သူ့ဘေးမှာ မိန်းမတွေ အများကြီးရှိသင့်တယ် နင်က သူ့ကို တစ်ယောက်တည်း သိမ်းပိုက်ထားဖို့ မကြိုးစားသင့်ဘူး။
ပြီးတော့ သူဟာ နောင်ကျရင်လည်း အထီးကျန်မှုမှာ ကျေနပ်နေမယ့်သူ မဟုတ်ဘူး ပိုပြီးထူးချွန်တဲ့ အမျိုးသမီးတွေ သူ့ဘေးမှာ ပေါ်လာဦးမှာ။
အဲ့ဒီအချိန်ကျရင် နင်ပဲ ဒုက္ခရောက်လိမ့်မယ်။ ငါတို့နှစ်ယောက် ပူးပေါင်းပြီး ယဲ့ဖန်ရဲ့ နှလုံးသားကို အတူတူ ဖမ်းစားကြရင် မကောင်းဘူးလား။
ခက်ထန်နေသော လူတစ်ဒါဇင်နှင့် လင်းကျောင်လန်၏ယုတ်မာသော အပြုံးကို မြင်လိုက်ရသောအခါ မူဝမ်အာသည် လုံးဝ ထိတ်လန့်သွားတော့သည်။
သူမ ရှေ့သို့ ရှေးဦးသားရဲကြီးတစ်ကောင် တဖြည်းဖြည်း တိုးကပ်လာသလို သူမ ခံစားနေရသည်။
နင်ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ငါသိတာပေါ့ ဒါပေမဲ့ ဖန်လောင်းရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့နေရာက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ပြီးတော့ နင်လို မိန်းမယုတ်နဲ့ ပူးပေါင်းဖို့လည်း ငါလုံးဝ မလိုဘူး။
လင်းကျောင်လန်၏ အကြည့်မှာ ပလ္လင်ပေါ်က ဘုရင်မတစ်ဦးကဲ့သို့ အေးစက်လှပြီး မြေပြင်ပေါ်မှာ လဲကျနေသည့် မူဝမ်အာကို မောက်မာစွာ ငုံ့ကြည့်လိုက်သည်။
"သူ့ကို အရင် ဝိုင်းရိုက်ကြစမ်း ပြီးရင် ဓားရေကန် ထဲကို ပစ်ချလိုက်" လင်းကျောင်လန်က ထိုလူသန်ကြီးတွေကို အမိန့်ပေးလိုက်သည်။
ဤလူများမှာ သူမ၏ ဖခင် ဂိုဏ်းချုပ် ဖြစ်စဉ်ကတည်းက ယုံကြည်ရသည့် လက်ရုံးများ ဖြစ်ကြသည်။ သူမ၏ ဖခင် အကျဉ်းကျနေစဉ်အတွင်း ဤလူများသည် သူမ၏ အမိန့်အောက်မှာ ရှိနေကြခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး" ခေါင်းဆောင်ဖြစ်သူက ခေါင်းညိတ်ပြလိုက်ပြီး အချက်ပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် လူနှစ်ယောက်က မူဝမ်အာ၏ လက်နှင့်ခြေထောက်တွေကို တုတ်နှောင်လိုက်ပြီး ဝက်တစ်ကောင်ကို ထမ်းသလိုမျိုး ကျောပေါ်မှာ ထမ်းလိုက်ကြတော့သည်။
"လင်းကျောင်လန်... နင် ဒီလို မလုပ်နိုင်ဘူး။ ယဲ့ဖန် ပြန်လာတဲ့အခါ နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး" မူဝမ်အာသည် ထုပ်ပိုးခံထားရသည့် ဝက်တစ်ကောင်လို ထိုလူ၏ ကျောပေါ်မှာ အသည်းအသန် အော်ဟစ်နေတော့သည်။
သူမကြည့်ရသည်မှာ လယ်တောထဲတွင် နှစ်သစ်ကူးအတွက် အသတ်ခံရတော့မည့် သနားစဖွယ် ဝက်တစ်ကောင်နှင့် တကယ်တူလှသည်။
"နင်က ကိုယ့်ကိုယ်ကိုယ် အရေးပါလှပြီလို့ ထင်နေတာလား ယဲ့ဖန်က နင့်ကို ဂရုစိုက်တယ်လို့ ထင်နေတာလား နင်က သူ့မျက်လုံးထဲမှာ ကစားစရာတစ်ခုသက်သက်ပဲ။ အခု ယဲ့ဖန် မရှိတော့ဘူးဆိုတော့ နင့်ကို ကစားစရာတစ်ခုလို ဆက်ဆံရမယ့် အလှည့်ကငါ့အလှည့်ပဲ"
လင်းကျောင်လန်သည် ရုန်းကန်ပြီး အော်ဟစ်နေသည့် မူဝမ်အာကို လှောင်ပြုံးဖြင့်သာ ကြည့်နေလိုက်သည်။
အခြား တောင်ထိပ်တစ်ခုပေါ်တွင် နတ်သမီး လင်ယွင်သည် ဤမြင်ကွင်းကို အေးစက်စွာ စောင့်ကြည့်နေသည်။ သူမ၏ အကြည့်မှာ လင်းကျောင်လန်ထက်ပင် ပိုမို အေးစက်နေတော့သည် "ဟွန်း... လင်းကျောင်လန်က ငါ့ထက် အရင် လက်ဦးသွားတာပဲ"
ယဲ့ဖန် ထွက်သွားပြီးနောက် မူဝမ်အာသည် နေ့တိုင်းလိုလို အနှိပ်စက် ခံနေရတော့သည်။ မတတ်နိုင်ပေ၊ သူမမှာ ရန်သူတွေ များလွန်းလှသည် သို့မဟုတ် ယဲ့ဖန်တွင် ရှုပ်ထွေးလှသော မိန်းမကိစ္စတွေ များလွန်းလှသည်။
သူတို့သည် ယဲ့ဖန်ကို ဒေါသ မပုံရဲကြသဖြင့် အဆင့်အတန်းနှင့် ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော မူဝမ်အာကိုသာ မဲပြီး ဒေါသပုံချနေကြခြင်း ဖြစ်သည်။ ထိုသူများထဲတွင် လင်းကျောင်လန်နှင့် နတ်သမီး လင်ယွင်တို့က သူမအပေါ် အပြင်းထန်ဆုံး နှိပ်စက်ကြသူများ ဖြစ်သည်။
ဆရာဖြစ်သူ နတ်သမီး လင်ယွင်အနေဖြင့် မိမိတပည့်အရင်း၏ သစ္စာဖောက်မှုကို ခံခဲ့ရသဖြင့် သူမ၏ ရင်ထဲက အမုန်းတရားမှာ ပင်လယ်လှိုင်းလုံးကြီးတွေထက်ပင် ပိုမို ပြင်းထန်လှမည်မှာ မလွဲပေ။
နတ်သမီး လင်ယွင်ကိုယ်တိုင်ကလည်း သူတော်စင်တစ်ယောက် မဟုတ်ပေ။ ထိုသို့သာ မဟုတ်လျှင် ရှောင်ချီသည် သူမလက်ထဲမှာ ဒီလောက်အထိ နှိပ်စက်ခံရမှာ မဟုတ်ဘူး။
ဒီရက်ပိုင်းအတွင်း သူမ လက်မလှုပ်ရှားခဲ့ခြင်းမှာ ယဲ့ဖန်၏ လက်ထဲက သက်သေပုံရိပ်တွေကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။ အခု ယဲ့ဖန် မရှိတော့သဖြင့် သူမ၏ အစွယ်တွေကို ထုတ်ပြလိုက်ပြီ ဖြစ်သည်။
ဒါတွေ အကုန်လုံးက ယဲ့ဖန်နှင့် ဘာမှ မဆိုင်တော့ပေ။ သူသည် တိုက်ကြီးအနှံ့ တစ်ယောက်တည်း လှည့်လည်သွားလာရင်း အလှအပအသစ်တွေနှင့် တွေ့ဆုံကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေတော့သည်။
အတိုချုပ်ပြောရလျှင် သူက အပြင်မှာ ပျော်ပါးနေစဉ်မှာပင် ဂိုဏ်းအတွင်းက အမျိုးသမီးများမှာ သူနှင့် ပတ်သက်ပြီး အသေအလဲ တိုက်ခိုက်နေကြရသည်။ အင်အားကြီး မိသားစုအချို့ပင်လျှင် ယဲ့ဖန်ကို ရှာဖွေရန် ဝိညာဉ်ဓားဂိုဏ်းသို့ ရောက်ရှိလာကြသည်။
မိုးကြိုးရေကန်ထဲမှာ ကျင့်ကြံနေခြင်းအပြင် ရှောင်ချီ နေ့တိုင်း အမျှော်လင့်ဆုံး အရာမှာ သူ၏ ဂျူနီယာညီမလေး (လင်ယုရှု) ယူဆောင်လာပေးသည့် ထမင်းချိုင့်ပင် ဖြစ်သည်။
သူမကို အမြဲတမ်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး မိုးကြိုးရေကန်ကို လာမတွေ့ဖို့ ပြောလေ့ရှိသော်လည်း ဤနေရာမှာ တကယ်ကို အထီးကျန်လွန်းလှသည်။ သူ၏ တစ်ဦးတည်းသော အဖော်မှာ လရောင်နှင့် ရံဖန်ရံခါ ပေါ်လာတတ်သော သားရဲလေးများသာ ဖြစ်သည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ငါးနှစ်တာ ကာလကုန်ဆုံးသွားခဲ့ပြန်ပြီ (စုစုပေါင်း ၁၀ နှစ်)
ဝိညာဉ်ကျောက်တုံးများစွာနှင့် မိုးကြိုးရေကန်၏ ခန္ဓာကိုယ်ကို သန့်စင်ပေးသည့် အာနိသင်ကြောင့် ရှောင်ချီ၏ အစွမ်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ဖြောက်... ဖြောက်... အဆုံးမဲ့သော မိုးကြိုးရေကန်အတွင်းမှာ ရှောင်ချီသည် ဖြည်းည်းစွာ မျက်လုံးကို ဖွင့်လိုက်သည်။
လျှံထွက်နေသော မိုးကြိုးစွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်သည်။
မကြာမီမှာပင် မိုးကြိုးရေကန်အတွင်းရှိ လျှပ်စီးစွမ်းအား အားလုံးမှာ ရှောင်ချီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူ၏ခန္ဓာကိုယ်မှ တောက်ပသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဂူတစ်ခုလုံးကို လင်းထိန်သွားစေသည်။
ဆယ်နှစ်တာ ကာလအတွင်း သူ၏ ကျင့်ကြံဆင့်မှာ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့ပြီး သူသည် မိုးကြိုးစွမ်းအားကို စုပ်ယူနိုင်သည့် ကျင့်စဉ်တစ်ခုကိုလည်း တီထွင်နိုင်ခဲ့သည်။ ယခုအခါ ဤမိုးကြိုးရေကန်အတွင်းရှိ လျှပ်စီးများ အားလုံးမှာ သူ၏အပိုင်ဖြစ်သွားပြီး သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ရှောင်ချီက လက်ဖဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ လက်ဖဝါးအရွယ် မိုးကြိုးနဂါးလေးတစ်ကောင်သည် သူ၏ လက်ချောင်းများကြားတွင် အသက်ဝင်စွာ လှည့်ပတ်ကူးခတ်နေတော့သည်။
ဆယ်နှစ်အတွင်းမှာ ရှောင်ချီက ဒီမိုးကြိုးရေကန်ထဲက စွမ်းအားတွေ အကုန်လုံးကို စုပ်ယူနိုင်ခဲ့ပြီ။ ဒီမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး။
သူ၏ ခန္ဓာကိုယ်ပေါ်က ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားကို ခံစားရင်း ရှောင်ချီသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ တဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာတော့သည်။